နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်တွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ (ဗဟို)နာယကနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ နာဂမျိုးနွယ်စုတိုင်းရင်းသားရိုးရာအကအဖွဲ့များ၊ နာဂတိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင်-
- မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ မတူကွဲပြားကြသော်လည်း တိုင်းရင်းသားလူမျိုးများအားလုံး မိသားစုစိတ်ဓာတ်မွေးမြူပြီး တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားကာ လေးစားမှုဖြင့် အတူတကွ နေထိုင်ခဲ့ကြကြောင်း။
- နာဂလူမျိုးဆိုသည်မှာလည်း နာဂတိုင်းရင်းသားတို့၏ မျိုးနွယ်စုတစ်ခုချင်းစီတို့၏ လူမျိုး၊ ဇာတိ၊ ဘာသာ အယူဝါဒ၊ ယုံကြည်ကိုးကွယ်မှုတို့နှင့်မသက်ဆိုင်ဘဲ အားလုံးသော နာဂမျိုးနွယ်များ၊ မျိုးနွယ်စုများ၊ မိသားစုအနွယ်တူများအားလုံးကို ပေါင်းစည်း ဆိုလိုခြင်းပင်ဖြစ်ကြောင်း။
- နာဂတိုင်းရင်းသားများနှင့် အနယ်နယ်အရပ်ရပ်ရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်သွား ကြရမည်ဖြစ်ကြောင်း။
- အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူများဖြစ် သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉) ရပ် တို့ကိုချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးရေးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
- ပြည်ထောင်စုကြီးတစ်ခုလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန်အတွက်ဆိုပါက နိုင်ငံတော်တစ်ဝှမ်းလုံး တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းပြီးဖြစ်သည့် နာဂဒေသကို ယခုထက် ပိုမိုတည်ငြိမ်အေးချမ်းအောင် နာဂဒေသ တွင်ရှိသည့် တိုင်းရင်းသားအားလုံး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သည့် ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွက် ကျပ် ၅ ဘီလီယံ မတည်ထောက်ပံ့ပေးမှုများအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရှိရှိ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း။
- မိမိတို့အစိုးရအဖွဲ့အနေဖြင့် နာဂဒေသ၏ လမ်းပန်းဆက်သွယ်ရေးအပါအဝင် ကဏ္ဍအားလုံးကို ယခုထက် ပိုမိုမြှင့်တင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် နာဂတိုင်းရင်းသားများ၏ ပညာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်မှုကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများ အချိုးညီညီ ဖွံ့ဖြိုးတိုးတက်နိုင်စေရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးပေါင်ခုက နှစ်သစ်ကူးအမှတ်တရလက်ဆောင်ကို ဂါရဝပြုပေးအပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပစ္စည်းများ၊ စိုက်ပျိုးရေးအထောက်အကူပြုပစ္စည်းများ၊ အားကစားပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီ(ဗဟို)နာယက ဦးမောင်ဉာဏ်နှင့် အဖွဲ့ဝင်များက အသီးသီးလက်ခံရယူခဲ့ကြပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နာဂရိုးရာနှစ်သစ်ကူးပွဲတော်အတွက် ထောက်ပံ့ငွေကျပ်သိန်းတစ်ထောင်ကို ပေးအပ်ရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နာဂတိုင်းရင်းသူ၊ တိုင်းရင်းသားများ၏ တိုင်းရင်းသားအက၊ သီချင်းစသည်တို့ဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ နာဂရိုးရာတိုင်းရင်းသားအကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်၍ နာဂရိုးရာပြခန်းများအတွင်း လှည့်လည်ကြည့်ရှုပြီးနောက် ညပိုင်းတွင် နာဂရိုးရာယဉ်ကျေးမှုမီးပုံပွဲသို့ တက်ရောက်ပြီး ဒေသခံတိုင်းရင်းသားများနှင့် အတူတကွ ပါဝင်ဆင်နွှဲခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နာဂရိုးရာအကအလှများဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အတူတကွ ပါဝင်ဆင်နွှဲခဲ့ကာ နာဂမျိုးနွယ်စုအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၁-၂၀၂၃)
- နာဂတိုင်းရင်းသားများနှင့် အနယ်နယ်အရပ်ရပ်ရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက် သွားကြရမည်ဖြစ်။
- ပြည်ထောင်စုကြီးတစ်ခုလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန်အတွက်ဆိုပါက နိုင်ငံတော်တစ်ဝှမ်းလုံး တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်မည်ဖြစ်။
- နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ကျပ် ၅ ဘီလီယံ မတည်ထောက်ပံ့ပေးမှုများအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရှိရှိ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးပေါင်ခုက နှစ်သစ်ကူးအမှတ်တရလက်ဆောင်ကို ဂါရဝပြုပေးအပ်ခဲ့။
- တိုင်းဒေသကြီးဝန်ကြီးချုပ်က နာဂရိုးရာနှစ်သစ်ကူးပွဲတော်အတွက် ထောက်ပံ့ငွေကျပ်သိန်းတစ်ထောင်ကို ပေးအပ်ရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နာဂရိုးရာအကအလှများဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အတူတကွ ပါဝင်ဆင်နွှဲခဲ့ကာ နာဂမျိုးနွယ်စုအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေး အပ်ခဲ့။
Add new comment