ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ အလုပ်သဘောခရီးစဉ်အဖြစ်ရောက်ရှိနေသည့်  ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei  Techo HUN SEN သည် ဇန်နဝါရီလ ၈ ရက်တွင် နေပြည်တော်ရှိ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုလေ့လာခဲ့ရာ တာဝန်ရှိသူများက ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးတည်ဆောက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ရှင်းလင်းဆောင်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ပုံစံအတိုင်း ပြုလုပ်ပုံဖော်ထားသည့် ဥယျာဉ်တော်အကွက်ချပုံစံငယ်များ၊ ရုပ်ပွားတော် ကြီးပုံစံငယ်များ၊ ပိဋကတ်ကျောက်စာရုံ နှင့် ကျောက်စာနမူနာများ၊ ရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော် များနေရာချထားမှုနှင့် CNC Machine များဖြင့် ထုဆစ်နေမှု အခြေအနေများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

  • ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုလေ့လာခဲ့။

 

 

Add new comment