နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် ကျရောက်သည့် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်မှာ-
- ကယားပြည်နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်သော ပြည်နယ်တစ်ခုဖြစ်သည့်အပြင် မော်ချီးသတ္တုတွင်းသည် ဒုတိယကမ္ဘာစစ်မတိုင်မီကပင် ခဲမဖြူ၊ အဖြိုက်နက်ကဲ့သို့သော အဖိုးတန်သယံဇာတများထွက်ရှိသည့် အဓိကရင်းမြစ်နေရာတစ်ခုဖြစ်ခဲ့ပြီး ယနေ့တိုင်အောင် စကျင်ကျောက်များ၊ ဘော်သတ္တုများ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ရှီးလိုက်ရောရာ သတ္တုများစသည့် တွင်းထွက်ပစ္စည်းများသာမက သစ်တောထွက်ပစ္စည်းများ ကြွယ်ဝစွာထွက်ရှိကာ သဘာဝကဖန်တီးပေး ထားသော ရေခံမြေခံကောင်းလှသည့် ပြည်နယ်၊ ဖွံ့ဖြိုးတိုးတက်ပြီး ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့သည့် ပြည်နယ်ဖြစ်ကြောင်း။
- ကယားပြည်နယ်၏ လောပိတရေအားလျှပ်စစ်စက်ရုံကြီးသည် နိုင်ငံတော်တစ်ဝန်းလုံးအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားများကို နေ့စဉ်ထုတ်လွှတ်ပေးလျက်ရှိသည့် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသော လျှပ်စစ်စွမ်းအားအရင်းအမြစ် ပြည်နယ်တစ်ခုလည်းဖြစ်ကြောင်း။
- ကယားပြည်နယ်သည် သဘာဝကဖန်တီးပေးထားသည့် သဘာဝသယံဇာတ အခြေခံကောင်းများစွာရှိနေပြီးဖြစ်၍ မျက်မှောက်ကာလတွင် တည်ရှိပြီးသား သဘာဝအလှတရားများနှင့် သယံဇာတထွက်ကုန်များကို ထိထိရောက်ရောက် အသုံးချကာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဟန်ချက်ညီညီဝိုင်း ဝန်းဆောင်ရွက်ကြခြင်းဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝအလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း။
- လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဟူသော အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာ ကမ္ဘာပေါ်၌ လူဦးရေ ၇ ဘီလီယံကျော်ရှိပြီး နိုင်ငံတိုင်းတွင် စားနပ် ရိက္ခာလိုအပ်ချက်များသည် အမြဲရှိနေသည်ဖြစ်သဖြင့် အဆိုပါစားနပ်ရိက္ခာလိုအပ်ချက်များအား မိမိတို့နိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသည့် စားသောက်ကုန်များဖြင့် ဖြည့်တင်းနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- မြန်မာနိုင်ငံတွင် ထုတ်ကုန်ပစ္စည်းနည်းပါးမှုကြောင့် ရောင်းဝယ်မှုနည်းပါးခြင်းဖြစ်၍ ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာဖြင့် အရေအတွက် များပြားစွာထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း။
- ထုတ်ကုန်များရရှိရန် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)ကို အခြေခံသည့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်ကောင်းစသည့် လိုအပ်ချက်များကို နိုင်ငံတော်အစိုးရက အတတ်နိုင်ဆုံး အစွမ်းကုန် ကူညီအားပေးဆောင်ရွက်လျက်ရှိကြောင်း။
- MSME လုပ်ငန်းများ၏ ရည်ရွယ်ချက်သည် ပြည်တွင်းစီးပွားရေးအားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ပစ္စည်းများကို တိုးမြှင့်တင်ပို့နိုင်ရန်ဖြစ်သောကြောင့် MSME လုပ်ငန်းများအောင်မြင်လာစေရန်အတွက် မြန်မာနိုင်ငံ၏ သဘာဝအခြေအနေအရ ပြည်တွင်းရှိကုန်ကြမ်းများကို ကုန်ချောအဖြစ် ပြောင်းလဲထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်လာအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
- စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် သယံဇာတပစ္စည်းများမှ ထုတ်ကုန်ပစ္စည်းများကို ထိရောက်အကျိုးရှိစွာ အသုံးပြုခြင်းဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေးကဏ္ဍတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
- တိုင်းရင်းသားလူမျိုးများပြားပြီး ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုပယောဂကြောင့် မိမိတို့နိုင်ငံတွင် နိုင်ငံရေးပဋိပက္ခများသည် နက်နဲရှုပ်ထွေးလှကြောင်း။
- မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ဆွေးနွေးညှိနှိုင်းရန်များ ကျန်ရှိနေဆဲဖြစ်သည်ကို အားလုံးကလက်ခံထားကြပြီး တိုးတက်မှုရှိနေသည့် ငြိမ်းချမ်းရေးလမ်းစများအပေါ် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးက နိုင်ငံနှင့် ပြည်သူအကျိုးကိုရှေးရှုပြီး အပြုသဘောဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းက ငြိမ်းချမ်းရေးခရီးကို ပိုမိုထိရောက်စေနိုင်မည်ဖြစ်ကြောင်း။
- လက်နက်ကိုင်ပဋိပက္ခများရှိနေသည့်ဒေသများတွင် ပဋိပက္ခများ၏ အကျိုးဆက်များကို ယင်းဒေသမှပြည်သူများ တိုက်ရိုက်ခံစားနေကြပြီး ကျန်ပြည်သူများက သွယ်ဝိုက်၍ ခံစားနေကြရကြောင်း။
- ပဋိပက္ခများဖြင့် သံသရာလည်နေသည့် နိုင်ငံတိုင်းအတွက် ငြိမ်းချမ်းရေးခရီးမှာ အခက်အခဲအကျပ်အတည်းများ ရှိကြစမြဲဖြစ်ကြောင်း။
- ပါဝင်ပတ်သက်သူအားလုံး၏ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသည့်ဆန္ဒ၊ နည်းလမ်းမှန်ကန်မှု၊ ငြိမ်းချမ်းစွာစေ့စပ်ညှိနှိုင်းလိုမှု၊ စိတ်ရှည်သည်းခံမှု၊ တစိုက်မတ်မတ်ကြိုးစားအားထုတ်မှုများရှိမှသာ ငြိမ်းချမ်းရေးလိုရာခရီးပေါက်မည်ဖြစ်သည့်အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံရေး၏အစိတ်အပိုင်းဖြစ်သော်လည်း နိုင်ငံရေး၏ လက်နက်တစ်ခုမဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အဓိကဦးတည်လုပ်ဆောင်ပါမှသာ အနာဂတ်နိုင်ငံတည်ဆောက်ရေးကို အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း။
- လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် လူ့အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဒေသဖွံ့ဖြိုးတိုးတက်ရေးကို အတားအဆီးဖြစ်စေရုံသာမက ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ခက်ခဲစေပြီး ပဋိပက္ခများကြောင့် စီးပွားရေး ကျဆင်းကာ ဆင်းရဲမှုနှုန်းမြင့်တက်စေခြင်းမှာ နိုင်ငံ၏အနာဂတ်အတွက် ရင်လေးဖွယ်ရာဖြစ်ပါသည်ကို သတိထားလုပ်ဆောင်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
- တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ နိုင်ငံ့ဝန်ထမ်းများအားလုံး၊ အရပ်ဘက်အဖွဲ့အစည်းများအားလုံး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမှသာ မျှော်မှန်းသည့်ပန်းတိုင်ကို အချိန်တိုအတွင်း အောင်အောင်မြင်မြင် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း။
- ထိုပန်းတိုင်သို့ရောက်ရှိရန် အဓိကကျသည့်အချက်မှာ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း မိမိတို့တိုင်းရင်းသားအားလုံး မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် စည်းလုံးညီညွတ်ကြရန်နှင့် နိုင်ငံတော်ကို ဘက်ပေါင်းစုံမှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
- ယခုလတ်တလောအခြေအနေတွင် ပြည်ပနိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများ၊ သဘောထားကွဲလွဲပြီး နိုင်ငံနှင့်ပြည်သူအကျိုးကို မျက်ကွယ်ပြုလုပ်ဆောင်နေသော အချို့အဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများ၊ ကျင့်ဝတ်ဖောက်ဖျက်ပြီး နိုင်ငံတော်ကို အန္တရာယ်ချောက်ကမ်းပါးထဲသို့ ဆွဲချနေသည့် မဟုတ်မမှန် လုပ်ကြံသတင်းများ၊ သဘောထားမမှန်သည့် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NUG, CRPH, PDF အစရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံးမှုနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသအချို့တွင်ရှိသည့် ပြည်သူလူထုအကြားအသိအမြင်များမှားပြီး ညီညွတ်မှုများ ပြိုကွဲကာ မငြိမ်းမချမ်းဖြစ်နေသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း။
- ထိုအခြေအနေများ၏ အကျိုးဆက်သည် နိုင်ငံတော်၏ကောင်းကျိုးကို ဖော်ဆောင်နိုင်မည်မဟုတ်သကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူအားလုံးအတွက် အန္တရာယ်ဖြစ်စေကြောင်း သတိထားဆင်ခြင်နိုင်ကြရန် လိုအပ်ကြောင်း။
- ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသားပြည်သူများအကြား တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် အခြေခံကောင်းများ ပွားများဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
- မိမိတို့ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက်ကြရာတွင် ကယားပြည်နယ်ရှိ တိုင်းရင်းသားများကလည်း အတွေးအခေါ်၊ အယူအဆ မှန်ကန်စွာဖြင့် စည်းစည်း လုံးလုံး ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းအပ်ကြောင်း။
ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအားလုံး ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ဖော်ဆောင်နိုင်သူများဖြစ်ကြပြီး ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာရေးကို အားကြိုးမာန်တက်ဆောင်ရွက်နိုင် ကြကာ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားတိုးတက်မြင့်မားရေးကို ဝိုင်းဝန်းဖော်ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၁-၂၀၂၃)
- မြန်မာနိုင်ငံတွင် ထုတ်ကုန်ပစ္စည်းနည်းပါးမှုကြောင့် ရောင်းဝယ်မှုနည်းပါးခြင်းဖြစ်၍ ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာဖြင့် အရေအတွက် များပြားစွာ ထုတ်လုပ်နိုင်ရန်လိုအပ်။
- ထုတ်ကုန်များရရှိရန် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)ကို အခြေခံသည့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်ကောင်းစသည့် လိုအပ်ချက်များကို နိုင်ငံတော်အစိုးရက အတတ်နိုင်ဆုံး အစွမ်းကုန်ကူညီ အားပေးဆောင်ရွက်လျက်ရှိ။
- တိုင်းရင်းသားလူမျိုးများပြားပြီး ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုပယောဂကြောင့် မိမိတို့နိုင်ငံတွင် နိုင်ငံရေးပဋိပက္ခများသည် နက်နဲရှုပ်ထွေး။
- မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ဆွေးနွေးညှိနှိုင်းရန်များ ကျန်ရှိနေဆဲဖြစ်သည်ကို အားလုံးကလက်ခံထားကြပြီး တိုးတက်မှုရှိနေသည့် ငြိမ်းချမ်းရေးလမ်းစများအပေါ် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးက နိုင်ငံနှင့် ပြည်သူအကျိုးကိုရှေးရှုပြီး အပြုသဘောဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းက ငြိမ်းချမ်းရေးခရီးကို ပိုမိုထိရောက်စေနိုင်မည်ဖြစ်။
- ပဋိပက္ခများဖြင့် သံသရာလည်နေသည့် နိုင်ငံတိုင်းအတွက် ငြိမ်းချမ်းရေးခရီးမှာ အခက်အခဲအကျပ်အတည်းများ ရှိကြစမြဲဖြစ်။
- ပါဝင်ပတ်သက်သူအားလုံး၏ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသည့်ဆန္ဒ၊ နည်းလမ်းမှန်ကန်မှု၊ ငြိမ်းချမ်းစွာစေ့စပ်ညှိနှိုင်းလိုမှု၊ စိတ်ရှည်သည်းခံမှု၊ တစိုက်မတ်မတ်ကြိုးစားအားထုတ်မှုများရှိမှသာ ငြိမ်းချမ်းရေးလိုရာခရီးပေါက်မည်ဖြစ်သည့် အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံရေး၏အစိတ်အပိုင်းဖြစ်သော်လည်း နိုင်ငံရေး၏လက်နက်တစ်ခုမဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အဓိကဦးတည်လုပ်ဆောင်ပါမှသာ အနာဂတ်နိုင်ငံ တည်ဆောက်ရေး ကို အထောက်အကူဖြစ်စေမည်ဖြစ်။
Add new comment