မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၏ နေ့စဉ်ဆောင်ရွက်ချက်များကို စိစစ်ကြပ်မတ်လျက်ရှိ

       မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် May Bank , Yangon Branch မှ Su-laiman Abdul Aziz (Country Head) နှင့် Chang Hon Huen (Eddie) (Head, Operations) တို့မှ တာဝန်ရှိသူများကို ဇန်နဝါရီလ ၁၃ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် May Bank အနေဖြင့် မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ပြီးနောက် ဆောင်ရွက်နေမှုများ၊ ရုံးချုပ်၏မူဝါဒများကို ဆွေးနွေးတင်ပြခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း နိုင်ငံခြားဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၏ နေ့စဉ်ဆောင်ရွက်ချက်များကို စိစစ်ကြပ်မတ်လျက်ရှိပြီး လက်ရှိနိုင်ငံခြားငွေ ဈေးကွက်တိုးတက်မှု၊ Interbank Market တွင် ဆောင်ရွက်နေမှုများ၊ Worker Remittance အတွက် မလေးရှားရောက်မြန်မာများမှ ပြန်လည်လွှဲပို့ရာတွင် May Bank မှ တက်ကြွစွာပါဝင်ဆောင်ရွက်ပေးရေး၊ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၄-၁-၂၀၂၃)

 

  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် Worker Remittance အတွက် မလေးရှားရောက်မြန်မာများမှ ပြန်လည်လွှဲပို့ရာတွင် May Bank မှ တက်ကြွစွာပါဝင် ဆောင်ရွက်ပေးရေး၊ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့။

 

Add new comment