နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် မြို့နယ်၊ တိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သားဆရာဝန်များအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက

       စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ဒေသများမှ ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ပေးရန်အတွက် ဆရာဝန်လိုအပ်လျက်ရှိသော ဆေးရုံများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သားဆရာဝန်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက်တွင် ဘုရင့်နောင်ရိပ်သာ၌ ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက် ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်ဥက္ကဋ္ဌ၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်း ဆောင်ခဲ့ကြသည့် တပ်မတော်သားဆရာဝန်များ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင်-

  • မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁ နှစ်အောက်ကလေး သေဆုံးနှုန်းသည် ကလေးအရှင် ၁,၀၀၀ မွေးတိုင်း ၁၂ ဦးရှိပြီး ချင်းပြည်နယ်၌ ၁၈ ဦး၊ ၅ နှစ်အောက် ကလေးသေဆုံးနှုန်းမှာ ကလေးအရှင် ၁,၀၀၀ မွေးတိုင်း ၁၅ ဦးရှိပြီး ချင်းပြည်နယ်၌ ၂၅ ဦး၊ မိခင်သေဆုံးမှုသည် ကလေးအရှင် ၁ သိန်းမွေးတိုင်း ၁၀၂.၇ ဦးရှိပြီး ချင်းပြည်နယ်၌ ၁၅၈ ဦးခန့် ရှိသည့်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အမြင့်ဆုံးဖြစ်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
  • ငါးနှစ်အောက်ကလေးငယ်များ၌ အာဟာရချို့တဲ့မှုများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၆.၇ ရာခိုင်နှုန်းရှိရာ ချင်းပြည်နယ်ရှိ ကလေးငယ်များ၏ ၄၀ ရာ ခိုင်နှုန်းသည် အာဟာရချို့တဲ့နေသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း။
  • ထိုသို့ ဝေးလံခေါင်ဖျားပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမမီသည့် တိုင်းရင်းသားဒေသများကို မိမိတို့တပ်မတော်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးသွားရမည်ဖြစ်ကြောင်း။
  • ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် တပ်မတော်သားဆေးမှူးအရာရှိများ ကို ၂၀၁၆ ခုနှစ်ကတည်းက ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေများသို့ စေလွှတ်ခဲ့ရာ ၂၀၂၂ ခုနှစ်အထိ ပထမအကြိမ် ၄၄ ဦး၊ ဒုတိယအကြိမ် ၄၄ ဦး၊ တတိယ အကြိမ် ၄၆ ဦးနှင့် စတုတ္တအကြိမ်တွင် ၁၈ ဦးဖြင့် ဆေးမှူးအရာရှိ ၁၅၂ ဦးကို လေးကြိမ်ခွဲ၍ စေလွှတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း။
  • တတိယအကြိမ် ဆေးအကာအကွယ်ပေးတာဝန်များကို ထမ်းဆောင်ရန်အတွက် ဆေးမှူးအရာရှိ ၄၆ ဦးကို စေလွှတ်ခဲ့ရာ ၄၄ ဦး ပြန်လည်ရောက်ရှိလာခဲ့ပြီး ၂ ဦးသည် လုံလဲရ်တိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်သမားများ၏ တိုက် ခိုက်မှုကြောင့် ကျဆုံးခဲ့ရသည်ကိုလည်း စိတ်မကောင်းဖွယ် တွေ့မြင်ကြရမည်ဖြစ်ကြောင်း။
  • လူတစ်ဦးချင်းတစ်ယောက်ချင်းစီ၏ ဘဝများရှင်သန်ရပ်တည်ရန် တစ်ဦးချင်းစီ၏ မျှော်လင့်ချက်ပန်းတိုင်များ ရှင်သန်နေရန်လိုကြောင်း၊ ပြည်သူတစ်ဦးချင်းစီ၏ မျှော်လင့်ချက်ပန်းတိုင်ရှင်သန်ခြင်းမှသည် မိသားစုနှင့် နိုင်ငံတော်၏ မျှော်လင့်ချက်ပန်း တိုင်များ ရှင်သန်စေပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အောင်မြင်မှုကိုရရှိလာနိုင်မည်ဖြစ်ကြောင်း။
  • ဝေးလံခေါင်ဖျားသည့်ဒေသများ၌ တာဝန်ထမ်းဆောင်ခဲ့သည့် ဆေးမှူးအရာရှိများအနက် ၇၆ ဦးကို ဆေးပညာမဟာသိပ္ပံသင်တန်းကို တိုက်ရိုက်တက်ရောက်ခွင့်ပြုခဲ့ပြီးဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း။
  • ဆေးမှူးအရာရှိများအနေဖြင့်လည်း မိမိတို့၏ဘဝမျှော်လင့်ချက်ပန်းတိုင်ကို ရောက်ရှိအောင် မျက်ခြည်မပြတ်ဆက်လက်ကြိုးပမ်းအားထုတ်ခြင်းဖြင့် မိမိအကျိုး၊ မိမိမိသားစုအကျိုး၊ နိုင်ငံတော်နှင့် တပ်မတော်အကျိုးကိုတိုးတက်အောင် ဆောင်ရွက်သွားကြ လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုရရှိခဲ့သည့် ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် စိတ်ရှည်သည်းခံမှု၊ ရောင့်ရဲတင်းတိမ်မှုများကို မလျှော့ကြရန်မှာကြားလိုကြောင်း။
  • တပ်မတော်အနေဖြင့် ယခုကဲ့သို့ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်ရှိသည့် တိုင်းရင်းသားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာတွင် ပထမအကြိမ်အနေဖြင့် ဒေသခံပြည်သူလူထု ၂၀၂,၃၃၂ ဦး၊ ဒုတိယအကြိမ်အနေဖြင့် ၁၇၁,၀၈၄ ဦး၊ တတိယအကြိမ်အနေဖြင့် ၉၃,၆၀၀ ဦး၊ စုစုပေါင်း ၄၆၇,၀၁၆ ဦးတို့ကို ပြုစုစောင့်ရှောက်မှုများကို ပေးနိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
  • မကြာသေးမီက ဖြစ်ပွားခဲ့သော နိုင်ငံရေးပဋိပက္ခတွင် ကျန်းမာရေးဝန်ထမ်းအချို့သည် လုပ်ငန်းခွင်စွန့်ခွာမှုများ ပြုလုပ်ခဲ့သည့်အတွက် နိုင်ငံအတွင်း၌ရှိသည့် ကျန်းမာရေးဝန်ထမ်းအင်အားမှာ များစွာလျော့နည်းခဲ့ရပြီး လစ်ဟာသွားသည့် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍကို ဖြည့်ဆည်းနိုင်ရန် တပ်မတော်ဆေးရုံ၊ ဆေးပေးခန်းများတွင် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ယခုအချိန်ထိ ပြင်ပလူနာ ၄၄၉,၈၉၂ ဦး၊ ဆေးရုံတက်လူနာ ၁၃၇,၀၈၀ ဦးကို ပြုစု စောင့် ရှောက်မှုပေးနိုင်ခဲ့ပြီးဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း။
  • တပ်မတော်အနေဖြင့် မူလတာဝန်များဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး ကိုဆောင်ရွက်သည့်နည်းတူ ပြည်သူလူထုကျန်းမာရေးနှင့် ပညာရေးများကိုလည်း တစ်ဖက်တစ်လမ်းက ဆောင်ရွက်လျက်ရှိကြောင်း။
  • နောင်လာမည့်အနာဂတ်တွင်လည်း ဆရာဝန်တစ်ဦးအနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်ရေးကို ဆောင်ရွက်ရမည့်နည်းတူ တိုင်းပြည်အကျိုး၊ ပြည်သူအကျိုးကိုလည်း ဦးထိပ်ထားဆက်လက်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားဆရာဝန်များအား အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ရာ တပ်မတော်သားဆရာဝန်များ ကိုယ်စား ဆေးမှူးသုံးဦးကလက်ခံရယူခဲ့ပြီး ဆေးမှူးတစ်ဦးက တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးအတွက် လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးခဲ့ပြီး လမ်းညွှန်ပြသစောင့်ရှောက်ပေးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် ကျရာတာဝန်များကို ကျေပွန်စွာ ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဝေးလံခေါင်းဖျား၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသများမှ ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ပေးရန်အတွက် တပ်မတော်သားဆရာဝန်များ သွားရောက်တာဝန် ထမ်းဆောင်စဉ် ၎င်းတို့၏ မိသားစုများသည်လည်း အတူတကွ လိုက်ပါကြပြီး ကျရာတာဝန်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အတူတကွ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၁-၂၀၂၃)

 

  • ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် တပ်မတော်သားဆေးမှူးအရာရှိများ ကို ၂၀၁၆ ခုနှစ်ကတည်းက ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေများသို့ စေလွှတ်ခဲ့ရာ ၂၀၂၂ ခုနှစ်အထိ ဆေးမှူးအရာရှိ ၁၅၂ ဦးကို လေးကြိမ်ခွဲ၍ စေ လွှတ်နိုင်ခဲ့ပြီးဖြစ်။
  • တတိယအကြိမ် ဆေးအကာအကွယ်ပေးတာဝန်များကို ထမ်းဆောင်ရန်အတွက် ဆေးမှူးအရာရှိ ၄၆ ဦးကို စေလွှတ်ခဲ့ရာ ၄၄ ဦး ပြန်လည်ရောက်ရှိလာခဲ့ပြီး ဦးသည် လုံလဲရ်တိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်သမားများ၏ တိုက် ခိုက်မှုကြောင့် ကျဆုံးခဲ့ရသည်ကိုလည်း စိတ်မကောင်းဖွယ် တွေ့မြင်ကြရမည်ဖြစ်။
  • တပ်မတော်အနေဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ရှိသည့် တိုင်းရင်းသား ၄၆၇,၀၁၆ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့။
  • တပ်မတော်အနေဖြင့် မူလတာဝန်များဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကိုဆောင်ရွက်သည့်နည်းတူ ပြည်သူလူထုကျန်းမာရေးနှင့် ပညာရေးများကိုလည်း တစ်ဖက်တစ်လမ်းက ဆောင်ရွက်လျက်ရှိ။

Add new comment