နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် စောဒန်နီယယ်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူတို့ သည် လွိုင်ကော်မြို့ခရစ်တော်ဘုရင်ဗဟိုဘုရားကျောင်းနှင့် ဥတ္တရာရုံဘုန်းတော်ကြီးကျောင်းသို့ အသီးသီးသွားရောက်၍ အဆိုပါနေရာများတွင် ယာယီနေထိုင်လျက်ရှိသည့် ကယားပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူပြည်သူများကို တွေ့ဆုံနှုတ်ဆက် အားပေး စကားပြောကြားပြီး အခြေခံစားကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆားစသည့်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၁-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ကယားပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူပြည်သူများကို တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားပြီး အခြေခံစားကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့။
Add new comment