ဇန်နဝါရီလ ၁၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြင်းနီကျေးရွာ၌ ဦးဆန်းဝေနှင့် အသက် ၁၁ နှစ်အရွယ် မောင်ကံကောင်းတို့ ၂ ဦးသည် နွားကျောင်းနေစဉ် PDF အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး မောင်ကံကောင်းသည် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
PDF အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများအား ထိခိုက်ဒဏ်ရာရရှိစေရန် ယုတ်ညံ့သောစိတ်ဓာတ်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ခြင်း၊ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အများပြည်သူနေထိုင် သွားလာနေသော လမ်းများတွင် လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ၍ နိုင်ငံအတွင်းဆူပူမှုများ လုပ်ဆောင်လျက်ရှိသည့်အတွက် ပြည်သူလူထုမှ ၎င်းတို့၏လုပ်ရပ်များကို မုန်တီး၍ ဆန့်ကျင်ရှုတ်ချ လျက်ရှိပါသည်။
ထိုသို့ ကျေးရွာနေပြည်သူများအား အကြောင်းမဲ့ဗုံးထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁-၂၀၂၃)
- မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြင်းနီကျေးရွာအနီး၌ PDF အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲခဲ့သဖြင့် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့။
Add new comment