အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြောကြားခဲ့သည့် ကိစ္စအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြောကြားခဲ့သည့်ကိစ္စအပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက “အာဆီယံသည်  စည်းမျဉ်းကိုအခြေခံသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အာဆီယံ အခြေခံမူများနှင့်အညီ တိတိကျကျ လေးစားလိုက်နာရန်လိုအပ်ပြီး မြန်မာအစိုးရမှကြေညာထားသည့် မည်သည့်အကြမ်းဖက်အဖွဲ့များ၊ မတရားအသင်းများနှင့်မျှ ထိတွေ့ဆက်ဆံခြင်းမပြုရန် လိုအပ်ကြောင်းကို ထပ်လောင်း သတိပေးတိုက်တွန်းအပ်ကြောင်း” သတင်း ထုတ်ပြန်ထားပါသည်။

 

သတင်းထုတ်ပြန်ချက်

အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီသည် ၁၁-၁-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပုံမှန်သတင်းထုတ်ပြန်ချက် ဖြင့် Annual Press Statement ပြောကြားခဲ့ပြီး၊ ထိုသို့ပြောကြားရာ၌ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည့် အောက်ဖော်ပြပါရပ်တည်ချက်များအတိုင်း ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်း အသိပေးဖော်ပြအပ်သည်-

(က)  မြန်မာနိုင်ငံသည် အာဆီယံ၏တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းကို မိမိနိုင်ငံ၏ အမျိုးသားရေးအကျိုးစီးပွား၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အဖွဲ့ဝင်တစ်နိုင်ငံမှမစွက်ဖက်ရေးစသည့် အခြေခံမူများနှင့်အညီ စွဲမြဲစွာ ဆောင်ရွက်လျက်ရှိသည်။

(ခ)    မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။

(ဂ)   အာဆီယံသည် စည်းမျဉ်းကိုအခြေခံသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အာဆီယံအခြေခံမူများနှင့်အညီ တိတိကျကျ လေးစားလိုက်နာရန်လိုအပ်ပြီး မြန်မာအစိုးရမှ ကြေညာထားသည့် မည်သည့်အကြမ်းဖက် အဖွဲ့များ၊ မတရားအသင်းများနှင့်မျှ ထိတွေ့ဆက်ဆံခြင်းမပြုရန်လိုအပ်ကြောင်းကို ထပ်လောင်း သတိပေးတိုက်တွန်းသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁-၂၀၂၃)

 

  • မြန်မာနိုင်ငံသည် အာဆီယံ၏တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းကို မိမိနိုင်ငံ၏အမျိုးသားရေးအကျိုးစီးပွား၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အဖွဲ့ဝင်တစ်နိုင်ငံမှမစွက်ဖက်ရေးစသည့် အခြေခံမူများနှင့်အညီ စွဲမြဲ စွာ ဆောင်ရွက်လျက်ရှိ။
  • မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်။
  • အာဆီယံသည် စည်းမျဉ်းကိုအခြေခံသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဆီယံပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်များနှင့် အာဆီယံအခြေခံမူများနှင့်အညီ တိတိကျကျ လေးစားလိုက်နာရန်လိုအပ်ပြီး မြန်မာအစိုးရမှကြေညာထားသည့် မည်သည့် အကြမ်းဖက်အဖွဲ့များ၊ မတရားအသင်းများနှင့်မျှ ထိတွေ့ဆက်ဆံခြင်းမပြု ရန်လိုအပ်။

Add new comment