အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ဒီဇင်ဘာလ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့ပါသည်။
ဇန်နဝါရီလ ၁၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာမှ ဒေသခံပြည်သူများစုပေါင်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချဆန္ဒထုတ်ဖော်ပွဲကို ကျေးရွာ၏ အရှေ့သိမ်ဘောလုံး ကွင်း၌ ပြုလုပ်ခဲ့ပါသည်။
ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက် အလိုမရှိ၊ ဒို့ပြည်တွင်းရေးစွက်ဖက်မှုများ အလိုမရှိ၊ အချုပ်အခြာအာဏာထိပါးသူ ဒို့ရန်သူစသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁-၂၀၂၃)
- ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်အဆိုနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချဆန္ဒထုတ်ဖော်ပွဲကို မြိတ်မြို့၌ ပြုလုပ်ခဲ့။
- ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက် အလိုမရှိ၊ ဒို့ပြည်တွင်းရေးစွက်ဖက်မှုများ အလိုမရှိ၊ အချုပ်အခြာအာဏာထိပါးသူ ဒို့ရန်သူစသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ခဲ့။
Add new comment