ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် မြို့နယ်အဆင့်မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲကျင်းပ

       မြို့နယ်အဆင့်မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၁၁ ရက်တွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး တက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက-

  • မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့်စပ်လျဉ်း၍ “မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့သည် မဲဆန္ဒနယ်အသီးသီးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများကို ပြုစုရာတွင် ကော်မရှင်က သတ်မှတ်သည့် လူဦးရေစာရင်းပုံစံဇယားများအတိုင်း ပြည်ထဲရေးဝန်ကြီးဌာန၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ မြို့နယ်ဦးစီးမှူးရုံးတို့က ပြုစုထားသည့် လူဦးရေစာရင်း များကို ရယူအခြေခံပြီး ပြုစုရမည်”ဟု လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၌ ပြဋ္ဌာန်းထားကြောင်း၊
  • ရွေးကောက်ပွဲကော်မရှင်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ပြီး သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များအရ စာရင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ပြုစုထားသည့် လူဦးရေစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း (ရှေ့ပြေးစီမံချက်)ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း၊
  • လစဉ်လူဦးရေ အတိုး/အလျော့စာရင်းအနက်မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအထိ ပြုစုထားသည့် လူဦးရေစာရင်းအပေါ်အခြေခံပြီး (Cross-Check) စိစစ်ခြင်းကို ဆောင်ရွက်ခဲ့ပြီး တွေ့ရှိသည့် အကြိမ်ထပ်စာရင်းများကို သက်ဆိုင်ရာ လဝက/ ထွေအုပ် တို့နှင့် ညှိနှိုင်းပူးပေါင်း၍ လူဦးရေစာရင်းများ မှန်ကန်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊
  • ဆောင်ရွက်ပြီးသည့်စာရင်းများအား ယခုသင်ကြားပို့ချမည့် မြို့နယ်အဆင့်မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ်များဖြစ်သည့် ADMIN နှင့် DEO Software များအတွင်း ထည့်သွင်း၍ မဲဆန္ဒရှင်စာရင်းများ ပြုစုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
  • မဲဆန္ဒရှင်များအနေဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူအထောက်အထား သက်သေခံကတ်ပြားတစ်ခုခု ကိုင်ဆောင်ထားသူဖြစ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်း၌ပါဝင်မှသာ မဲပေးပိုင်ခွင့်ရရှိမည်ဖြစ်သည့်အတွက် သက်ဆိုင် ရာမဲဆန္ဒနယ်များ၌ ပုံစံ(၆၆/၆) ရှိရမည်ဖြစ်ကြောင်း၊
  • လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များ ဖွဲ့စည်း၍ လူဦးရေစာရင်းများ မှန်ကန်စွာရရှိရေးအတွက် မဲဆန္ဒရှင် ပြည်သူများကို အသိပညာပေး ဆွေးနွေးပွဲများပြုလုပ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့။

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ ၁၅၀ ဦးတို့တက်ရောက်ကြပြီး အဆိုပါသင်တန်းကို ဇန်နဝါရီလ ၁၁  ရက်မှ ၁၄ ရက်အထိ ဖွင့် လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။                                   

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၂-၁-၂၀၂၃)

 

  • ရွေးကောက်ပွဲကော်မရှင်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ပြီး သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/)များအရ စာရင်းကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ပြုစုထားသည့် လူဦးရေစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း (ရှေ့ပြေးစီမံချက်)ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဆောင်ရွက်ခဲ့။
  • မဲဆန္ဒရှင်များအနေဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူအထောက်အထား သက်သေခံကတ်ပြားတစ်ခုခု ကိုင်ဆောင်ထားသူဖြစ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်း၌ပါဝင်မှသာ မဲပေးပိုင်ခွင့်ရရှိမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာမဲဆန္ဒနယ်များ၌ ပုံစံ(၆၆/) ရှိရမည်ဖြစ်။

Add new comment