ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် အမြန်လူစီးရထားခရီးစဉ်(၁၆)စင်း၊ စာပို့ရထားခရီးစဉ်(၁၂)စင်း၊ လူစီးကုန်တင်ရထားခရီးစဉ်(၈)စင်းတို့နှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထားခရီးစဉ်(၃၀)စင်း၊ စုစုပေါင်းရထားခရီးစဉ်(၆၆) စင်း တို့နှင့် ကုန်ရထားခရီးစဉ်များကို နေ့စဉ်စီစဉ်ပြေးဆွဲလျက်ရှိသကဲ့သို့ ရထားလမ်းပိုင်းများကြံ့ခိုင်ရေးနှင့် အဆင့်မြှင့်တင်နိုင်ရေးတို့အတွက် ကျောက်ရထားများ၊ အင်ဂျင်နီယာရထားခရီးစဉ်များဖြင့်လည်း သယ်ယူပို့ဆောင်ပေးလျက်ရှိရာ-
- ဇန်နဝါရီလ ၂ ရက်တွင် PDF အကြမ်းဖက်သမားများက မြန်မာ့မီးရထား၏ ပဲခူး-မော်လမြိုင်လမ်းပိုင်းအတွင်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ဘူတာမှ ဌာနပိုင်လမ်းခင်းကျောက်များ သယ်ဆောင်ထွက်ခွာလာသည့် ကျောက်ရထားတွဲဆိုင်းအား မိုင်းထောင်ဖောက်ခွဲမှုပြုလုပ်ခဲ့သောကြောင့် ကျောက်တင်ထားသည့် ရထားတွဲ(၃)တွဲ လမ်းချော်ကျမှုဖြစ်ပွားခဲ့ပြီး ကွန်ကရစ်ဇလီဖားတုံး(၁၁၅)တုံး၊ သံလမ်း(၅)ပေခန့် ပြတ်ထွက်၍ သံလမ်း(၆)ချောင်း ပျက်စီးသွားခဲ့သဖြင့် လူစီးရထားခရီးစဉ်များ ကြန့်ကြာခဲ့ရပြီး ခရီးသည်ပေါင်း (၂,၅၀၀) ခန့်အခက် အခဲများစွာကြုံတွေ့ခဲ့။
- အလားတူ ဇန်နဝါရီလ ၁၀ ရက်တွင်လည်း ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ မွန်ပြည်နယ်၊ ဇင်းကျိုက်ဘူတာ၌ ဌာန၏လမ်းခင်းကျောက်များသယ်ယူရန် ပဲခူးမှ ထွက်ခွာလာသည့် ကျောက်ရထားသည် ပေါင်မြို့နယ်၊ ဇင်းကျိုက်ဘူတာနှင့် ရင်းငြိမ်ဘူတာအကြား PDF အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ရထားတွဲဆိုင်းပါ စက်ခေါင်း၊ ကျောက်တင်တွဲ(၃)တွဲနှင့် ကုန်တွဲ(၁)တွဲတို့ လမ်းချော်ကျ၍ ရထားလမ်းပိတ်ဆို့ခဲ့မှုကြောင့် လူစီးရထား များဖြင့် လိုက်ပါလာသည့် ခရီးသည် (၁,၅၀၀) ကျော်တို့သည် လမ်းခရီး၌ အခက်အခဲများစွာကြုံတွေ့ခဲ့။
PDF အကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထား၏ ရန်ကုန်-ပဲခူး-မော်လမြိုင်လမ်းပိုင်းအတွင်း ရထားလမ်းများ၊ တံတားများအား ရည်ရွယ်ချက်ရှိရှိဖြင့် တံတားမိုင်းခွဲခံရမှု (၅)ကြိမ်၊ သံလမ်းမိုင်း ခွဲခံရမှု (၃)ကြိမ်၊ လက်လုပ်မိုင်းပေါက်ကွဲ/တွေ့ရှိမှု (၆)ကြိမ် စုစုပေါင်း (၁၄)ကြိမ်နှင့် ဘူတာ/ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်စီးခြင်း (၁)ကြိမ်တို့ကို ကျူးလွန်ခဲ့ကြပြီး မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးအနေဖြင့် ရထားလမ်းနှင့် ရထားဘူတာနယ်မြေများ အတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း (၁၀၅)ကြိမ်၊ ရထားလမ်းပေါ်ရှိ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၃၄)ကြိမ်၊ ဘူတာများအား မီးရှို့ဖျက်ဆီးခြင်း (၉)ကြိမ်တို့ကို ကျူးလွန်ခဲ့ပြီးဖြစ်ပါသည်။
ယခုကဲ့သို့ လူစီးရထားများ၊ ကုန်ရထားခရီးစဉ်များ ပြေးဆွဲမှုနှောင့်နှေးကြန့်ကြာစေရေး၊ ခရီးသွားပြည်သူများနှင့် ကုန်စည်များထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်စေရေးအတွက်သာမက ပြည်သူလူထုအတွက် ရထားလမ်းစနစ် ပိုမိုကြံခိုင်တောင့်တင်းလာအောင် စီစဉ်ဆောင်ရွက်နေ သည့် ဌာနပိုင်လမ်းခင်းကျောက်သယ်ဆောင်သည့် ရထားခရီးစဉ်များကိုပါ ယုတ်မာရက်စက်စွာ အကြိမ်ကြိမ်မိုင်းထောင်ဖောက်ခွဲဖျက်စီးမှုများ ကျူးလွန်နေကြသည့် PDF အကြမ်းဖက်သမားများအား ပြည်သူတစ်ရပ်လုံးမှ မုန်းတီး၍ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလျက်ရှိ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၁-၂၀၂၃)
- ပဲခူးဘူတာမှ ဇင်းကျိုက်ဘူတာသို့ ထွက်ခွာလာသည့် မြန်မာ့မီးရထားကျောက်ရထား ကို PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရထားတွဲဆိုင်းပါ စက်ခေါင်း၊ ကျောက်တင်တွဲ (၃)တွဲနှင့် ကုန်တွဲ (၁)တွဲတို့ လမ်းချော်ကျ၍ ရထားလမ်းပိတ်ဆို့ခဲ့မှုကြောင့် လူစီးရထားများဖြင့် လိုက်ပါလာသည့် ခရီးသည် (၁,၅၀၀)ကျော်တို့သည် လမ်းခရီး၌ အခက်အခဲများစွာကြုံတွေ့ခဲ့။
- PDF အကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထား၏ ရန်ကုန်-ပဲခူး-မော်လမြိုင်လမ်းပိုင်းအတွင်း ရထားလမ်းများ၊ တံတားများအား ရည်ရွယ်ချက်ရှိရှိဖြင့် တံတားမိုင်းခွဲခံရမှု (၅)ကြိမ်၊ သံလမ်းမိုင်းခွဲခံရမှု (၃)ကြိမ်၊ လက်လုပ်မိုင်းပေါက်ကွဲ/တွေ့ရှိမှု (၆)ကြိမ် စုစုပေါင်း (၁၄)ကြိမ် နှင့် ဘူတာ/ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်စီးခြင်း (၁)ကြိမ်တို့ကို ကျူးလွန်ခဲ့ကြပြီး မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးအနေဖြင့် ရထားလမ်းနှင့် ရထားဘူတာနယ်မြေများအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း (၁၀၅)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၃၄)ကြိမ်၊ ဘူတာများအား မီးရှို့ဖျက်ဆီးခြင်း (၉)ကြိမ်တို့ကို ကျူးလွန်ခဲ့ပြီးဖြစ်။
Add new comment