KKO(ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်၌ ခရီးသွားပြည်သူများထံမှ ဖုန်းများနှင့်ငွေများအား အတင်းအဓမ္မ လုယက်ယူဆောင်

       ဇန်နဝါရီလ ၁၁ ရက်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ဘက်မှ မြဝတီမြို့ ဘက်သို့ မောင်းနှင်လာသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၅ ဦးတို့ လိုက်ပါလာသည့် ရွှေလရောင်မှန်လုံယာဉ်သည် ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ တံတန်ကူးကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၅,၅၀၀ ခန့်အကွာနေရာသို့ရောက်ရှိစဉ် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက မော်တော်ယာဉ်အား ရပ်တန့်စေပြီး ခရီးသည်များထံမှ ဖုန်း ၁၈ လုံး နှင့် ငွေကျပ်သိန်း ၅၀ ခန့်တို့အား လုယက်ယူဆောင်သွားကာ ယာဉ်များသွားလာမှု ရပ်တန့်စေရန်  အာရှလမ်းမကြီးပေါ်၌ ဒေသန္တလက်လုပ်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ပါသည်။

NUG၊ CRPH အဖွဲ့၏ လက်ဝေခံဖြစ်သော PDF အကြမ်းဖက်သမားများသည် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်နှင့် ကိုယ်ကျိုးစီးပွားတွင် အသုံးပြုရန်အတွက် ပြည်သူလူထုထံမှ အတင်းအဓမ္မ ဆက်ကြေးကောက်ခံခြင်း၊ ခရီးသွားမော်တော်ယာဉ်များအား လက်နက်ကိုင်ဆောင်၍ ဓားပြတိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိသဖြင့် ပြည်သူတစ်ရပ်လုံးက ၎င်းတို့အား ရွံရှာမုန်းတီးလျက်ရှိပါသည်။

အဆိုပါမိုင်းဖောက်ခွဲခဲ့မှုကြောင့် ခရီးသည်များနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့တွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ မော်တော်ယာဉ်၏ ဘယ်ဘက်လေကာမှန်တံခါး ၁ ချပ် မိုင်းစထိမှန် ပျက်စီးခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့်  ကားလမ်းမပေါ်တွင် အကျယ် ၄ ပေ၊ အနက် ၁ ပေ ခန့် ချိုင့်ဝင်ပျက်စီးခဲ့ကြောင်းသိရှိရပြီး  ဖြစ်စဉ်နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၁-၂၀၂၃)

 

  • KKO(ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်၌ ခရီးသွားပြည်သူများထံမှ ဖုန်းများနှင့် ငွေများအား အတင်းအဓမ္မ လုယက်ယူဆောင်ခဲ့ပြီး ယာဉ်များသွားလာမှုရပ်တန့်စေရန်  အာရှလမ်းမကြီးပေါ်၌ ဒေသန္တလက်လုပ်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့။

Add new comment