ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဇန်နဝါရီလ ၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးစဉ်-
- နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူး ရွေးချယ်ခန့်ထားနိုင်ရေးကိစ္စ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ မြန်မာနိုင်ငံတွင် မှတ်ပုံတင်နိုင်ရေးနှင့် ဖြန့်ဖြူးအသုံးပြုနိုင်ရေးကိစ္စ၊ ကျန်းမာရေးဆိုင်ရာကိုယ်စားလှယ်များကို နှစ်နိုင်ငံအပြန်အလှန်စေလွှတ်နိုင်ရေးကိစ္စနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများဆိုင်ရာကိစ္စရပ်များကို နှစ်နိုင်ငံရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ်(ကုသရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်း အတွင်းဝန်(ပြည်ထောင်စုဝန်ကြီးရုံး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၁-၂၀၂၃)
- ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံရာတွင် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူး ရွေးချယ်ခန့်ထားနိုင်ရေးကိစ္စ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ မြန်မာနိုင်ငံတွင် မှတ်ပုံ တင်နိုင်ရေးနှင့် ဖြန့်ဖြူးအသုံးပြုနိုင်ရေးကိစ္စ၊ ကျန်းမာရေးဆိုင်ရာကိုယ်စားလှယ်များကို နှစ်နိုင်ငံအပြန်အလှန်စေလွှတ်နိုင်ရေးကိစ္စနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများဆိုင်ရာကိစ္စရပ် များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
Add new comment