အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးရာတွင် မြန်မာနိုင်ငံနှင့်သင့်လျော်သည့် ရိုးရှင်းလွယ်ကူသော Closed List PR စနစ်ကို ကျင့်သုံးမည်

     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် အမှုထမ်း(ဒုတိယဦးစီးမှူး)များ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ လ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့်ရွေးကောက်ပွဲများတွင် ယခင်ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူအနိုင်ရသည့် (FPTP) စနစ်အစား မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲများ အလဟဿ၊ လေလွင့်ဆုံးရှုံးမှုနည်းပါးပြီး မဲဆန္ဒရှင်များ၏ ဆန္ဒမဲများကို အချိုးကျကိုယ်စားပြုပေးနိုင်သည့် အချိုးကျကိုယ်စားပြုစနစ် (PR System) ကို ကျင့်သုံးဆောင်ရွက်ရေး နိုင်ငံရေးပါတီများနှင့် လေးကြိမ်တွေ့ဆုံဆွေးနွေး၍ သဘောတူညီခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရာတွင် မြန်မာနိုင်ငံနှင့်သင့်လျော်သည့် ရိုးရှင်းလွယ်ကူသော Closed List PR စနစ်ကို ကျင့်သုံးမည်ဖြစ်သည့်အတွက် PR စနစ်နှင့်ပတ်သက်၍ သေသေချာချာ လေ့လာမှတ်သားကြရန်နှင့် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲကော်မရှင်သည် အဓိကတာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ ကော်မရှင်၏လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက်များသည် ကော်မရှင်သိက္ခာကို ထိခိုက်နိုင်သည့်အတွက် အမှားမရှိစေရန် သတိမူရမည်ဖြစ်ပြီး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ကြရန် အလေးထားမှာကြားခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးတာဝန်ရှိသူများနှင့် သင်တန်းသား/သူများတက်ရောက်ခဲ့ကြပြီး သင်တန်းကို ဇန်နဝါရီလ ၉ ရက်မှ ၂၀ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၁၀-၁-၂၀၂၃)

 

  • လာမည့်ရွေးကောက်ပွဲများတွင် ယခင်ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူအနိုင်ရသည့် (FPTP) စနစ်အစား မြန်မာနိုင်ငံနှင့်သင့်လျော်သည့် ရိုးရှင်းလွယ်ကူသော Closed List PR စနစ်ကို ကျင့်သုံးမည်ဖြစ်

Add new comment