ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အကျိုးကာကွယ်စောင့်ရှောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့် ဦးဆောင်၍ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အကျိုးကာကွယ်စောင့်ရှောက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၆ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင်-

  • ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်နိုင်ရေး၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးနေမှုနှင့် အသစ်ထုတ်ပေးနိုင်ရေး၊ အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ။
  • ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကြုံတွေ့လျက်ရှိသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ကာလတို/ကာလရှည်စီမံချက်များဖြင့် သာမန်မြန်မာနိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးပေးနိုင်ရေး သက် ဆိုင်ရာဝန်ကြီးဌာနများအကြား ပိုမိုညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းစေရေးကဏ္ဍပေါင်းစုံမှ ထိရောက်စွာဆောင်ရွက်သွားရန် ကိစ္စရပ်များနှင့်နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးခဲ့။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး၊ ကောင် စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁-၂၀၂၃)

 

  • ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အကျိုးကာကွယ်စောင့်ရှောက် နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်နိုင်ရေး၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးနေမှုနှင့် အသစ်ထုတ်ပေးနိုင်ရေး၊ အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့။

Add new comment