ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြန်မာနိုင်ငံဆိုင်ရာနီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire နှင့် တွေ့ဆုံဆွေးနွေး

         သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် မြန်မာနိုင်ငံဆိုင်ရာနီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire ကို ဇန်နဝါရီလ ၅ ရက်တွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံနှစ်နိုင်ငံဗုဒ္ဓတက္ကသိုလ်များအကြား ဗုဒ္ဓဘာသာဆိုင်ရာကိစ္စရပ်များ၊ လုမ္ဗိနီ-ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ ယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေးဆိုင်ရာ အနုပညာ ဖျော်ဖြေရေးအဖွဲ့များ အပြန်အလှန်စေလွှတ်ရေးနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁-၂၀၂၃)

 

  • သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် မြန်မာနိုင်ငံဆိုင်ရာနီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံ နှစ်နိုင်ငံဗုဒ္ဓဘာသာဆိုင်ရာကိစ္စရပ် များ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့။

Add new comment