ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်တို့သည် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သောအဖွဲ့ကို ဇန်နဝါရီလ ၅ ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ အသီးသီးလက်ခံတွေ့ဆုံခဲ့ပါသည်။
-
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးခဲ့။
-
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် နှစ်နိုင်ငံခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တိုးမြှင့်လုပ်ဆောင်နိုင်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ခရီးသွားပြပွဲ များ၊ နှစ်နိုင်ငံခရီးသွားဧည့်သည်များ ပိုမိုလာရောက်နိုင်ရေးအတွက် လေကြောင်းပျံသန်းမှုအကြိမ်ရေ တိုးမြှင့်နိုင်ရေး၊ ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်ရာတွင် ကျန်းမာရေးအာမခံဝယ်ယူရေး အဆင်ပြေချောမွေ့မှုရှိစေရေး၊ ထိုင်း စီးပွားရေးလုပ်ကိုင်သူများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေးတို့အတွက် နှစ်နိုင်ငံကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့။
တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁-၂၀၂၃)
-
ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Mongkol Visitstump ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံရာတွင် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
Add new comment