ဇန်နဝါရီလ ၄ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပေါက်မြို့၊ ပေါက်-ပခုက္ကူသွားကားလမ်း ယောချောင်း၊ ရေပြာတံတားတွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များကို PDF အကြမ်းဖက်အဖွဲ့က သာလွန်အင်အား အသုံးပြု၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်လာမှုကို လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက စနစ်တကျဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် ထိခိုက်ကျဆုံးမှုများစွာဖြင့် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့ပါသည်။ ၎င်းတို့ ဆုတ်ခွာရာလမ်းကြောင်းပေါ်ရှိ နဂါးဘွက်ကျေးရွာမှ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ကျေးရွာသူ၊ ကျေးရွာသား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦးတို့ကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့ပါသည်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး PDF အကြမ်းဖက်အဖွဲ့များ၏ အလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။
အကြမ်းဖက်အဖွဲ့များအနေဖြင့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်တွင် အဖျက်အမှောင့်လုပ်ရပ်များလုပ်ဆောင်ရန် ရည်ရွယ်၍ အဖျက်အမှောင့်လုပ်ငန်းများပြုလုပ်ရန် ကြိုးပမ်းခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အသင့်ဖြစ်မှု၊ ရဲရဲဝံ့ဝံ့ တုံ့ပြန်တိုက်ခိုက်မှုတို့ကြောင့် ၎င်းတို့၏ရည်ရွယ်ချက် အောင်မြင်မှုမရှိဘဲ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေလုံခြုံရေးအတွက် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၁-၂၀၂၃)
- PDF အကြမ်းဖက်အဖွဲ့က မကွေးတိုင်းဒေသကြီး၊ ပေါက်-ပခုက္ကူသွားကားလမ်းပေါ်ရှိ ယောချောင်း၊ ရေပြာတံတားအား တိုက်ခိုက်ဖျက်ဆီးရန်ကြိုးပမ်းခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ကျေးရွာသူ၊ ကျေးရွာသား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦးတို့ကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့။
Add new comment