(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကျင်းပ

      ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်တွင် နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပရာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် အလံတင်တပ်စုက နိုင်ငံတော်စစ်တီးဝိုင်းနှင့်အတူ တိုင်းရင်း သား၊ တိုင်းရင်းသူများခြံရံ၍ နိုင်ငံတော်အလံကို လွှင့်တင်ပြီး အလေးပြုခဲ့ကြပါသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို (၁) စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ (၂) တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံ ရေးကို အမျိုးသားရေးလုပ်ငန်းစဉ်များအဖြစ် အစွမ်းကုန်ကြိုးစားဆောင်ရွက်ရေး၊ (၃) နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကို ရှေးရှုပြီး“ရှေ့သို့ချီမည်၊ ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal) ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သော နိုင်ငံတော်နှင့် လူမှုစီးပွားဘ၀တည်ဆောက်ရေး၊ (၄) အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်ရေး၊ (၅) လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပရေးနှင့် တိုင်းရင်းသားအားလုံး အချိုးကျကိုယ်စားပြုပါဝင်နိုင်သည့် ရွေးကောက်ပွဲစနစ်ဖြစ်ပေါ်လာစေရေး အမျိုးသားရေးဦးတည်ချက်များနှင့်အညီ အနှစ်သာရပြည့်ဝစွာ ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါ သည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၁-၂၀၂၃)

 

  • (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ဇန်နဝါရီလ ရက်တွင် နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပရာ နံနက် နာရီ မိနစ် ၂၀ တွင် အလံတင်တပ်စုက နိုင်ငံတော်စစ်တီးဝိုင်းနှင့်အတူ တိုင်းရင်း သား၊ တိုင်းရင်းသူများခြံရံ၍ နိုင်ငံတော်အလံကို လွှင့်တင်ပြီး အလေးပြုခဲ့။

Add new comment