ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်တွင် ကျရောက်သော (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသဝဏ်လွှာ ကောက်နုတ်ချက်မှာ-
- မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို လက်လွှတ်ဆုံးရှုံးခဲ့ရသော်လည်း တိုင်းရင်းသားခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့်အတူ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးတို့က ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကိုလိုနီနယ်ချဲ့နှင့် ဖက်ဆစ်တို့ကို စည်းလုံးညီညွတ်စွာ သက်စွန့်ကြိုးပမ်းတွန်းလှန်ခဲ့ခြင်းကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာကို ပြန်လည်ရယူနိုင်ခဲ့ကြပြီး ယခုအခါ (၇၅) နှစ်မြောက် စိန်ရတုအခါသမယသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း။
- ရရှိပြီးသောလွတ်လပ်ရေး တည်တံ့ခိုင်မြဲစေရေးအတွက် ပြည်တွင်းပြည်ပအဖျက်အမှောင့်များ၏ သွေးထိုးလှုံ့ဆော်မှုများ၊ ဖိအားပေးမှုများကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အမျိုးသားရေးအသိဖြင့် သတိကြီးစွာ ကာကွယ်ကြ ရမည်ဖြစ်သည့်အပြင် ဒို့တာဝန်အရေး ၃ ပါးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အစဉ်နှလုံးသွင်းလျက် စစ်မှန်၍ စည်းကမ်းပြည့်ဝပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် ကမ္ဘာတည်သရွေ့ ရပ်တည်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ကြရမည်ဖြစ်ကြောင်း။
- မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်ကပင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံသည့်အပြင် ပိုလျှံသော စိုက်ပျိုးရေးနှင့်မွေးမြူရေးထွက်ကုန်များအား အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများသို့ တင်ပို့နိုင်ခဲ့သဖြင့် ယခုအခါတွင် ကမ္ဘာ့နိုင်ငံများသို့ စားနပ်ရိက္ခာလုံခြုံမှု (Food Security) ပေးနိုင်သည့် နိုင်ငံဖြစ်လာရန် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း (KG+9) (အခြေခံပညာအလယ်တန်းအဆင့်) ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လာမည့်ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ ခုတွင် အထက် တန်းကျောင်းတစ်ကျောင်းစီကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာပညာရပ်များကို တွဲဖက်သင်ကြားပေးမည်ဖြစ်သည့်အပြင် MSME စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူရရှိစေရန် ရည်ရွယ်ပြီး အသက်မွေးဝမ်း ကျောင်းပညာရပ်များ သင်ကြားပေးသော ကျောင်းများကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း။
- နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများကို ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးဖြစ်အောင် အားပေးမြှင့်တင်ပြီး ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းကို ပြည်ပကတင်သွင်းနေရသူ Importer အဖြစ်မှ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်လျက် ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သူ Exporter အဖြစ်သို့ ရောက်ရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
- ချီးမြှင့်ထိုက်သူကိုချီးမြှင့်ခြင်း၊ ကျေးဇူးရှိသူကို ကျေးဇူးပြုခြင်းတို့သည် မင်္ဂလာတစ်ပါးဖြစ်သည့်အတွက် ကောင်းမွန်သောဆောင်ရွက်မှုများကို ဖော်ထုတ်ပြီး ချီးမြှင့်မှတ်တမ်းတင်ခြင်းကို အစဉ်အလာတစ်ခုဖြစ်သွားသည်အထိ ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း။
- (၇၅)နှစ်တာကာလအတွင်း အမြင်ချင်းမတူ၊ ခံယူချက်ချင်းမတူ၊ ရပ်တည်ချက်ချင်း မတူသော်လည်း အမိမြန်မာနိုင်ငံတော်အကျိုးအတွက် နယ်ပယ်အသီးသီးမှ ကဏ္ဍအမျိုးမျိုးဖြင့် သယ်ပိုးခဲ့ကြသူများကို ပုဂ္ဂိုလ်ရေးရာခွဲခြားခြင်းမရှိဘဲ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များကို ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း။
- ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သဘောတူညီချက်များအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုလည်း ဖော် ဆောင်လျက်ရှိကြောင်း။
- ပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် လွတ်လပ်၍တရားမျှတမှုရှိသော ပါတီစုံဒီမိုကရေစီရွေး ကောက်ပွဲဖြစ်ပေါ်လာစေရေး ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း။
- တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်ခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ကို အခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍ စုပေါင်းဆောင်ရွက်ခြင်းဖြင့် တွေ့ကြုံရမည့်အခက်အခဲဟူသမျှကို ရင်ဆိုင်ကျော်လွှားကာ နိုင်ငံတော်၏ အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်၊ နိုင်ငံရေးလုပ်ငန်းစဉ်(၂)ရပ်တို့ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပြီး ရှေ့သို့လှမ်းချီပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal) ဆိုသည့်ဆောင်ပုဒ်ကို လက်တွဲညီညီ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း။
ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်ကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အလေးအနက်ထားခံယူလျက် ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ပူးပေါင်းပါဝင် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းရင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၁-၂၀၂၃)
- ရရှိပြီးသောလွတ်လပ်ရေး တည်တံ့ခိုင်မြဲစေရေးအတွက် ပြည်တွင်းပြည်ပအဖျက်အမှောင့်များ၏ သွေးထိုးလှုံ့ဆော်မှုများ၊ ဖိအားပေးမှုများကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အမျိုးသားရေးအသိဖြင့် သတိကြီးစွာ ကာကွယ်ကြ ရမည်ဖြစ်။
- နိုင်ငံတော်အစိုးရအနေဖြင့် လာမည့်ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ တွင် အထက်တန်းကျောင်း တစ်ကျောင်းစီကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာပညာရပ်များကို တွဲဖက်သင်ကြားပေးမည်ဖြစ်သည့်အပြင် MSME စီးပွား ရေးလုပ်ငန်းများအတွက် အထောက်အကူရရှိစေရန် ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးသော ကျောင်းများကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိ။
- ပြည်ပကတင်သွင်းနေရသူ Importer အဖြစ်မှ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်လျက် ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သူ Exporter အဖြစ်သို့ ရောက်ရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်။
- ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)သဘောတူညီချက်များအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုလည်း ဖော် ဆောင်လျက်ရှိ။
- ပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် လွတ်လပ်၍တရားမျှတမှုရှိသော ပါတီစုံဒီမိုကရေစီရွေး ကောက်ပွဲဖြစ်ပေါ်လာစေရေး ဦးတည်ဆောင်ရွက်လျက်ရှိ။
Add new comment