(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကျင်းပ

      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကို ဒီဇင်ဘာလ ၄ ရက်၊ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဥပစာမြက်ခင်းပြင်၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ သတ်မှတ်နေရာအသီးသီး၌ နေရာယူကြပြီးနောက် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ် လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်များ ဆုချီးမြှင့်ခြင်းအစီအစဉ်ကို ကျင်းပခဲ့ရာ-

  • ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့က ဂုဏ်ပြုဆုရရှိခဲ့ကြသည့် ပြည်ထောင်စုဂုဏ်ပြုယာဉ် ၂ စီးနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုယာဉ် ၅ စီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂုဏ်ပြုယာဉ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာန ဂုဏ်ပြုယာဉ်များမှ အထူးဆုရရှိသည့် ဂုဏ်ပြုယာဉ်များကိုလည်းကောင်း၊
  • ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက တိုင်းဒေသကြီးနှင့် ပြည်နယ်ဂုဏ်ပြုယာဉ် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် ပြည်ထောင်စုဝန်ကြီးဌာန ဂုဏ်ပြုယာဉ်တတိယဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့အား လည်းကောင်း၊
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဂုဏ်ပြုယာဉ်ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် ပြည်ထောင်စုဝန်ကြီးဌာန ဂုဏ်ပြုယာဉ်ဒုတိယဆုရရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအားလည်းကောင်း၊
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၇၅)နှစ်မြောက်   စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ရှုခံရင်ပြင်သို့ လေထီးအလွတ်ခုန်ဆင်းသက်ပြီး နိုင်ငံတော်အကြီးအကဲအား ဂါရဝပြုခဲ့ကြ သည့် လေထီးအရာရှိ၊ စစ်သည်၊ စစ်သမီးနှင့် အခြားအဆင့် လေထီးစစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဂုဏ်ပြုယာဉ် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည် ထောင်စုဝန်ကြီးဌာန ဂုဏ်ပြုယာဉ်ပထမဆုရရှိသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့အားလည်းကောင်း ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အသီးသီးပေး အပ်ချီးမြှင့်ခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာကို အတူတကွသုံးဆောင်ခဲ့ပြီးနောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့စာတန်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းတံဆိပ်၊ တို့ဗမာအစည်းအရုံးတံဆိပ်၊ BIA တံဆိပ်၊ BDA တံဆိပ်၊  လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားသရုပ်ဖော်ပုံ၊ လွတ်လပ်ရေးကျောက်တိုင်ပုံ၊ တပ်မတော်မှ ယာဉ်ယန္တရားများ၊ ရေငုပ်သင်္ဘောနှင့် လေယာဉ်ပုံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ပုံ၊ မြန်မာနိုင်ငံမြေပုံတို့ကို Drone ယာဉ်ငယ်များဖြင့် သရုပ်ပြလွှတ်တင်မှုနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ပဒေသာကပွဲကျင်းပမည့်နေရာသို့ ရောက်ရှိကြပြီး ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တေးသံရှင်များနှင့် အနုပညာရှင်များနှင့် နိုင်ငံကျော် တေးသံရှင်များ၏ တေးသံသာများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့် ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ဇနီးများ၊ ဒုတိယသမ္မတ(ငြိမ်း)များ ဖြစ်သော သရေစည်သူ ဒေါက်တာစိုင်းမောက်ခမ်းနှင့် သရေစည်သူ ဦးဉာဏ်ထွန်းတို့နှင့် ၎င်းတို့၏ ဇနီးများ၊ ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲများ၏ မိသားစုဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တပ်မတော်မှ အငြိမ်းစားဗိုလ်ချုပ်ကြီးများနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တပ်မတော်မှအရာရှိကြီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝင်များ၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် NCA စာချုပ်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ အနုပညာရှင်များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက် ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၅-၁-၂၀၂၃)

 

  • (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကို နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဥပစာမြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့။
  • နိုင်ငံတော်ဝန်ကြီးချုပ်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြု သောအားဖြင့် ဗိုလ်ရှုခံရင်ပြင်သို့ လေထီးအလွတ်ခုန်ဆင်းသက်ခဲ့သည့် လေထီးအရာရှိ၊ စစ်သည်၊ စစ်သမီးနှင့် အခြားအဆင့်လေထီးစစ်သည်၊ စစ်သမီး များအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဂုဏ်ပြုယာဉ် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုဝန်ကြီးဌာန ဂုဏ်ပြုယာဉ်ပထမဆုရရှိသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများထံသို့ ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့။

Add new comment