(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

        ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်မှာ-

  • လွတ်လပ်ရေးဆိုတာ ဖျတ်ကနဲဆုံးရှုံးသွားတတ်တဲ့သဘောရှိပြီး ဆုံးရှုံးသွားပြီးမှ ပြန်လည်ရယူဖို့ကြိုးစားတာဟာ နှစ်နဲ့ချီပြီးကြာရှည်တတ်တဲ့သဘောရှိတဲ့အတွက် လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာ ကမ္ဘာတည်သရွေ့ အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ အတူလက်တွဲပြီး ဆက်လက်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြဖို့ အလေးအနက်ထား တိုက်တွန်းပြောကြားလို။
  • ဘုရင်ခေတ်ကနေ ယနေ့အထိ ဖြတ်သန်းလာရတဲ့ အတွေ့အကြုံတွေအရ ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် အသင့်လျော်ဆုံး နိုင်ငံရေးရည်မှန်းချက် ၂ ရပ်ကိုချမှတ်ခဲ့။
  • ဒီနိုင်ငံရေးရည်မှန်းချက် ၂ ရပ်က စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးတို့ဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ခိုင်မာစွာ အာမခံ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိ။
  • ဒီမိုကရေစီနဲ့ပတ်သက်ပြီး အများဆန္ဒအတိုင်းဆောင်ရွက်ရသကဲ့သို့ လူနည်းစုဆန္ဒကိုလည်း အလေးထားရန်လိုအပ်၊ မိမိနဲ့ အယူအဆ၊ ဆန္ဒမကိုက်ညီသူကို ရန်သူကဲ့သို့ သဘောထားပြီး ခွဲခြားဆက်ဆံခြင်းများ၊ ဖယ်ကြဉ်ထားခြင်းများဟာ ဒီမိုကရေစီစနစ်နဲ့ လုံးဝကိုက်ညီမှုမရှိ၊ ပုဂ္ဂိုလ်ရေးအရ လွန်ကဲစွာ ယုံကြည်ကိုးကွယ်ခြင်းဟာလည်း လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုများကို ဖြစ်ပေါ်စေနိုင်ပြီးတော့ အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်တဲ့အတွက် ဒီမိုကရေစီ စနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်ကြောင်း တွေ့ရမှာဖြစ်။
  • ဖက်ဒရယ်စနစ်နဲ့ပတ်သက်လို့ အနှစ်သာရအနေနဲ့ ပေါင်းစည်းခြင်းနှင့် သဟဇာတဖြစ်မှုပဲဖြစ်၊ ဒီလိုဆောင်ရွက်ရာမှာ တစ်ဦးနဲ့တစ်ဦး စိတ်ရှည်သည်းခံမှု၊ နားလည်ခွင့်လွှတ်မှု၊ ညီရင်းအစ်ကို မောင်ရင်းနှမစိတ်ဓာတ်တို့ဖြင့် စစ်မှန်စည်း ကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ကြဖို့ အလေးအနက်ထား တိုက်တွန်းလို။
  • နိုင်ငံတော်အနေနဲ့ အမျိုးသားရေးမူဝါဒနှစ်ရပ်ဖြစ်တဲ့ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာဖူလုံရေးကို ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
  • ကျွန်တော်တို့နိုင်ငံအနေနဲ့ ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေးနဲ့ဖူလုံရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့ အလားအလာကောင်းများ ပိုင်ဆိုင်နေတဲ့နိုင်ငံဖြစ်၊ တစ်ချိန်က အလေးထားပြောကြားခဲ့ကြတဲ့ လယ်ယာစိုက်ပျိုးရေးစွမ်းအားရှိတဲ့ (Agricultural Power Country) နိုင်ငံဖြစ်လာနိုင်တဲ့ နိုင်ငံဖြစ်။
  • လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုတာ လူတိုင်း၊ နိုင်ငံတိုင်းရဲ့ လိုလားချက်၊ မျှော်လင့်ချက်ဖြစ်၊ ဒီလိုလားချက်၊ မျှော်လင့်ချက်ကို ကျွန်တော်တို့အရှိန်အဟုန်မြှင့်တင် ဖြည့်ဆည်းကြမည်၊ ကျွန်တော်တို့တစ်တွေ လုံ့လဝီရိယ ခွန်အားစိုက်ထုတ်‌ ဆောင်ရွက်ဖို့သာလို။
  • ကျွန်တော်တို့အစိုးရအနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာမှာ ဖြစ်နိုင်တာတွေကို ပြည်သူလူထုတစ်ရပ်လုံးအကျိုးကိုရှေးရှုပြီး လက်တွေ့ ကျကျ ဆောင်ရွက်သွားမည်။
  • နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကိုရှေးရှုပြီး ရှေ့သို့ချီမည် ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal)ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝကို တည်ဆောက်လျက်ရှိ။
  • ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံကိုတည်ဆောက်ရာမှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံးဟာ သိသင့်သိထိုက်၊ ရှိသင့်ရှိထိုက်တဲ့ တွေးခေါ်မြော်မြင်မှုတွေ၊ အသိပညာဗဟုသုတတွေ ရှိနေဖို့လို။
  • ကျောင်းနေအရွယ်ကလေးအားလုံး၊ ပညာသင်ယူရမယ့်အရွယ်အားလုံး ပညာသင်ယူခွင့်ရရှိစေရန်နဲ့ အခြေခံပညာအလယ်တန်းအဆင့် KG+9 ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေးဟာ နိုင်ငံတော်အစိုးရရဲ့ ပညာရေးရည်မှန်းချက်ဖြစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းဟာ အနာဂတ်နိုင်ငံတော်၊ ဒီမိုကရေစီစနစ်အတွက် များစွာအခိုင်အမာဖြစ်စေမည်။
  • မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး အားကစားမှာ ထူးချွန်တဲ့ သက်ဆိုင်ရာဒေသကိုယ်စားပြု၊ နိုင်ငံကိုယ်စားပြုသူများအဆင့်မှ ကမ္ဘာ့အဆင့်ထိ ထိုးဖောက်ပြီး အားကစားဖြင့် နိုင်ငံနှင့်လူမျိုးရဲ့ဂုဏ်ကို မြှင့်တင်နိုင်ရေး အတွက် မျိုးဆက်သစ်များ မွေးထုတ်ရေးကိုလည်း ရည်မှန်းချက်ထား ဆောင်ရွက်သွားကြရမည်။
  • တိုင်းပြည်စီးပွားရေးနဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးမြင့်လာဖို့ အသေးစား၊ အငယ်စားနဲ့ အလတ်စားကုန်ထုတ်လုပ်မှု MSME လုပ်ငန်းများ အောင်မြင်အောင် အားပေးဆောင်ရွက်လျက်ရှိ။
  • အိမ်သုံးနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းသုံးအတွက် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ထုတ်လုပ်နိုင်ဖို့နဲ့ လုံလောက်စွာရရှိဖို့အတွက် နည်းလမ်းများ ရှာဖွေဆောင်ရွက်လျက်ရှိ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်တဲ့ ရေအားနဲ့နေရောင်ခြည်စွမ်း အင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများဆောင်ရွက်နိုင်ခဲ့ပြီး အလားအလာရှိတဲ့ လေအားလျှပ်စစ်၊ ရေအားလျှပ်စစ်စီမံကိန်းတွေအပါအဝင် အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုပြီး လျှပ်စစ်ကဏ္ဍအပါအဝင် အခြားအကျိုးပြု ကဏ္ဍများမှာ အသုံးပြုနိုင်ရေးကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်။
  • ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် လူမှုရေးဦးတည်ချက်တစ်ခုဖြစ်တဲ့တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုတဲ့ ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို ပြန်လည်ဖော်ထုတ်ပေးဖို့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို နိုင်ငံတော်အဆင့် ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်အောင်မြင်စွာ ပြန်လည်ကျင်းပပေးနိုင်ခဲ့။
  • ကျွန်တော်တို့အနေနဲ့ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှု၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းလျက်ရှိ။
  • နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံတကာရေးရာတွေမှာ နိုင်ငံအားလုံးတန်းတူရည်တူရှိမှုနဲ့ မိတ်ဝတ်မပျက် မိတ်ဆွေအဖြစ် ဆက်ဆံရေးတို့ကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိ၊ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ အထူးသဖြင့် နီးကပ်စွာ ဆက်သွယ်ဆက် ဆံပူးပေါင်းဆောင်ရွက်လျက်ရှိ။
  • ကျွန်တော်တို့အစိုးရအနေနဲ့ ကျွန်တော်တို့ နိုင်ငံနယ်မြေကို အသုံးပြုပြီး အိမ်နီးချင်းမိတ်ဆွေနိုင်ငံတွေအပေါ် ဆန့်ကျင်မယ့် မည်သည့်အဖွဲ့အစည်းကိုမှ လက်ခံသွားမည် မဟုတ်ဆိုတဲ့ အိမ်နီးချင်းနိုင်ငံများ၏ တည်ငြိမ်အေးချမ်းမှု၊ အတူ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အလေးထားတဲ့မူဝါဒကို လက်တွေ့ကျင့်သုံးလျက်ရှိသလို ကမ္ဘာ့အင်အားကြီး နိုင်ငံများနဲ့လည်း နီးစပ်စွာ ဆက်သွယ်ဆက်ဆံဆောင်ရွက်လျက်ရှိ။
  • ကျွန်တော်တို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့အကျိုးကိုလိုလားတဲ့ မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိ။
  • တပ်မတော်အနေနဲ့ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမှုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်ကနေ ၂၀၂၂ ခုနှစ်အကုန်အထိ ၄ နှစ်တာ ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို NCA လမ်းကြောင်းပေါ် လျှောက် လှမ်းကြဖို့၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်ခဲ့။
  • အခုလည်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ဒီဇင်ဘာလ ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို သက်တမ်းတိုးမြှင့်ပေးထား၊ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနဲ့ ကြုံတွေ့ခဲ့ရတဲ့ ကျွန်တော် တို့နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးကိုရှေးရှုငဲ့ကွက်ပြီး သက်ဆိုင်သူအားလုံးက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကစပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နောင် မျိုးဆက်သစ်များကို ငြိမ်းချမ်းရေး အမွေပေးခဲ့ကြပါစို့လို့ တိုက်တွန်းပြောကြားလို။
  • ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်ရဲ့ နောက်ဆုံးအချက်မှာ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နဲ့အညီ လွတ်လပ်ပြီး တရားမျှတ တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားတဲ့အတိုင်း ဆောင်ရွက် လျက်ရှိ။
  • တိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့အခွင့်အရေးတွေ၊ နစ်နာမှုတွေကို ဥပဒေပြုရေးကဏ္ဍမှာ အမြင့်ဆုံးဖြစ်တဲ့ လွှတ်တော်မှာ တရားဝင်ပြောဆိုခွင့်၊ ဆွေးနွေးခွင့်၊ ကျယ်ပြန့်စွာ ကိုယ်စားပြုခွင့်ရရှိရေးအတွက် ရွေးကောက်ပွဲကို အချိုးကျ ကိုယ်စားပြု (PR) စနစ်ဖြင့် ကျင်းပနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံဆွေးနွေးလျက်ရှိ။
  • ရွေးကောက်ပွဲများ ကျင်းပရာမှာလည်း နိုင်ငံသားတစ်ဦးချင်းရဲ့ ဆန္ဒသဘောတရားကို လွတ်လပ်စွာဖော်ထုတ်နိုင်ဖို့ ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက်တွန်းမှု၊ လူအုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှု စတဲ့မတရားမှုများ ကင်းဝေးရ မည်။
  • ကျွန်တော်တို့အစိုးရအနေနဲ့ တစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့၊ မဲပေးကြမည့်နိုင်ငံသားအားလုံး မတရားမှုများမှ ကင်းဝေးစေဖို့ ကြိုးစားဆောင်ရွက်လျက်ရှိ။
  • ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ လွတ်လပ်ပြီးကာလ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရေး ကြိုးပမ်းမှုသမိုင်းတွေမှာ ကိုယ်ကျိုးမငဲ့ တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ အဖွဲ့ အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ အများအပြားရှိခဲ့။
  • ၎င်းအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များဟာ မည်သို့ပင် အယူဝါဒကွဲပြားခဲ့ကြသည်ဖြစ်စေ၊ ခံယူချက်ကွဲပြားခဲ့ကြသည်ဖြစ်စေ နိုင်ငံတော်ကို တည်ဆောက်ခဲ့ကြသူများဖြစ်၊ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ခဲ့သူများဖြစ်။
  • ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံ့တာဝန်ကို ခေတ်အဆက်ဆက်ကြိုးပမ်း တာဝန်ကျေခဲ့သူများ၊ နိုင်ငံအတွက်အသက်ခန္ဓာ စွန့်လွှတ်ခဲ့သူများကို ဘွဲ့ထူး၊ ဂုဏ်ထူးများ ချီးမြှင့်ခြင်းဖြင့် ဂုဏ်ယူအသိအမှတ်ပြုခဲ့။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၁-၂၀၂၃)

 

  • ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ အနှစ်သာရအနေဖြင့် ပေါင်းစည်းခြင်းနှင့် သဟဇာတဖြစ်မှုပဲဖြစ်၊ ထိုသို့ဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး စိတ်ရှည်သည်းခံမှု၊ နားလည်ခွင့်လွှတ်မှု၊ ညီရင်းအစ်ကိုမောင်ရင်းနှမစိတ်ဓာတ်တို့ဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ကြရန် အလေးအနက်ထားတိုက်တွန်းလို။
  • လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးသည် လူတိုင်း၊ နိုင်ငံတိုင်း၏ လိုလားချက်၊ မျှော်လင့်ချက်ဖြစ်၊ ထိုလိုလားချက်၊ မျှော်လင့်ချက်ကို မိမိတို့ အရှိန်အဟုန်မြှင့်တင် ဖြည့်ဆည်းကြမည်။
  • နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကို ရှေးရှုပြီးရှေ့သို့ချီမည် ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal) ဆိုသည့် ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သော နိုင်ငံတော်နှင့် လူမှုစီးပွားဘဝကို တည်ဆောက်လျက်ရှိ။
  • နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးလျက်ရှိ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှု၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းလျက်ရှိ။
  • တပ်မတော်အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမှုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၂၂ ခုနှစ်အကုန်အထိ နှစ်တာ ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို NCA လမ်းကြောင်းပေါ် လျှောက်လှမ်းကြရန်၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ခဲ့။
  • ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့ကစပြီး ဒီဇင်ဘာလ ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို သက်တမ်းတိုးမြှင့်ပေးထား။
  • လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနဲ့ ကြုံတွေ့ခဲ့ရသည့် မိမိတို့နိုင်ငံနှင့် ပြည်သူများ၏ အကျိုးကိုရှေးရှုငဲ့ကွက်ပြီး သက်ဆိုင်သူအားလုံးက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးကို (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကစပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နောင်မျိုးဆက်သစ်များကို ငြိမ်းချမ်းရေး အမွေပေးခဲ့ကြပါရန် တိုက်တွန်းပြောကြားလို။
  • တိုင်းရင်းသားများအနေဖြင့် ၎င်းတို့၏အခွင့်အရေးများ၊ နစ်နာမှုများကို ဥပဒေပြုရေးကဏ္ဍတွင် အမြင့်ဆုံးဖြစ်သည့် လွှတ်တော်၌ တရားဝင်ပြောဆိုခွင့်၊ ဆွေးနွေးခွင့်၊ ကျယ်ပြန့်စွာ ကိုယ်စားပြုခွင့်ရရှိရေးအတွက် ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြု (PR) စနစ်ဖြင့် ကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိ။
  • ရွေးကောက်ပွဲများ ကျင်းပရာတွင်လည်း နိုင်ငံသားတစ်ဦးချင်း၏ ဆန္ဒသဘော တရားကို လွတ်လပ်စွာဖော်ထုတ်နိုင်ရန် ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက်တွန်းမှု၊ လူအုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှုစသည့် မတရားမှုများ ကင်းဝေး ရမည်။
  • မိမိတို့အစိုးရအနေဖြင့် နိုင်ငံ့တာဝန်ကို ခေတ်အဆက်ဆက်ကြိုးပမ်း တာဝန်ကျေခဲ့ သူများ၊ နိုင်ငံအတွက်အသက်ခန္ဓာ စွန့်လွှတ်ခဲ့သူများကို ဘွဲ့ထူး၊ ဂုဏ်ထူးများ ချီးမြှင့်ခြင်းဖြင့် ဂုဏ်ယူအသိအမှတ်ပြုခဲ့။

 

Add new comment