၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်တွင် နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ပြုစစ်ကြောင်းများ၏ အလေးပြုခြင်းကို ခံယူခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် အခမ်းအနားကျင်းပမည့် ဥပစာရင်ပြင်ရှိ အလေးပြုခံစင်မြင့်သို့ ရောက်ရှိရာ စစ်ရေးပြမှူးကြီး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်အောင် ဦးဆောင်သော နိုင်ငံတော်အလံအဖွဲ့နှင့် စစ်ရေးပြတပ်ရင်းများက အလေးပြုကြစဉ် အမြောက်တပ်ဖွဲ့က အမြောက်(၂၁)ချက် ပစ်ဖောက်ဂုဏ်ပြု၍ စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ငြိမ်းချမ်းရေး ချိုးဖြူ ငှက်အကောင် (၇၅၀)ကို လွှတ်တင်ခဲ့ပြီးနောက် အခမ်းအနားအစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် စစ်ရေးပြတပ်ရင်း၊ ဂုဏ်ပြုယာဉ်များ၊ တပ်မတော်နှင့် ပြည်ထဲရေးမှ ယန္တရားတပ်ခွဲများကို မော်တော် ယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးပြီးနောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ မိန့်ခွန်းပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ကို တပ်မတော်(လေ)မှ စမ်းသပ်ထုတ်လုပ်သည့် MTX-1A အပါအဝင် PT-6 လေယာဉ် ၁၅ စီးဖြင့် အင်္ဂလိပ်အက္ခရာ 75 ပုံစံအုပ်ဖွဲ့၍ပျံသန်းအလေးပြုပြီးနောက် စစ်ရေးပြမှူးကြီး ဦးဆောင်သည့် နိုင်ငံတော်အလံအဖွဲ့၊ တပ်မတော်(ကြည်း) အလံတော်အဖွဲ့၊ တပ်မတော်(ကြည်း)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲများက တပ်ရင်း(၁)အဖြစ်လည်းကောင်း၊ တပ်မတော်(ရေ) အလံတော်အဖွဲ့၊ တပ်မတော် (ရေ)၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲများနှင့် တပ်မတော် (ကြည်း) စစ်တီးဝိုင်း အဖွဲ့တို့က တပ်ရင်း(၂)အဖြစ် လည်းကောင်း၊ တပ်မတော်(လေ)အလံတော်အဖွဲ့၊ တပ်မတော် (လေ)၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲများက တပ်ရင်း(၃)အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အလံတော်အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တီးဝိုင်းတပ်ခွဲတို့က တပ်ရင်း(၄)အဖြစ်လည်း ကောင်း ချီတက်အလေးပြုကြပါသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အလံတော်အဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲများက တပ်ရင်း(၅)အဖြစ်လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အလံတော်အဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲများနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ တီးဝိုင်းတို့က တပ်ရင်း(၆)အဖြစ်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အလံတော်အဖွဲ့၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ များက တပ်ရင်း(၇)အဖြစ် လည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အလံတော်အဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲများနှင့် အ.ထ.က(၁)နေပြည်တော်၊ ကျောင်းသားကျောင်းသူလေးများ၏ ဘင်ခရာအဖွဲ့တို့ကတပ်ရင်း(၈)အဖြစ်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အလံတော်အဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲများက တပ်ရင်း(၉)အဖြစ်လည်းကောင်း၊ နိုင်ငံတော်ဗဟိုစစ်တီးဝိုင်းကလည်းကောင်း ချီတက် အလေးပြုကြပါသည်။
ထိုသို့ချီတက်အလေးပြုနေစဉ်အတွင်း Mi-35 P ရဟတ်ယာဉ်က နိုင်ငံတော်အလံကို ချိတ်ဆွဲပြီး Eurocopter ရဟတ်ယာဉ် ၂ စီးတို့က စောင့်ကြပ်လိုက်ပါပျံသန်း၍ လည်းကောင်း၊ Mi-2 , H-120, H-125 လေယာဉ်များ အုပ်ဖွဲ့ပျံသန်း၍လည်းကောင်း၊ Y-12 သယ်ယူပို့ဆောင်ရေးလေယာဉ် ၃ စီး အုပ်ဖွဲ့ပျံသန်း၍လည်းကောင်း၊ ATR 72 သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးနှင့် Beech သယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စီးတို့ကအုပ်ဖွဲ့ ပျံသန်း၍လည်းကောင်း၊ Fokker 70 သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီးနှင့် MiG-29 ဘက်စုံသုံးတိုက်လေယာဉ် ၂ စီးတို့က အုပ်ဖွဲ့ပျံသန်း၍လည်းကောင်း၊ K-8 W ဂျက်တိုက်လေယာဉ် ၅ စီးက (Smoke Trail ) အသုံးပြုပြီး နိုင်ငံတော်အလံကိုယ်စားပြုအရောင်များ ထုတ်လွှတ်ကာ အုပ်ဖွဲ့ပျံသန်း၍ လည်းကောင်း၊ A-5 ဗုံးကြဲလေယာဉ်တစ်စီးနှင့် Yak - 130 ဂျက်တိုက်လေယာဉ် ၃ စီးတို့က အုပ်ဖွဲ့ပျံသန်း၍လည်းကောင်း၊ F-7 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် ၄ စီးတို့ကအုပ်ဖွဲ့ပျံသန်း၍လည်းကောင်း၊ FTC-2000 G ဂျက်တိုက်လေယာဉ် ၄ စီးတို့က အုပ်ဖွဲ့ပျံသန်း၍လည်းကောင်း အလေးပြုခဲ့ကြပါသည်။
နေပြည်တော်ကောင်စီနယ်မြေရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူလေးများက “(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့” (၄-၁-၂၀၂၃) စာသား၊ “75th Anniversary of Diamond Jubilee Independence Day ”(4.1.2023) စာသား၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံပုံရိပ်၊ “စည်းလုံးခြင်းသည်အင်အား” စာသား၊ စည်းလုံး ညီညွတ်မှု၏ အရေးပါမှုကို သရုပ်ဖော်ထားသည့် ထင်းစည်းချိုးရုပ်ထုအား တိုင်းရင်းသား လူမျိုး(၈)မျိုး ခြံရံထားသည့် ပုံရိပ်၊ “လွတ်လပ်ရေးကို ကာကွယ်ပါ” ဆိုသည့် သရုပ်ဖော်စာလုံး၊ ချိုးဖြူငှက်က သံလွင်ခက်ကိုချီ၍ ပျံသန်းနေသည့်ပုံရိပ်၊ “ရှေ့သို့ချီမည်၊ ပန်းတိုင်ဆီ” စာသား၊ “Keep Moving Forward to Achieve Our Goal” စာသား၊ “ပြန်လည်ဆုံတွေ့ကြပါစို့” စာသားတို့ကို ညီညာ လှပစွာ သရုပ်ဖော်တင်ဆက်ပြသကြပါသည်။
အလွတ်ခုန်လေထီးအဖွဲ့မှ လေထီးအရာရှိစစ်သည်၊ စစ်သမီးနှင့် အခြားအဆင့်လေထီးစစ်သည်၊ စစ်သမီး စုစုပေါင်း (၇၅)ဦးတို့က ဝေဟင်အမြင့်ပေ ၇,၅၀၀ မှ အလွတ်ခုန်၍ တပ်မတော်အလံ၊ ကြည်း၊ ရေ၊ လေ အလံများ၊ နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုအလံများ၊ ဝန်ကြီးဌာနကိုယ်စားပြုအလံများ၊ ကာကွယ်ရေးအလံနှင့် ရောင်စုံအလံများ ချိတ်ဆွဲသယ်ဆောင်ကာ ဝေဟင်ထက်မှ မြေပြင်သို့ဆင်းသက်၍ ချီတက်အလေးပြုကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကို စိန်ရတုလွတ်လပ်ရေးနေ့ ဦးဆောင်ဂုဏ်ပြုယာဉ်ဖြင့်လည်းကောင်း၊ ဘုရင်၊ အိမ်ရှေ့စံ၊ မိဖုရားများ၊ သားတော်သမီးတော်များ၊ ရံရွေတော်များ၊ ဝန်ကြီးများ၊ ပညာရှိအမတ်များ၊ စစ်သူကြီးများ၊ သူဌေးသူကြွယ်များ၊ ဆွေတော်မျိုးတော်များ၊ ဆင်၊ မြင်း၊ ဗိုလ်ပါမူးမတ်များနှင့် ရဲမက်တော်များပါဝင်သည့် ရာဇဝင်းခင်း၍လည်းကောင်း ချီတက်အလေးပြုကြပါသည်။
ထို့နောက် တပ်မတော်၏ခေတ်အဆက်ဆက်ကို ဖော်ညွှန်းသည့်တပ်ခွဲများဖြစ်သော BIA တပ်ခွဲ၊ BDA တပ်ခွဲ၊ BNA တပ်ခွဲ၊ PBF တပ်ခွဲ၊ BA တပ်ခွဲ၊ ဘယ်ရီတပ်ခွဲ၊ ဂေါ်ရခါးတပ်ခွဲ၊ ပွိုင့် ၃၀၃ တပ်ခွဲ၊ ၅၂ စတင်းတပ်ခွဲတို့နှင့်အတူ တပ်မတော်(ကြည်း) ဂုဏ်ပြုယာဉ်အမှတ်(၁)က လိုက်ပါချီတက်၍လည်းကောင်း၊ တပ်မတော်(ကြည်း)ဂုဏ်ပြုယာဉ် အမှတ်(၂)ကလည်းကောင်း၊ မြန်မာ့တပ်မတော်မှ စစ်သမီးများက မြန်မာ့သိုင်းစွမ်းရည်သရုပ်ပြသ၍လည်းကောင်း၊ တပ်မတော်(ကြည်း)ဂုဏ်ပြုယာဉ် အမှတ်(၃)က လည်းကောင်း၊ မြန်မာ့တပ်မတော်မှ စစ်သည်များက မြန်မာ့သိုင်းစွမ်းရည်သရုပ်ပြသ၍ လည်းကောင်း၊ တပ်မတော်(ရေ)ဂုဏ်ပြုယာဉ်ကလည်းကောင်း၊ အကြမ်းဖက်နှိမ်နင်းရေးတပ်နှင့် လုံခြုံရေးတပ်ရင်းမှ စစ်သည်များက စွမ်းရည် ပြကွက်များ ပြသ၍လည်းကောင်း၊ တပ်မတော်(လေ)ဂုဏ်ပြုယာဉ်ကလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စစ်သည်များနှင့် ရဲမေများက စွမ်းရည်ပြကွက်များ ပြသ၍လည်းကောင်း ချီတက်အလေးပြုကြပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ထင်ရှားသည့် အထိမ်းအမှတ်များ၊ လူနေမှုစရိုက်လက္ခဏာများ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ထုတ်ကုန်များကို သရုပ်ဖော်ပြသထားသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ဂုဏ်ပြုယာဉ်များနှင့်ဖျော်ဖြေရေးအဖွဲ့များက တေးသီချင်း အကအလှများဖြင့်လည်းကောင်း၊ ဝန်ကြီးဌာနအသီးသီးတို့မှ ဂုဏ်ပြုယာဉ်များက ဝန်ကြီးဌာနအလိုက် ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို သရုပ်ဖော်ပြ သ၍လည်းကောင်း ချီတက်သရုပ်ပြ ဖျော်ဖြေတင်ဆက်ကြပြီးနောက် ယန္တရားစစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းသိန်း ဦးဆောင်သည့် ယန္တရားစစ်ကြောင်းတွင် ခေတ်လွန်အမြောက်ယန္တရားတပ်ခွဲ၊ ခေတ်လွန်သံချပ်ကာယန္တရားတပ်ခွဲ၊ အမြောက်တပ်ဖွဲ့ ယန္တရားတပ်ခွဲ၊ ဒုံးတပ်ဖွဲ့ယန္တရားတပ်ခွဲ၊ သံချပ်ကာတပ်ဖွဲ့ယန္တရားတပ်ခွဲ၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ယန္တရားတပ်ခွဲ၊ စစ်အင်ဂျင်နီယာတပ်ဖွဲ့ယန္တရားတပ်ခွဲ၊ တပ်မတော်(ရေ)ယန္တရားတပ်ခွဲ၊ ပြည်ထဲရေးဝန်ကြီးဌာနယန္တရားတပ်ခွဲတို့ လိုက်ပါချီ တက်ပြီး အလေးပြုခဲ့ကြပါသည်။
ထိုသို့ချီတက်အလေးပြုနေစဉ် တပ်မတော်(လေ)မှ K-8 W ဂျက်တိုက်လေယာဉ်များ အုပ်စုဖွဲ့ပြီး နိုင်ငံတော်အလံကိုယ်စားပြု အရောင်များဖြစ်သည့် အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင် Smoke Trail များထုတ်လွှတ်၍ပျံသန်းခြင်း၊ Su-30 ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် ၂ စီးနှင့် MIG-29 ဘက်စုံသုံးတိုက်လေယာဉ် ၂ စီးတို့က Composite Box Formation ဖြင့်အုပ်ဖွဲ့ပျံသန်းခြင်းနှင့် Fan Break ခေါ်ယပ်တောင်ပုံစံဖြင့် ဖြန့်ခွဲပျံသန်းခြင်းများဆောင်ရွက်၍ အလေးပြုကြပြီးနောက် စိန်ရတုလွတ်လပ်ရေးဂုဏ်ပြုယာဉ်နှင့်အတူ ယဉ်ကျေးမှုအကအဖွဲ့များက “ပြည့်ရတနာသီချင်း” ဖြင့် ကပြဖျော်ဖြေတင်ဆက် ချီတက်အလေးပြုကြပြီး Su-30 ဘက်စုံသုံးအကြီးစား တိုက်လေယာဉ်တစ်စီးက တိုက်လေယာဉ်များ၏ အဆင့်မြင့် လှုပ်ရှား စစ်ကစားမှု High Performance Maneuver များကိုစွမ်းရည်ပြ ပျံသန်းခြင်းများ ဆောင်ရွက်၍ ပျံသန်းအလေးပြုကြပြီး Day Time Colour Smoke မီးရှုးမီးပန်းများ ဂုဏ်ပြုပစ်ဖောက်ခဲ့ကြပါသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနား ကျင်းပရာ ဥပစာရင်ပြင်မှ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ဒုတိယသမ္မတ(ငြိမ်း) သရေစည်သူ ဒေါက်တာ စိုင်းမောက် ခမ်းနှင့်ဇနီး၊ ဒုတိယသမ္မတ(ငြိမ်း) သရေစည်သူ ဦးဉာဏ်ထွန်းနှင့် ဇနီး၊ ခေတ်အဆက်ဆက်နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲများ၏ မိသားစုဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များ၊ တပ်မတော်မှ အငြိမ်းစားဗိုလ်ချုပ်ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝင်များ၊ စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများ၊ NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်မှ အရာရှိကြီးများ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ အနုပညာရှင် များ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၁-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်အား စစ်ရေးပြမှူးကြီး ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင် ဦးဆောင်သော နိုင်ငံတော်အလံ အဖွဲ့နှင့် စစ်ရေးပြတပ်ရင်းများက အလေးပြုကြစဉ် အမြောက်တပ်ဖွဲ့က အမြောက် ၂၁ ချက် ပစ်ဖောက်ဂုဏ်ပြု၍ စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ငြိမ်းချမ်းရေး ချိုးဖြူငှက်အကောင် (၇၅၀)ကို လွှတ်တင်ခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကို တပ်မတော်(လေ)မှ စမ်းသပ်ထုတ်လုပ်သည့် MTX-1A အပါအဝင် PT-6 လေယာဉ် ၁၅ စီးဖြင့် အင်္ဂလိပ်အက္ခရာ 75 ပုံစံအုပ်ဖွဲ့၍ပျံသန်းအလေးပြုပြီးနောက် စစ်ရေးပြမှူးကြီး ဦးဆောင်သည့် နိုင်ငံတော်အလံအဖွဲ့ အပါအဝင် ဌာနပေါင်းစုံဖြင့်စုဖွဲ့ထားသော တပ်ရင်း ၉ ရင်းနှင့် နိုင်ငံတော်ဗဟို စစ်တီးဝိုင်းတို့က ချီတက်အလေးပြုခဲ့။
- ထိုသို့အလေးပြုနေစဉ် Mi-35 P ရဟတ်ယာဉ်က နိုင်ငံတော်အလံကို ချိတ်ဆွဲပြီး Eurocopter ရဟတ်ယာဉ် ၂ စီးတို့က စောင့်ကြပ်လိုက်ပါပျံသန်းခြင်း၊ Mi-2 , H-120, H-125 လေယာဉ်များ အုပ်ဖွဲ့ပျံသန်းခြင်း၊ Y-12 သယ်ယူပို့ ဆောင်ရေးလေယာဉ် ၃ စီး အုပ်ဖွဲ့ပျံသန်းခြင်း၊ ATR 72 သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးနှင့် Beech သယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စီးတို့က အုပ်ဖွဲ့ပျံသန်းခြင်း၊ Fokker 70 သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးနှင့် MiG -29 ဘက်စုံသုံးတိုက်လေယာဉ် ၂ စီးတို့က အုပ်ဖွဲ့ပျံသန်းခြင်း၊ K-8 W ဂျက်တိုက်လေယာဉ် ၅ စီးက နိုင်ငံတော်အလံ ကိုယ်စားပြုအရောင်များထုတ်လွှတ်ကာ အုပ်ဖွဲ့ပျံသန်းခြင်း၊ A-5 ဗုံးကြဲလေယာဉ် တစ်စီးနှင့် Yak-130 ဂျက်တိုက် လေယာဉ် ၃ စီးတို့က အုပ်ဖွဲ့ပျံသန်းခြင်း၊ F-7 ကြားဖြတ် တိုက်ခိုက်ရေးလေယာဉ် ၄ စီးနှင့် FTC-2000 G ဂျက်တိုက်လေယာဉ် ၄ စီးတို့က အုပ်ဖွဲ့ပျံသန်းခြင်းများ ပျံသန်း၍အလေးပြုခဲ့။
- အလွတ်ခုန်လေထီးအဖွဲ့မှ လေထီးအရာရှိ/စစ်သည်၊ စစ်သမီးနှင့် အခြားအဆင့် လေထီးစစ်သည်၊ စစ်သမီး စုစုပေါင်း (၇၅)ဦးတို့က ဝေဟင်အမြင့်ပေ ၇,၅၀၀ မှ အလွတ်ခုန်၍ တပ်မတော်အလံ၊ ကြည်း၊ ရေ၊ လေအလံများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုအလံများ၊ ဝန်ကြီးဌာနကိုယ်စားပြုအလံများ၊ ကာကွယ်ရေးအလံနှင့် ရောင်စုံအလံများ ချိတ်ဆွဲသယ်ဆောင်ကာ ဝေဟင်ထက်မှ မြေပြင်သို့ဆင်းသက်၍ ချီတက် အလေးပြုခဲ့။
- တပ်မတော်(လေ)မှ K-8 W ဂျက်တိုက်လေယာဉ် များအုပ်စုဖွဲ့ပြီး နိုင်ငံတော်အလံကိုယ်စားပြုအရောင် Smoke Trail များထုတ်လွှတ်၍ပျံသန်းခြင်း၊ Su-30 ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် ၂ စီးနှင့် MIG-29 ဘက်စုံသုံးတိုက် လေယာဉ် ၂ စီးတို့က Composite Box Formation ဖြင့်အုပ်ဖွဲ့ပျံသန်းခြင်းနှင့် Fan Break ခေါ် ယပ်တောင်ပုံစံဖြင့် ဖြန့်ခွဲပျံသန်းခြင်းများဆောင်ရွက်၍ အလေးပြုကြပြီးနောက် Su-30 ဘက်စုံသုံး အကြီးစား တိုက်လေယာဉ်တစ်စီး က တိုက်လေယာဉ်များ၏ အဆင့်မြင့်လှုပ်ရှားစစ်ကစားမှု High Performance Maneuver များကို စွမ်းရည်ပြ ပျံသန်းခြင်းများ ဆောင်ရွက်၍ ပျံသန်းအလေးပြုကြပြီး Day Time Colour Smoke မီးရှုးမီးပန်းများ ဂုဏ်ပြု ပစ်ဖောက်ခဲ့။
Add new comment