(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များချီးမြှင့်အပ်နှင်း၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းအပ်နှင်း

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့် ကြော်ငြာစာအမှတ် ၁၂/ ၂၀၂၃ ဖြင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ရာ-

  • ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များအနေဖြင့် သရေစည်သူဘွဲ့ ၁ ဦးနှင့် စည်သူ ဘွဲ့ ၁ ဦး။
  • စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များအနေဖြင့် သီရိပျံချီဘွဲ့ ၂ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၄၄ ဦးနှင့် အလင်္ကာကျော်စွာဘွဲ့ ၄ ဦး စုစုပေါင်း ၅၂ ဦးအား ပေးအပ်ချီးမြှင့်ခဲ့။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁/ ၂၀၂၃ ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းအပ်နှင်းခဲ့ရာ-

  • ထင်ရှားကျော်ကြား၍ ဩဇာတိက္ကမကြီးမားခဲ့ပြီးပျံလွန်တော်မူပြီးဖြစ်သော ဆရာတော်ကြီးများအား အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ၅ ပါးနှင့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော် ၅ ပါး ဆက်ကပ်လှူဒါန်း အပ်နှင်းခဲ့။
  • အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်အနေဖြင့် ပြည်တွင်းမှ ဆရာတော်ကြီး ၈ ပါးနှင့်ပြည်ပဘွဲ့ခံ ဆရာတော်ကြီး ၂ ပါး။
  •  အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်အနေဖြင့် ပြည်တွင်းမှ ဆရာတော်ကြီး ၂၂ ပါးနှင့် ပြည်ပဘွဲ့ခံ ဆရာတော်ကြီး ၈ ပါး။
  • တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်အနေဖြင့် ဆရာတော်ကြီး ၁ ပါး။
  • အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်အနေဖြင့် ပြည်တွင်း ဆရာတော်ကြီး ၂၄ ပါး၊ ပြည်ပဘွဲ့ခံ ဆရာတော်ကြီး ၁ ပါးနှင့် သီလရှင်ဆရာကြီး ၃ ပါး။
  • မဟာဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်အနေဖြင့် ပြည်တွင်း ဆရာတော်ကြီး ၃၇ ပါး၊ ပြည်ပဘွဲ့ခံ ဆရာတော်ကြီး ၁ ပါးနှင့် သီလရှင်ဆရာကြီး ၇ ပါး။
  • ဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်အနေဖြင့် ပြည်တွင်း ဆရာတော်ကြီး ၅၄ ပါး၊ ပြည်ပဘွဲ့ခံ ဆရာတော်ကြီး ၁ ပါးနှင့် သီလရှင်ဆရာကြီး ၁၇ ပါး။
  • မဟာဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော်အနေဖြင့် ဆရာတော်ကြီး ၁ ပါး။
  • ဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော်အနေဖြင့် ပြည်တွင်း ဆရာတော်ကြီး ၃ ပါးနှင့် ပြည်ပဘွဲ့ခံ ဆရာတော်ကြီး ၁ ပါး။
  • အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်အနေဖြင့် ပြည်တွင်း ဆရာတော်ကြီး ၆ ပါးနှင့် ပြည်ပဘွဲ့ခံ ဆရာတော်ကြီး ၁ ပါး။
  • အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်အနေဖြင့် ပြည်တွင်း ဆရာတော်ကြီး ၅၀ ပါးနှင့် ပြည်ပဘွဲ့ခံ ဆရာတော်ကြီး ၂ ပါး။
  • မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်အနေဖြင့် ပြည်တွင်း ဆရာတော်ကြီး ၈၂ ပါး၊ ပြည်ပဘွဲ့ခံ ဆရာတော်ကြီး ၃ ပါး၊ သီလရှင်ဆရာကြီး ၆ ပါးနှင့် လူပုဂ္ဂိုလ် ၄ ဦး။
  • သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်အနေဖြင့် ပြည်တွင်း ဆရာတော်ကြီး ၄၄ ပါး၊ ပြည်ပဘွဲ့ခံ ဆရာတော်ကြီး ၁ ပါး၊ သီလရှင်ဆရာကြီး ၅ ပါး၊ လူပုဂ္ဂိုလ်၂ ဦးနှင့် ပြည်ပဘွဲ့ခံ လူပုဂ္ဂိုလ် ၁ ဦး။
  • အဂ္ဂမဟာကမ္မဋ္ဌာနစရိယဘွဲ့တံဆိပ်တော်အနေဖြင့် ဆရာတော်ကြီး ၁၃ ပါး။
  • မဟာကမ္မဋ္ဌာနစရိယဘွဲ့တံဆိပ်တော်အနေဖြင့် ဆရာတော်ကြီး ၁၃ ပါး။
  • ကမ္မဋ္ဌာနစရိယဘွဲ့တံဆိပ်တော်အနေဖြင့် ဆရာတော်ကြီး ၁၄ ပါး။
  • အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်အနေဖြင့် လူပုဂ္ဂိုလ် ၄ ဦး။
  • အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်အနေဖြင့် လူပုဂ္ဂိုလ် ၃ ဦး။
  • သီရိသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်အနေဖြင့် လူပုဂ္ဂိုလ် ၃ ဦး။
  • သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်အနေဖြင့် လူပုဂ္ဂိုလ် ၄ ဦး။
  • သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်အနေဖြင့် လူပုဂ္ဂိုလ် ၃ ဦး။
  • သီဟသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်အနေဖြင့် လူပုဂ္ဂိုလ် ၄ ဦး။
  • သုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်အနေဖြင့် လူပုဂ္ဂိုလ် ၇ ဦး။
  • သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်အနေဖြင့် လူပုဂ္ဂိုလ် ၇ ဦး။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ရရှိသူ ၅၂ ဦးနှင့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခံရသူ ဆရာတော်ကြီး ၄၀၃ ပါး၊ သီလရှင်ဆရာကြီး ၃၈ ပါးရှိပြီး ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းခံ ရသူ လူပုဂ္ဂိုလ် ၄၂ ဦးဖြစ်၍ ဘွဲ့တံဆိပ်ရရှိသူ စုစုပေါင်း ၅၃၅ ဦး ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁-၂၀၂၃)

 

  • (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရရှိသူ ၅၂ ဦးနှင့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခံရသူ ဆရာတော်ကြီး ၄၀၃ ပါး၊ သီလရှင်ဆရာကြီး ၃၈ ပါးရှိပြီး ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းခံရသူ လူပုဂ္ဂိုလ် ၄၂ ဦးဖြစ်၍ ဘွဲ့တံဆိပ်ရရှိသူ စုစုပေါင်း ၅၃၅ ဦးဖြစ်။

Add new comment