PDF အကြမ်းဖက်အဖွဲ့များသည် လွတ်လပ်ရေးနေ့တွင် အပြစ်မဲ့ပြည်သူများအား ထိတ်လန့်ကြောက်ရွံ့စေရန် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ အများပြည်သူများ စုဝေးလျက်ရှိသည့်နေရာများတွင် ယုတ်မာရက်စက်သောအကြံဖြင့် ဖောက်ခွဲ ဖျက်ဆီးခြင်းများလုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာ၌ တပ်ကုန်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့နှင့်ဆက်သွယ်၍ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် စီစဉ်လျက်ရှိသော ကျော်မျိုးသူအား ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိ တရားခံ ကျော်မျိုးသူ၏ ထွက်ဆိုချက်နှင့် စိစစ်ဖော်ထုတ်ချက်များအရ-
- တပ်ကုန်းမြို့နယ်၊ ဆည်ထိပ်ကျေးရွာ၌ ဖမ်းဆီးရန်ကျန် တရားခံ လှမိုး(ခ)လှမိုးအောင်အား ၎င်း၏နေအိမ်၌ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၆ တောင့်၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁၀ လုံး၊ Keypad ဖုန်း ၁ လုံး၊ ရီမု ၁ ခုနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့။
- တပ်ကုန်းမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအား စောင့်ကြည့်၍ သတင်းပေးပို့နေသည့် ကျော်ဆန်းအေး(ခ)အရှည်ကြီးအား တပ်ကုန်းမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံ(ခုတင်-၁၀၀)ရှေ့ရှိ ဆိုင်ကယ်ကယ်ရီဂိတ်၌ ထပ်မံဖမ်းဆီးရမိခဲ့။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ-
- တရားခံ ကျော်မျိုးသူသည် တပ်ကုန်း PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန် တရားခံ ဗညား(ခ)သီဟ၏ ချိတ်ဆက်ပေးမှုဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာအနီး၌ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း။
- သိမ်းဆည်းရမိ လက်နက်/ ခဲယမ်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား တပ်ကုန်း PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ဗညား(ခ)သီဟသည် လွတ်လပ်ရေးနေ့တွင် အပြစ်မဲ့ပြည်သူများအား ထိတ်လန့်ကြောက်ရွံ့စေရန် တပ် ကုန်းမြို့နယ်အတွင်း၌ အများပြည်သူများ စုဝေးလျက်ရှိသည့်နေရာများတွင် ယုတ်မာရက်စက်သောအကြံဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများ လုပ်ဆောင်နိုင်စေရန် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း။
- အဆိုပါအကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ်တွင် လှမိုး(ခ)လှမိုးအောင်နှင့် ကျော်မျိုးသူတို့မှ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်း၊ ကျော်ဆန်းအေး(ခ)အရှည်ကြီးသည် ဖောက်ခွဲရေးပြုလုပ်မည့်နေရာများနှင့် လုံခြုံရေးအဖွဲ့ ဝင်များ၏ လှုပ်ရှားဆောင်ရွက်မှုအခြေအနေများကို စောင့်ကြည့်ခြင်းအား အသီးသီးတာဝန်ခွဲဝေပြုလုပ်သွားရန် စီစဉ်ထားရှိခဲ့ကြောင်း။
ဖမ်းဆီးရမိတရားခံ ၃ ဦးသည် တပ်ကုန်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ဗညား(ခ)သီဟ၏ခိုင်းစေမှုဖြင့်-
- လွတ်လပ်ရေးနေ့တွင် အခမ်းအနားပြုလုပ်မည့် တပ်ကုန်းမြို့၊ ဗိုလ်ချုပ်ကြေးရုပ်နှင့် လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင်နေရာအားလည်းကောင်း၊
- မြဝတီရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းနေရာအားလည်းကောင်း၊
- တပ်ကုန်းမြို့မဈေးပတ်ဝန်းကျင်နေရာအားလည်းကောင်း၊
- ဗိုလ်မင်းရောင်ရပ်ကွက်ရှိ ဘူတာလမ်းနေရာအားလည်းကောင်း၊
- တပ်ကုန်းမြို့ ပြည်သူ့ဆေးရုံ (ခုတင်-၁၀၀) ရှေ့ဝင်ပေါက်နှင့် မြောက်ဘက် ဝင်ပေါက်နေရာများအားလည်းကောင်း၊
- ပေါက်ကွဲမှုဖြစ်ပွားပါက လုံခြုံရေးတပ်ဖွဲ့ဝင်များလာရောက်မည့် နွယ်ရစ်ကျေးရွာအဝင် တံတားထိပ်နေရာအားလည်းကောင်း၊
လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲပြုလုပ်မည့် လူစည်ကားရာနေရာများအား ယုတ်မာရက်စက်သောအကြံဖြင့် အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးစေရန်ရည်ရွယ်လျက် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန်စီစဉ်နေမှု အား အကြမ်းဖက်မှုကို မလိုလားသော တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကွက်ပြည့်နင်းရှာဖွေ စစ်ဆေးဖော်ထုတ်မှုတို့ကြောင့် အကြမ်းဖက်သမားများ ဖောက်ခွဲဖျက်ဆီးရေး မဆောင်ရွက်နိုင်မီ အချိန်မီကြိုတင် သတင်းလက်ဦးမှုရယူကာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁-၂၀၂၃)
- စိန်ရတုလွတ်လပ်ရေးနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အပြစ်မဲ့ပြည်သူများစုဝေးသည့်နေရာများ၌ ယုတ်မာရက်စက်သောအကြံဖြင့် ဖောက်ခွဲဖျက်ဆီးရေးနှင့် လုပ်ကြံသတ်ဖြတ်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် စီစဉ် လျက်ရှိသည့် တပ်ကုန်း PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ၃ ဦးအား ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၆ တောင့်၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁၀ လုံး၊ Keypad ဖုန်း ၁ လုံး၊ ရီမု ၁ ခုနှင့် ဆက်စပ်ပစ္စည်း များနှင့်အတူ အချိန်မီကြိုတင်သတင်းလက်ဦးမှုရယူ ဖမ်းဆီးရမိခဲ့။
- ဖမ်းဆီးရမိတရားခံ ၃ ဦးသည် တပ်ကုန်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန်တရားခံ ဗညား(ခ)သီဟ၏ခိုင်းစေမှုဖြင့် တပ်ကုန်းမြို့နယ်အတွင်း၌ အများပြည်သူများ စုဝေးလျက်ရှိသည့်နေရာ ၆ နေရာတွင် လွတ်လပ် ရေးနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲပြုလုပ်မည့် လူစည်ကားရာနေရာများအား ယုတ်မာရက်စက်သောအကြံဖြင့် အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးစေရန် ရည်ရွယ်လျက် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိ။
Add new comment