၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့ များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများနှင့် မိသားစုဝင်များ တက် ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-
- နိုင်ငံတော်၏ အရေးအရာများနှင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် ခေတ်အဆက်ဆက်တွင်လည်း အမြင်တူခြင်း မတူခြင်း၊ မူဝါဒကွဲပြားခြင်း မကွဲပြားခြင်းများရှိခဲ့ပြီး လက်ရှိအချိန်တွင်လည်း အမြင်တူခြင်း မတူခြင်း၊ မူဝါဒ ကွဲပြားခြင်း မကွဲပြားခြင်းများ ရှိနေပါသေးကြောင်း။
- ယခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းသည် တိုင်းပြည်လွတ်လပ်ရေးရရှိရန်နှင့် လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးအတွက် အသက်ခန္ဓာပေးဆပ်ခဲ့ကြသူများနှင့် ဂုဏ်ပြုချီးမြှင့်ထိုက်သူများအားလုံးကို ဂုဏ်ပြုချီးမြှင့် ပေးအပ်ခြင်းဖြစ်ပါကြောင်း။
- တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်စေရန် ဘက်စုံ၊ ထောင့်စုံမှ တည်ဆောက်သည့်နေရာတွင် နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတာဝန်များ ကို အများထက် ထူးကဲသာလွန်စွာ ကြိုးစားထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် ကောင်းမွန်သည့် အစဉ်အလာကောင်းတစ်ရပ်ဖြစ်ပါကြောင်း။
- ယခုကဲ့သို့ ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်သူများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန်အတွက် စိစစ်ရေးအဖွဲ့က ၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက်နှင့် ၂၀၁၄ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက်များကို ဖြည့်စွက်ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ပြီး ထောက်ခံတင်ပြချက်များအရ ချီးမြှင့်ရခြင်းဖြစ်ပါကြောင်း။
- ယခုနှစ်တွင် ၂၀၂၂ ခုနှစ်အတွင်း ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ (၇၄၄) ဦးကို ဂုဏ်ယူစွာဖြင့် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး အခမ်းအနားပထမနေ့တွင် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ရရှိသူ(၃)ဦး၊ သတိုးသီရိသုဓမ္မဘွဲ့ရရှိသူ(၁)ဦး၊ အဂ္ဂ မဟာသရေစည်သူဘွဲ့ရရှိသူ(၄)ဦး၊ သတိုးမဟာသရေစည်သူဘွဲ့ရရှိသူ(၂)ဦး၊ မဟာသရေစည်သူဘွဲ့ရရှိသူ(၆)ဦး၊ သရေစည်သူဘွဲ့ရရှိသူ(၁၁)ဦး၊ စည်သူဘွဲ့ရရှိသူ(၇၈)ဦး၊ သီဟသူရဘွဲ့ရရှိသူ(၁)ဦး၊ သူရဘွဲ့ရရှိသူ(၄)ဦး၊ ဇေယျကျော်ထင်ဘွဲ့ ရရှိသူ(၅၀)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ(သံအမတ်ကြီးများ) (၂၈)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ (အကြံပေးပုဂ္ဂိုလ်) (၈) ဦး၊ စုစုပေါင်း (၂၀၆) ဦးတို့ကို လက်ရောက်ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က အဂ္ဂမဟာသီရိသုဓမ္မဘွဲ့နှင့် အဂ္ဂမဟာသရေစည်သူဘွဲ့ ရရှိကြသည့် နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဦးနု(ကိုယ်စား) သမီး ဒေါ်သန်းသန်းနုကိုလည်းကောင်း၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးစန်းယု(ကိုယ်စား) သမီး ဒေါ်လဲ့လဲ့ယုကိုလည်းကောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီး စောမောင်(ကိုယ်စား) သား ဦးသီဟစောကိုလည်းကောင်း၊ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သည့် အဂ္ဂမဟာသရေစည်သူဘွဲ့ရရှိသည့် နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဦးနေဝင်း(ကိုယ်စား) သမီး ဒေါက်တာခင်စန္ဒာဝင်းကိုလည်းကောင်း၊ သတိုးမဟာသရေစည်သူဘွဲ့ရရှိကြသည့် ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်ကြီး သူရကျော်ထင် (ကိုယ်စား) ဦးသန့်ကျော်ကိုလည်းကောင်း၊ မဟာသရေစည်သူဘွဲ့ရရှိကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဦးဗဆွေ(ကိုယ်စား) သမီး ဒေါ်နေရည်ဗဆွေ၊ နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) သူရဦးထွန်းတင်(ကိုယ်စား) သား ဦးရဲမြင့်ထွန်း၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး အေးကို(ငြိမ်း)(ကိုယ်စား) မြေး ဒေါ်မေသက်ကျော်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းရီ(ငြိမ်း) (ကိုယ်စား) သား ဦးဇော်ထွန်းနှင့် ဒုတိယဝန်ကြီးချုပ်(ငြိမ်း) ဦးကျော်ငြိမ်း (ကိုယ်စား) သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့ကိုလည်း ကောင်း၊ သရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ သီဟသူရဘွဲ့၊ သူရဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိကြသူများကိုလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများ၊ ၎င်းတို့၏မိသားစုဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင်လည်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားသို့ ပါဝင်တက် ရောက်ကြမည့် ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များကို ၎င်းတို့ခေတ္တတည်းခိုနေထိုင်သည့် နေပြည်တော်ရှိ ဘုရင့်နောင်ဧည့်ရိပ်သာသို့ သွား ရောက်၍ တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ နေထိုင်စားသောက်မှုအခြေအနေများ၊ တစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေများနှင့် အခြားလိုအပ်ချက်များကို မေးမြန်အားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၁-၂၀၂၃)
- ယခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းသည် တိုင်းပြည်လွတ်လပ်ရေး ရရှိရန်နှင့် လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးအတွက် အသက်ခန္ဓာပေးဆပ်ခဲ့ကြသူများနှင့် ဂုဏ်ပြုချီးမြှင့်ထိုက်သူများအားလုံးကို ဂုဏ်ပြုချီးမြှင့် ပေးအပ်ခြင်းဖြစ်။
- ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်သူများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန်အတွက် စိစစ်ရေးအဖွဲ့က ၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့ များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက်နှင့် ၂၀၁၄ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက်များကို ဖြည့်စွက်ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ပြီး ထောက်ခံတင်ပြချက်များအရ ချီးမြှင့်ရခြင်းဖြစ်။
- ယခုနှစ်တွင် ၂၀၂၂ ခုနှစ်အတွင်း ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ (၇၄၄) ဦး ကို ဂုဏ်ယူစွာဖြင့် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး အခမ်းအနားပထမနေ့တွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ (၂၀၆) ဦးကို လက်ရောက်ချီးမြှင့်သွားမည်ဖြစ်။
Add new comment