၂၃၀ ကေဗွီ တောင်ငူ - သာယာကုန်းဓာတ်အားလိုင်း၏ တာဝါတိုင်(၁)တိုင် ဖောက်ခွဲဖျက်ဆီးခံရမှုနှင့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်ပေးနိုင်မှုအခြေအနေအား သတင်းထုတ်ပြန်ခြင်း

     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ် နှစ်သစ်ကိုကြိုဆိုသည့် အခမ်းအနားများ ကျင်းပချိန်အတွင်း လျှပ်စစ်ဓာတ်အားမပြတ်တောက်ရေး ကြိုးပမ်းဆောင်ရွက်နေချိန် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)သို့ လျှပ်စစ် ဓာတ်အား (၂၅၀) မဂ္ဂါဝပ်ခန့် ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသော ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်းမဟာဓာတ်အားလိုင်း၏ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့အနီးရှိ တာဝါတိုင်(၁)တိုင်ကို NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ (၁-၁-၂၀၂၃) ရက်နေ့၌  ဖောက်ခွဲဖျက်ဆီးခဲ့၍  တာဝါတိုင်တိမ်းစောင်းသွားခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် တာဝါတိုင်လဲကျ၍ ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေး အမြန်ဆုံးပြင်ဆင် ဆောင်ရွက်လျက်ရှိပါသည်။

ထို့အတူ ပုံမှန်ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ ပုံမှန်ပို့လွှတ်နေသည့် ဓာတ်ငွေ့ပမာဏထက် လျှော့ချပို့လွှတ်နေစဉ် (၃၁-၁၂-၂၀၂၂) ရက်နေ့တွင် ရတနာကမ်းလွန်ပလက်ဖောင်းပေါ်ရှိ ဓာတ်ငွေ့ဖိအားထိန်းချုပ်စနစ်ချို့ယွင်းကာ မူလဓာတ်ငွေ့ပို့လွှတ်မှု ပမာဏထက်လျော့ကျခဲ့၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့စက်ရုံများမှ   စုစုပေါင်းထုတ်လုပ်မှု (၅၃၀) မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့သဖြင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ဓာတ်အားတိုးမြှင့်ထုတ်လုပ်ခြင်း၊ ဓာတ်အားစနစ်ကွန်ရက် တည်ငြိမ်မှုရှိစေရန်အတွက် အခြားသော ၂၃၀ ကေဗွီဓာတ်အားလိုင်းများမှ ဝန်အားမျှ၍ ပို့လွှတ်ဖြန့်ဖြူးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၁-၂၀၂၃)

 

  • ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)သို့ လျှပ်စစ်ဓာတ်အား (၂၅၀) မဂ္ဂါဝပ်ခန့် ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသော ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်းမဟာဓာတ်အားလိုင်း၏ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ညောင် လေးပင်ခရိုင်၊ ကျောက်တံခါးမြို့အနီးရှိ တာဝါတိုင်()တိုင်ကို NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ (--၂၀၂၃) ရက်နေ့၌  ဖောက်ခွဲဖျက်ဆီးခဲ့။
  • (၃၁-၁၂-၂၀၂၂) ရက်နေ့တွင် ရတနာကမ်းလွန်ပလက်ဖောင်းပေါ်ရှိ ဓာတ်ငွေ့ဖိအားထိန်းချုပ်စနစ်ချို့ယွင်းကာ မူလဓာတ်ငွေ့ပို့လွှတ်မှု ပမာဏထက်လျော့ကျခဲ့၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့စက်ရုံများမှ   စုစုပေါင်းထုတ်လုပ်မှု (၅၃၀) မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့။
  • လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် တာဝါတိုင်လဲကျ၍ ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအမြန်ဆုံးပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အပြင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားတိုးမြှင့်ထုတ်လုပ်ခြင်း၊ ဓာတ်အားစနစ်ကွန်ရက် တည်ငြိမ်မှုရှိစေရန်အတွက် အခြားသော ၂၃၀ ကေဗွီဓာတ်အားလိုင်းများမှ ဝန်အားမျှ၍ ပို့လွှတ်ဖြန့်ဖြူးခြင်းများကို ဆောင်ရွက်လျက်ရှိ။

 

Add new comment