Naypyitaw State Academy ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

      Naypyitaw State Academy ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃၀ ရက်တွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပခဲ့ပြီး Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/တွဲဖက်ပါမောက္ခ(ဌာနမှူးများ)၊ ဆရာ၊ ဆရာမများ၊ သင်တန်း/ စီမံမှ တာဝန်ရှိသူများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးစိုးအောင်က သင်တန်းရေးရာ သိသင့်သိထိုက်သည်များနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများက အဆို၊ အကများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၃၁-၁၂-၂၀၂၂)

 

  • Naypyitaw State Academy ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့။
  • အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးစိုးအောင်က သင်တန်းရေးရာ သိသင့်သိထိုက်သည်များနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများက အဆို၊ အကများဖြင့် ဖျော်ဖြေခဲ့။

Add new comment