အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ထောက်ပံ့နေသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေများအတွင်း၌ သင်တန်းတက်ရောက်ခဲ့သူများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ အောင်ပိုင်သူ(ခ)မိုးညိုအပါအဝင် ၉ ဦးတို့သည် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှုများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခြင်း၊ အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေး ကောက်ခံထောက်ပံ့ခြင်းများကို လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တွင် ၎င်းတို့ ၉ ဦးအား “ထောင်ဒဏ်တစ်သက်” အမိန့်ချမှတ်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ဇွဲဝေယံထွဋ်(ခ)အက်ဒီဇင် အပါအဝင် ၄ ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၅/၁)ရပ်ကွက်၊ ယုဇနလမ်းနေ ရာအိမ်မှူးတစ်ဦးအား သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၆ ရက်တွင် ၎င်း တို့ ၄ ဦးအား “သေဒဏ်”အမိန့်ချမှတ်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၌ စိုးနိုင်အပါအဝင် ၁၀ ဦးသည် ရပ်ရွာအေးချမ်းသာယာရေးနှင့် အများပြည်သူလုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များအား နှောက်ယှက်တားဆီးခြင်း၊ ရာအိမ်မှူးတစ်ဦး၏ နေအိမ်အား လက်လုပ်ချိန်ကိုက်ဗုံး ၁ လုံးဖြင့် ဖောက်ခွဲရန်ကြိုးစားခဲ့ခြင်းတို့ကြောင့်  စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၆ ရက်တွင် ၎င်းတို့  ၁၀ ဦးအား “အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ်”အမိန့်ချ  မှတ်ခဲ့ပါသည်။

PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက်လုပ်ရပ်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါအကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့ကိုထောက်ပံ့နေသူများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေအရ အရေးယူကာ ထိထိရောက်ရောက် ပြစ်ဒဏ်အသီးသီးချမှတ်လျက်ရှိပါသည်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများ ကို ဖောက်ဖျက်ကျူးလွန်ပါကစစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင် ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ထောက်ပံ့နေသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများ အတွင်း၌ သင်တန်းတက်ရောက်ခဲ့သူများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူ ၉ ဦးအား “ထောင်ဒဏ် တစ်သက်”အမိန့်ချ မှတ်ခဲ့။
  • ရွှေပြည်သာမြို့နယ်၌ ရာအိမ်မှူးတစ်ဦးအား သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်ခဲ့သူ ၄ ဦးအား “သေဒဏ်” အမိန့်ချမှတ်ခဲ့။
  • ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များအား နှောက်ယှက်တားဆီးခြင်းနှင့် ရာအိမ်မှူးတစ်ဦး၏နေအိမ်အား လက်လုပ် ချိန်ကိုက်ဗုံး ၁ လုံးဖြင့် ဖောက်ခွဲခြင်းတို့ကို ကျူးလွန်ခဲ့သူ ၁၀ ဦးအား “အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ်” အမိန့် ချမှတ်ခဲ့။
  • စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါကစစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်လျက်ရှိ။

 

Add new comment