တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၂၀)နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကျင်းပပြုလုပ်

     တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၂၀)နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်း သင်တန်းသား၊ သင်တန်းသူများ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းက သင်တန်းဆင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူ၍ အလံတော်အဖွဲ့နှင့် ကျောင်းဆင်းတပ်ခွဲများအားစစ်ဆေးပြီးနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကျောင်းဆင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုခဲ့ကြပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းက တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့်ဆေး ဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၂၀)မှ ဆုရရှိသူများနှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၇)မှ ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းက မိန့်ခွန်းပြောကြားရာတွင်-

  • တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြုတပ်ဖွဲ့ဝင်များ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ပညာသည်များသည် မရှိမဖြစ်အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည့်သူများဖြစ်၍ အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် လေ့ကျင့်မွေးမြူပေးလျက်ရှိကြောင်း။
  • နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင်လည်း ပြည်ပနိုင်ငံ ၁၁ နိုင်ငံတွင်ရှိသည့် သူနာပြုနှင့်ဆေးဘက်ဆိုင်ရာတက္ကသိုလ်များတွင် ပါရဂူဘွဲ့၊ မဟာသိပ္ပံဘွဲ့များနှင့် ဒီပလိုမာဘွဲ့များကို စေလွှတ်တက်ရောက်စေလျက်ရှိရာ ယခုဆိုလျှင် သင် တန်းသား ၁၃၇ ဦး တက်ရောက်အောင်မြင်ခဲ့ကြပြီးဖြစ်ကြောင်း။
  • ထိုသို့ ပြည်ပသင်တန်းများတက်ရောက်စေခြင်းသည် အရည်အချင်းပြည့်ဝသည့် သူနာပြုနှင့်ဆေးဘက်ပညာသည်များဖြစ်လာအောင် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနေခြင်းဖြစ်၍ လက်တွေ့နယ်ပယ်ရောက်ရှိချိန်တွင် အမိ တက္ကသိုလ်ကြီးက သင်ကြားပေးခဲ့သည့်ပညာရပ်များကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာဆောင်ရွက်သွားကြရန်နှင့် ပြည်တွင်းဆင့်ပွားသင်တန်းများမှတစ်ဆင့် မိမိတတ်မြောက်ခဲ့သည့် ပညာရပ်ဆိုင်ရာဗဟုသုတများကို မျှဝေပေး သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
  • ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကစ၍ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များက နယ်လှည့်ဆေးကုသမှုလုပ်ငန်းများကို အင်တိုက်အားတိုက် တိုးမြှင့်ဆောင်ရွက်ပေးရာတွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများသည် ပြည်သူ့အကျိုးပြု ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကို လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသနှင့် ကျေးလက်ဒေသများပါမကျန် ကိုယ်တိုင်ကိုယ်ကျသွားရောက် စောင့်ရှောက်ကုသပေးခဲ့ကြကြောင်း။
  • သူနာပြုကောင်းတစ်ဦးဖြစ်စေရန် အရေးကြီးဆုံးသည် ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ ဆိုသည့် နာ ၅ နာနှင့် ပြည့်စုံနေရန် လိုအပ်သကဲ့သို့ သူနာပြုများ ခံယူအပ်သည့် သူနာပြုအဓိဋ္ဌာန်ကတိသစ္စာ ၉ ချက်ကိုလည်း တည်ကြည်ဖြောင့်မတ်မြဲမြံစွာ စောင့်ထိန်းလိုက်နာသွားကြရန် အထူးလိုအပ်ကြောင်း။
  • အနာဂတ်ကာလတွင် Artificial Intelligence (AI) နည်းပညာရပ်သည် ဆေးကုသမှုဆိုင်ရာနယ်ပယ်ထဲ၌ အနှေးနှင့် အမြန်ဆိုသလို ဝင်ရောက်လာနေခြင်းဖြစ်သည့်အတွက် ဆေးပညာသင်ကြားရေး (Medical Education)တွင် ဆရာဝန် နှင့် သူနာပြုသင်တန်းသား၊ သင်တန်းသူများကို AI နည်းပညာနှင့် ရင်းနှီးအောင် သင်ကြားပေးနိုင်ရန် သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာစံနှုန်းနှင့်နှိုင်းယှဉ်ပြီး လိုအပ်သလို ပြောင်းလဲပြင်ဆင်သွားကြရမည်ဖြစ်ကြောင်း။
  • ပညာဗဟုသုတရှာမှီးမှု (Knowledge Acquisition) ကို အခြေခံသည့် သင်ကြားမှုစနစ်ကနေ ဗဟုသုတစီမံခန့်ခွဲမှုနှင့် ဆက်သွယ်ဆောင်ရွက်မှု (Knowledge Manage- ment and Communication) ကိုအခြေခံသည့် သင်ရိုးညွှန်းတမ်း မျိုးဖြစ်အောင် အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်လိုအပ်ပြီး ခေတ်နှင့်လျော်ညီသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်ဆရာဝန်များနှင့် သူနာပြုများကို အောင်မြင်စွာမွေးထုတ်ပေးနိုင်ရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • တပ်မတော်သည် တိုင်းပြည်၏ အစိတ်အပိုင်း၊ ပြည်သူများ၏ အစိတ်အပိုင်းပင်ဖြစ်ပြီး တပ်မတော်သားများသည် တိုင်းရင်းသားပြည်သူများမှ မွေးဖွားလာကြသူများ၊ မည်သူတစ်ဦးတစ်ယောက်မျှ တိုက်တွန်း၍မဟုတ်ဘဲ မိမိဆန္ဒအရ တပ်မတော်အတွင်းသို့ စစ်မှုထမ်းများအဖြစ် ဝင်ရောက်လာကြသူများဖြင့် ဖွဲ့စည်းထားသည့် တစ်ခုတည်းသော တပ်မတော်ဖြစ်ကြောင်း။
  • တပ်မတော်အနေနှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များအပြင် သမိုင်းကပေးအပ်လာသည့် အမျိုးသားနိုင်ငံရေးတာဝန်များကို အောင်မြင်စွာထမ်းရွက်နိုင်ရန် တပ်တွင်း၊ တပ်ပြင်စည်းလုံးညီညွတ်ရေးကို ခိုင်မာစွာတည်ဆောက်ထားရန် လိုအပ်ကြောင်း။
  • ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်ခြင်းနှင့်အညီ လူမှုကွန်ရက်အမျိုးမျိုးကို နည်းမျိုးစုံအသုံးချပြီး တပ်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲရေးကိုပြုလုပ်နေကြသလို Main Stream Media များကလည်း တပ်မတော်နှင့် တပ်မတော်သား များအပေါ်  နိုင်ငံတကာ၌ ပုံရိပ်ဆိုးများအဖြစ် နားလည်မှုလွဲမှားစေရေး ပုံဖော်နေလျက်ရှိခြင်းကိုလည်း သတိပြုကြရန်လိုအပ်ပြီး ထုတ်ပြန်ပေးထားသည့် Rule of Engagement (ROE) နှင့် Counter Insurgency Operation (CIO) တို့ကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက် တိကျစွာလိုက်နာကြရန်လိုကြောင်း။
  • တပ်မတော်နှင့် နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်လွှဲဆန့်ကျင်ရမှာပင်ဖြစ်ကြောင်း၊ သူနာပြုစိတ်ဓာတ်ပြည့်ဝပြီး ကိုယ်ကျင့်သိက္ခာနှင့် ပြည့်စုံသည့်သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ဆိုင်ရာနည်းပညာကျွမ်းကျင်သူများဖြစ်အောင် ဆက်လက်လေ့ကျင့် ဖြည့်ဆည်းသွားကြရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းသည် ကျောင်းဆင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူ၍ စစ်ရေးပြအခမ်းအနား မှ ပြန်လည်ထွက်ခွာခဲ့ပြီးနောက် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများ အားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါနေ့ ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ် စဉ် (၂၀)နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၇) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်၍ သင်တန်းဆင်း သူနာပြုများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၁၂-၂၀၂၂)

 

  • ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကစ၍ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များက နယ်လှည့်ဆေးကုသမှုလုပ်ငန်းများကို အင်တိုက်အားတိုက်တိုးမြှင့်ဆောင်ရွက်ပေးရာတွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများသည် ပြည်သူ့အကျိုးပြု ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကို လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသနှင့် ကျေးလက်ဒေသများပါမကျန် ကိုယ်တိုင်ကိုယ်ကျသွားရောက် စောင့်ရှောက်ကုသပေးခဲ့။
  • သူနာပြုကောင်းတစ်ဦးဖြစ်စေရန် အရေးကြီးဆုံးသည်ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာဆိုသည့် နာ နာနှင့် ပြည့်စုံနေရန် လိုအပ်သကဲ့သို့ သူနာပြုများ ခံယူအပ်သည့် သူနာပြုအဓိဋ္ဌာန်ကတိသစ္စာ ချက်ကိုလည်း တည်ကြည်ဖြောင့်မတ်မြဲမြံစွာ စောင့်ထိန်းလိုက်နာသွားကြရန် အထူးလိုအပ်။
  • အနာဂတ်ကာလတွင် Artificial Intelligence (AI) နည်းပညာရပ်သည် ဆေးကုသမှုဆိုင်ရာနယ်ပယ်ထဲ၌ အနှေးနှင့် အမြန်ဆိုသလို ဝင်ရောက်လာနေခြင်းဖြစ်သည့်အတွက် ဆေးပညာသင်ကြားရေး (Medical Education)တွင် ဆရာဝန်နှင့် သူနာပြုသင်တန်းသား၊ သင်တန်းသူများကို AI နည်းပညာနှင့် ရင်းနှီးအောင် သင်ကြားပေးနိုင် ရန် သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာစံနှုန်းနှင့်နှိုင်းယှဉ်ပြီး လိုအပ်သလို ပြောင်းလဲပြင်ဆင်သွားကြရမည်ဖြစ်။
  • ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်ခြင်းနှင့်အညီ လူမှုကွန်ရက်အမျိုးမျိုးကို နည်းမျိုးစုံအသုံးချပြီး တပ်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲရေးကိုပြုလုပ်နေကြသလို Main Stream Media များကလည်း တပ်မတော်နှင့် တပ်မတော် သားများအပေါ် နိုင်ငံတကာ၌ ပုံရိပ်ဆိုးများအဖြစ် နားလည်မှုလွဲမှားစေရေး ပုံဖော်နေလျက်ရှိခြင်းကိုလည်း သတိပြုကြရန်လိုအပ်ပြီး ထုတ်ပြန်ပေးထားသည့် Rule of Engagement (ROE) နှင့် Counter Insurgency Operation (CIO) တို့ကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက် တိကျစွာလိုက်နာကြရန်လို။

Add new comment