ကယားပြည်နယ်၊ ဟွေပုံလောင်း-ကောက်ကောက်ဒေသရှိ အကြမ်းဖက်အဖွဲ့များ သာလွန်အင်အားဖြင့် အလစ်အငိုက်ရယူတိုက်ခိုက်ခဲ့သည့် ကျားပါးစပ်ကြီးစခန်းအား တပ်မတော်က အချိန်ပိုင်းအတွင်း ပြန်လည်တိုက်ခိုက်သိမ်းပိုက်

ကယားပြည်နယ်၊ ဟွေပုံလောင်း-ကောက်ကောက် ဒေသအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် ၏ ကျားပါးစပ်ကြီးစခန်းအား ဇန်နဝါရီလ ၇ ရက် နံနက်အစောပိုင်းတွင် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက သာလွန်အင်အားဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်နည်းဗျူဟာမြောက် ခေတ္တဆုတ်ခွာပေးခဲ့ပြီး မွန်းလွဲပိုင်းတွင် တပ်မတော်က ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်တွင် ကယားပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျားပါးစပ်ကြီးစခန်းအား KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက သာလွန်အင်အားဖြင့် အလစ်အငိုက်ရယူကာ လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြုပြီး စတင်တိုက်ခိုက်လာခဲ့ပါသည်။ သို့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်နည်းဗျူဟာအရစခန်းမှ ခေတ္တဆုတ်ခွာခဲ့ပြီး ကြိုတင်စီမံထားသည့် လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများ အကူအညီရယူ၍ ဟန်ချက်ညီညီတန်ပြန်တိုက်စစ်ဆင်ချေမှုန်းခဲ့ပါသည်။ ထို့အပြင် လေကြောင်းပို့ဆောင်မှုဖြင့်လည်း တပ်ကူများကို ဖြစ်စဉ်နေရာအနီးတစ်ဝိုက် အမြန်ဆုံးဖြည့်တင်းခြင်းများ ဆောင်ရွက်ခဲ့သဖြင့် မွန်းလွဲပိုင်းတွင် အဆိုပါစခန်းအား ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်အဖွဲ့များအနေဖြင့် သေဆုံး၊ ဒဏ်ရာရရှိမှုများစွာရရှိ၍ အရှေ့မြောက်ဘက်သို့ ဖရိုဖရဲဆုတ်ခွာသွားခဲ့ပါသည်။ တပ်မတော်အနေဖြင့်လည်း အရာရှိနှင့် စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်အဖွဲ့များထံမှ အလောင်းနှင့် လက်နက်/ခဲယမ်းအချို့အပါအဝင်  ဆက်စပ်ပစ္စည်းတို့အား သိမ်းဆည်းရရှိခဲ့ပါသည်။

တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အား ၂၀၂၂ ခုနှစ်၊ ဖော်ဖော်ဝါရီ ၂၈ ရက်အထိ ထုတ်ပြန်ကြေညာချက်အပေါ် တိကျစွာလိုက်နာဆောင်ရွက်သော်လည်း ယခုကဲ့သို့ မိမိတို့တပ်မတော်လှုပ်ရှားစစ်ကြောင်းများ၊ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးစခန်းများအား လာရောက်တိုက်ခိုက်ပါမူ ထိရောက်ပြင်းထန်စွာ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အသုံးပြုလျက် တုံ့ပြန်ရန် အခွင့်အရေးရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ROE  (Rules of Engage-ment) စည်းမျဉ်းစည်းကမ်းနှင့်အညီ နယ်မြေဒေသလုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • ကယားပြည်နယ်အတွင်း ကျားပါးစပ်ကြီးစခန်း၌ နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက သာလွန်အင်အားဖြင့် အလစ်အငိုက်ရယူကာ လက်နက် ကြီး၊ လက်နက်ငယ်များအသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့။
  • လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်နည်းဗျူဟာအရစခန်းမှ ခေတ္တဆုတ်ခွာခဲ့ပြီး ကြိုတင်စီမံထားသည့် လေကြောင်း ပစ်ကူနှင့် လက်နက်ကြီးပစ်ကူများ အကူအညီရယူ၍ ဟန်ချက်ညီညီ တန်ပြန်တိုက်စစ်ဆင်ချေမှုန်းခဲ့ရာ အဆိုပါစခန်း အား ပြန်လည်သိမ်းပိုက်ရရှိခဲ့။
  • အကြမ်းဖက်အဖွဲ့များထံမှ အလောင်းနှင့် လက်နက်/ခဲယမ်းအချို့အပါအဝင်  ဆက်စပ်ပစ္စည်းတို့အား သိမ်းဆည်းရရှိခဲ့။
  • ယခုကဲ့သို့ မိမိတို့တပ်မတော်လှုပ်ရှားစစ်ကြောင်းများ၊ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးစခန်းများအား လာ ရောက်တိုက်ခိုက်ပါမူ ထိရောက်ပြင်းထန်စွာ မိမိကိုယ်မိမိခုခံကာကွယ်ပိုင်ခွင့်အသုံးပြုလျက် တုံ့ပြန်ရန် အခွင့်အရေး ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ROE(Rules of Engagement) စည်းမျဉ်း စည်းကမ်းနှင့်အညီ နယ်မြေဒေသလုံခြုံရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိ။

 

Add new comment