အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)၊ (ကျောက်ဖြူ) နှင့် (မန္တလေး) ဖွင့်လှစ်

       (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)၊ (ကျောက်ဖြူ)နှင့် (မန္တလေး) ဖွင့်ပွဲအခမ်းအနားများကို ဒီဇင်ဘာလ ၂၈ ရက်တွင် အဆိုပါကျောင်းများ၌ တစ်ပြိုင်နက်တည်း ကျင်းပခဲ့ပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများသည် အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)ဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများသည် အစိုးရနည်းပညာကောလိပ်(မန္တလေး)ဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း တက်ရောက်ဖွင့်လှစ်ပေးကြပြီး အမှာစကားများ ပြောကြားခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် အဆိုပါအစိုးရနည်းပညာကောလိပ်များအတွင်းရှိ လက်တွေ့ခန်းများ၊ စာသင်ခန်းများ၊ စာကြည့်တိုက်နှင့် ကွန်ပျူတာခန်းများ၊ မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာနှင့် စက်မှုအင်ဂျင်နီယာ အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)၊ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)နှင့် အစိုးရနည်းပညာကောလိပ်(မန္တလေး)တို့ကို ဒေသခံပြည်သူများ၏ သားသမီးများနှင့် အနယ်နယ်အရပ်ရပ်မှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအတွက် သင်ကြား သင်ယူမှု အခွင့်အလမ်းများပိုမိုရရှိစေရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်နည်းပညာရှင် ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး  တက္ကသိုလ်ဝင်ခွင့်အောင်မြင်သူများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ထူးချွန်စွာ အောင်မြင်ခဲ့သူများ တက်ရောက်ခွင့်ရရှိကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၁၂-၂၀၂၂)

 

  • အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)၊(ကျောက်ဖြူ)နှင့် (မန္တလေး)တို့ကို ဒေသခံပြည်သူများ၏ သားသမီးများနှင့် အနယ်နယ်အရပ်ရပ်မှထူးချွန် ကျောင်းသား၊ ကျောင်းသူများအတွက် သင်ကြားသင်ယူမှု အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာရှင် ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်။

Add new comment