ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက စာသင်ကျောင်းများ၌ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်

မြို့နယ်အချို့တွင် ကျောင်းသား၊ ကျောင်းသူများအေး ချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသော PDF အမည်ခံ အကြမ်းဖက်သူများက စာသင်ကျောင်းများ၌ မိုင်းထောင်ဖောက် ခွဲခြင်းနှင့်  မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ-

· ဇန်နဝါရီလ ၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကံကုန်းကျေးရွာရှိ  ကိုယ့်အားကိုယ်ကိုးမူလတန်း ကျောင်းအား မလိုလားသူ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် အလျား ၄၅ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၁၂ ပေခန့်ရှိ ဓနိမိုး၊ ထရံကာ၊ မူလတန်းကျောင်းဆောင်တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့။

· ဇန်နဝါရီလ ၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ MITT တက္ကသိုလ်၏ တောင်ဘက်ဝင်ပေါက်ရှေ့တွင် အကြမ်းဖက်သမားများက ပုလင်း ၇ လုံး၌ အစိုးရဆန့်ကျင်ရေးစာသားများကပ်၍ ထောင်ထားပြီး အဆိုပါပုလင်းများအလယ်၌ ကတ္ထုပုံးတစ်လုံးအား ထားရှိသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးမှုပြုလုပ်နေစဉ် အဆိုပါ ပုံအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိ။

· ဇန်နဝါရီလ ၆ ရက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း ဝင်ပေါက်ရှိ လုံခြုံရေးဂိတ်အတွင်းရှိ မြေကြီးအတွင်းမှ  အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါဂိတ်တဲအနီး၌ ပညာ သင်ကြားနေသော ကလေးသူငယ်များအား လုံခြုံရေးဆောင် ရွက်ပေးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် ကလေးအား ကျောင်းလာရောက်ပို့ဆောင်သည့် အဆိုပါကျေးရွာနေ မဖြူဖြူထွေး(၂၇)နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်းနှင့် အဆိုပါပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာအား စစ်ဆေးခဲ့ရာ မပေါက်ကွဲသေးသည့် လက်လုပ် မိုင်းတစ်လုံးအား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့။

· ဇန်နဝါရီလ ၆ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ တိုင်းမကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအား အကြမ်းဖက်သမား ၂ ဦးက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်လုပ်မိုင်းတစ်လုံးမှာ ကျောင်းဝင်းအတွင်းရှိ မြို့ညွှန်ခန္တီးကျောင်းဆောင်အနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင်နှင့် အုတ်တံတိုင်းအနီးတွင် မပေါက်ကွဲသေးသည့် လက်လုပ်ရှော့တိုက်မိုင်းတစ်လုံးအား ထပ်မံတွေ့ရှိရသဖြင့် ဖောက်ခွဲရှင်းလင်းခဲ့။

· ဇန်နဝါရီလ ၅ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ပန်းစွာကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဝင်ပေါက်တံခါးအား အကြမ်းဖက်သမားများက လက်လုပ်မိုင်း တစ်လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ရာ ကျောင်းဝင်တံခါးပျက် စီးခဲ့။

NUG လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ အကြမ်းဖက်လုပ်ရပ်များကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိရာ နိုင်ငံ့အနာဂါတ်ဖြစ်သော ကလေးသူငယ်များ၏ ပညာသင်ကြားမှုကို ဖျက်ဆီးရန်အတွက်လည်းကောင်း၊ အေးချမ်းစွာနေထိုင်သော ဒေသခံပြည်သူများအား ထိတ်လန့်၍ ထိခိုက်ဒဏ်ရာရစေရန်အတွက်လည်းကောင်းစသည့် ရည်ရွယ်ချက်မျိုးစုံဖြင့် ဆင်ခြင်တုံတရားနည်းပါးစွာ အဖျက်အမှောင့်လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိပါသည်။

အထက်ပါဖြစ်စဉ်များမှ စာသင်ကျောင်းများအား မိုင်း ထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် အခြားအကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

  • မြောင်းမြမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မြိုင်မြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့ရှိ စာသင်ကျောင်းများအား အကြမ်း ဖက်သူများက မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်ခဲ့ရာ လူထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက် အဦ အနည်းငယ်ထိခိုက်ပျက်စီးခဲ့။

 

Add new comment