ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၉) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပပြုလုပ်

     ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၉) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ ရန်ကုန်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ် ကြား ထားသည့် ဧည့်သည့်တော်များ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းက ဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူကာ အလံတော်အဖွဲ့နှင့် ကျောင်း ဆင်းဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးခဲ့ပြီး အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း သိမ့်နန္ဒာအောင်အား ဆုပေးအပ်ချီးမြှင့်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းက မိန့်ခွန်းပြောကြားရာတွင်-

  • နိုင်ငံတော်ကာကွယ်ရေးတာဝန်တစ်ရပ်သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားအမျိုးသား၊ အမျိုးသမီးမရွေး မဖြစ်မနေထမ်းဆောင်ရမည့် သမိုင်းပေးတာဝန်တစ်ရပ်ပင်ဖြစ်ကြောင်း။
  • အမျိုးသမီးစစ်မှုထမ်းများကိုလည်း အမျိုးသားစစ်မှုထမ်းများနည်းတူ ရင်ဘောင်တန်းပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်မှန်းချက်ထား လေ့ကျင့်ပေးလျက်ရှိကြောင်း။
  • တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလဖြစ်သည့် BIA၊ BDA ခေတ်တွင် လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ မှအစပြုပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် မူဝါဒများအထိ နိုင်ငံ့အရေးမှန်သမျှကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။
  • တပ်မတော်အနေဖြင့် ကာကွယ်ရေးစွမ်းအားတည်ဆောက်ရာတွင် မြန်မာနိုင်ငံမှ အမျိုးသမီးထုပါဝင်နိုင်ရေး အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးနှင့် တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းဆောင်နိုင်ရေးတို့ အတွက် သင်တန်းကျောင်းများဖွင့်လှစ်ပြီး လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း။
  • တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ဖြစ်ပြီး အဆိုပါတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် တာဝန်ကျရာတပ်ဖွဲ့အသီးသီး၏ လုပ်ငန်းပိုင်းဆိုင်ရာတွင် အထူးကျွမ်းကျင်သူများ ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း။
  • သင်ကြားတတ်မြောက်ပြီးဖြစ်သည့် ခေါင်းဆောင်မှုပညာရပ်များကို လက်တွေ့နယ်ပယ်တွင် တွေ့ကြုံရသည့်အတွေ့အကြုံများနှင့် ပေါင်းစပ်အသုံးချပြီး ခေါင်းဆောင်ကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန်လိုကြောင်း။
  • မိမိကွပ်ကဲမှုအောက်တွင်ရှိသည့် အရာရှိ၊ စစ်သည်များကို ညီညွတ်မျှတမှုရှိသည့် ခေါင်းဆောင်မှုပေးနိုင်ရန် လိုအပ်သကဲ့သို့ မိမိတို့ကိုယ်တိုင်အနေဖြင့်လည်း လက်အောက်ကို ခေါင်းဆောင်မှုပေးနိုင်ရန် ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ စည်းမျဉ်း၊ စည်းကမ်းများကို တစ်သဝေမတိမ်း တိကျစွာလိုက်နာရန်လိုကြောင်း။
  • သို့မှသာ လက်အောက်အရာရှိ၊ စစ်သည်များ၏ အထင်ကြီးလေးစားမှုနှင့် အားကိုးယုံကြည်မှု အပြည့်အဝရရှိမှာဖြစ်ကြောင်း၊ ထိုသို့အထက်အောက် အပြန်အလှန်ယုံကြည်ကိုးစားအားကိုးမှုရှိမှသာ မိမိအဖွဲ့အစည်းသည် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ချို့ယွင်းချက်မရှိ ရာနှုန်းပြည့်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ကြောင်း။
  • တပ်မတော်ကို တိုက်ပွဲစွမ်းရည်၊ တိုက်ပွဲစွမ်းအားပြည့်စုံသည့် တပ်မတော်တစ်ရပ်ဖြစ်အောင် တည်ဆောက်လျက်ရှိရာ စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးအတွက် တပ်မတော်သားများနှင့် အဓိကသက်ဆိုင်ပြီး စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေးကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း။
  • ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးရပြီးကတည်းကပင် (၇၅)နှစ်တိုင်တိုင် ယနေ့ကာလအထိ နယ်ချဲ့ကိုလိုနီလက်ဟောင်းများနှင့် လက်သစ်များပါ မိမိတို့တိုင်းပြည်အပေါ် နည်းမျိုးစုံသွေးခွဲမှုများကြောင့် ဝါဒရေးရာအယူအဆ ကွဲလွဲမှု၊ လူမျိုးရေးရာအယူအဆကွဲလွဲမှု၊ ဘာသာရေးရာအယူအဆကွဲလွဲမှုများမှတစ်ဆင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်းသည် ပဋိပက္ခမျိုးစုံဖြစ်ပွားခဲ့ပြီး လက်ရှိလည်း ဖြစ်ပွားနေဆဲဖြစ်ကြောင်း။
  • အဆိုပါပဋိပက္ခမျိုးစုံဖြစ်ပွားနေမှုကိုလည်း အမြန်ဆုံးချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန် မတူညီခြင်းကိုဘေးချိတ် တူသည်ကိုတွဲချိတ်ကာ ငြိမ်းချမ်းသာယာသော ပါတီစုံဒီမိုကရေစီနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်နေမှုကိုလည်း ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ကြိုတင်ကန့်သတ်ချက်မထားဘဲ နှစ်ဖက်ထာဝရငြိမ်းချမ်းရေးမှသည် ပါတီစုံဒီမိုကရေစီကျင့်သုံးမှုနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင် စုကြီး အမြန်ဆုံး ပေါ်ထွန်းလာစေရေး ဦးတည်ချက်ဖြင့် ထာဝရငြိမ်းချမ်းရေးအတွက်ဆွေးနွေးရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ဖိတ်ခေါ်၍ ဆွေးနွေးလျက်ရှိရာ ယခုဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၀)ဖွဲ့နှင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်း။
  • တပ်မတော်သည် နိုင်ငံတော်ကို ကာကွယ်ရမည့် အဓိကကာကွယ်ရေးအဖွဲ့အစည်း တစ်ရပ်ဖြစ်သည်နှင့်အညီ တပ်မတော်သားများသည်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကကျသည့် ကာကွယ်ရေးအင်အားစုများပင် ဖြစ်ကြောင်း။
  • တပ်မတော်၏ မွန်မြတ်သည့်အတိတ်သမိုင်းကြောင်း၊ အစဉ်အလာနှင့် ပစ္စုပ္ပန်ရပ်တည်ချက်အမှန်တရားကို သိရှိနားလည်ပြီး ပေးအပ်လာသည့်တာဝန်များကို နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ကျေပွန်အောင် ဂုဏ်သိက္ခာရှိရှိ ထမ်း ဆောင်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းသည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူကာ စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာခဲ့ပြီး တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ ရိပ်သာဧည့်ခန်းမ၌ ဆုရဗိုလ်လောင်း ၄ ဦးတို့အားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါနေ့ ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၉) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်၍ သင်တန်းဆင်းအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁၂-၂၀၂၂)

 

  • နိုင်ငံတော်ကာကွယ်ရေးတာဝန်တစ်ရပ်သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားအမျိုးသား၊ အမျိုးသမီးမရွေး မဖြစ်မနေထမ်းဆောင်ရမည့် သမိုင်းပေးတာဝန်တစ်ရပ်ပင်ဖြစ်။
  • တပ်မတော်အနေဖြင့် ကာကွယ်ရေးစွမ်းအားတည်ဆောက်ရာတွင် မြန်မာအမျိုးသမီးထုပါဝင်နိုင်ရေး အမျိုးသမီးများ၏အခန်းကဏ္ဍ မြှင့်တင်ရေးနှင့် တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းဆောင်နိုင်ရေးတို့အတွက် သင်တန်းကျောင်းများဖွင့်လှစ်ပြီး လေ့ကျင့်မွေးထုတ်ပေးလျက်ရှိ။
  • တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ဖြစ်ပြီး အဆိုပါတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် တာဝန်ကျရာတပ်ဖွဲ့အသီးသီး၏ လုပ်ငန်းပိုင်းဆိုင်ရာတွင် အထူးကျွမ်းကျင်သူများ ဖြစ် အောင်ကြိုးစား ဆောင်ရွက်သွားကြရန်လို။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ထာဝရငြိမ်းချမ်းရေးအတွက်ဆွေးနွေးရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ဖိတ်ခေါ်၍ ဆွေးနွေးလျက်ရှိရာ ယခုဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၀)ဖွဲ့နှင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်း နေဆဲဖြစ်။
  • တပ်မတော်သည် နိုင်ငံတော်ကို ကာကွယ်ရမည့် အဓိကကာကွယ်ရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်နှင့်အညီ တပ်မတော်သားများသည်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကကျသည့် ကာကွယ်ရေးအင်အားစုများပင်ဖြစ်။

Add new comment