ရှေ့တန်းရောက် တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ စိတ်ပျော်ရွှင်ချမ်းမြေ့စေရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအဖွဲ့များ၊ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များက သွားရောက် ဂုဏ်ပြုဖျော်ဖြေ

    တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာလုံခြုံမှုရှိစေရေး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ စိတ်ပျော်ရွှင်ချမ်းမြေ့စေရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)မှ ဖျော်ဖြေရေးအဖွဲ့သားများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက ကျောပိုးအိတ်ဖျော်ဖြေရေးအဖွဲ့ငယ်များ ဖွဲ့စည်းကာ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများသို့ မိသားစုများ၏ကိုယ်စား၊ ကိုယ်ချင်းစာစိတ်အပြည့်အဝဖြင့် အလှည့် ကျသွားရောက် ဂုဏ်ပြုသီဆိုလျက်ရှိရာ-

  • ဒီဇင်ဘာလ ၂၃ နှင့် ၂၄ ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေရှိ လွိုင်ကော်မြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့နှင့် ဒီးမော့ဆိုမြို့နယ်တို့ရှိ ရှေ့တန်းစခန်းများနှင့် နယ်မြေခံတပ်ရင်းဌာနချုပ်များသို့ သွားရောက်ဖျော်ဖြေခဲ့ပါသည်။

လာရောက်ဖျော်ဖြေပေးကြသည့် အဖွဲ့သူ/သားများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် နယ်မြေခံတပ်များမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများနှင့် ဒေသထွက်လက်ဆောင်ပစ္စည်းများ  ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၆-၁၂-၂၀၂၂)

 

  • ရှေ့တန်းရောက် တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ စိတ်ပျော်ရွှင်ချမ်းမြေ့စေရန်အတွက် (MRTV)မှ ဖျော်ဖြေရေးအဖွဲ့သားများနှင့် နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များက သွားရောက်ဖျော်ဖြေဂုဏ်ပြုပေးခဲ့။

Add new comment