ဒီဇင်ဘာလ ၂၆ ရက်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၁) ရပ်ကွက်အတွင်းရှိ ရွှေကြက်မင်း ဘုရားကုန်းပေါ်သို့ အကြမ်းဖက်မှုကိုလိုလားသော KNLA နှင့် PDF အကြမ်းဖက်သမားများ Drone ၂ စီးအသုံးပြု၍ Drop Bomb များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ Drop Bomb ၂ လုံးသည် ရွှေကြက်မင်း ဘုန်းတော်ကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ဥူးဇင်း ၂ ပါး၊ ကိုရင် ၁ ပါး နှင့် အသက် ၁၁ နှစ်အရွယ် ဘုန်းကြီးကျောင်းသား ၁ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါသည်။
အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH တို့၏လက်ဝေခံ PDF အကြမ်းဖက်သမားများသည် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုတို့ ထိတ်လန့်မှုများဖြစ်စေရန် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက် ရှိပြီး ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ရဟန်းသံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့အရပ်သားပြည်သူများအား ခြိမ်းခြောက် အကြပ်ကိုင်ခြင်း၊ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၆ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ပျံလွန်တော်မူခဲ့ပြီး အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၁၂-၂၀၂၂)
- KNLA နှင့် PDF အကြမ်းဖက်သမားများက Drone အသုံးပြုပြီး ကော့ကရိတ်မြို့၊ ရွှေကြက်မင်းဘုန်းကြီးကျောင်းပေါ်သို့ Drop Bomb များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ဥူးဇင်း ၂ ပါး၊ ကိုရင် ၁ ပါး နှင့် အသက် ၁၁ နှစ်အရွယ် ဘုန်းကြီးကျောင်းသား ၁ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့။
Add new comment