ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ရုရှားဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN အား လက်ခံတွေ့ဆုံ

      ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်သည် မြန်မာနိုင်ငံသို့ရောက်ရှိနေသော ရုရှားဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာလ ၂၅ ရက်တွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် အရာရှိရိပ်သာ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။  

တွေ့ဆုံစဉ် နှစ်နိုင်ငံရေတပ်မှ စစ်ရေယာဉ်များ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ လေ့လာလည်ပတ်နိုင်မှုနှင့် နှစ်နိုင်ငံရေတပ်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာရေးအတွက် အဆင့်လိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လေ့လာလည်ပတ်နိုင်ရေး၊ မြန်မာ့တပ်မတော်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သင်တန်းသားများ စေလွှတ်သင်ကြားလျက်ရှိသည့် အခြေအနေများနှင့် နှစ်နိုင်ငံရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ ပါသည်။

ထို့နောက် ရုရှားဒုတိယရေတပ်ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၄)ရေတပ်ဗောတံတားမှ တပ်မတော်စစ်ရေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ အမှတ်(၅)ရေတပ်ဗောတံတားသို့ ရောက်ရှိကြ ရာ ရေတပ်လေ့ကျင့်ရေးဌာနချုပ်မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ၎င်းနောက် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၏ လေ့ကျင့်ရေးဆိုင်ရာဆောင်ရွက်ပေးနေမှုကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး Ship Handling Simulator တွင် လေ့ကျင့်နေမှုအား လည်းကောင်း၊ Engine Room Simulator တွင် လေ့ကျင့်နေမှုများအားလည်းကောင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ သိရှိလိုသည်များအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၁၂-၂၀၂၂)

 

  • ဗိုလ်ချုပ်ကြီး မိုးအောင်သည် ရုရှားဒုတိယရေတပ်ဦးစီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံရေတပ်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့။

Add new comment