ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး

     နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်တွင် ရန်ကုန်မြို့ရှိ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ဆွေးနွေးပြောကြားရာတွင်-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြဋ္ဌာန်းထားသောနိုင်ငံရေးဦးတည်ချက်များနှင့် လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အခြေအနေများ၊
  • နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးအပေါ် ဝင်ရောက်စွက်ဖက်နေမှုများအား တုံ့ပြန်ဆောင်ရွက်နေမှုများနှင့် အာဆီယံ၏တူညီဆန္ဒ (၅) ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့်အခြေ အနေများ၊
  • မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်၊ မူဝါဒနှင့် အကောင်အထည်ဖော်ဆောင်ရွက်ချက်တို့ကို ဒေသတွင်းနှင့် နိုင်ငံတကာမှသိရှိစေရန် သံတမန်လမ်းကြောင်း(၁.၅)၊ သံတမန်လမ်းကြောင်း (၂) တို့ဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းပြောကြား ဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ၊ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါ သည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁၂-၂၀၂၂)

 

  • ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြဋ္ဌာန်းထားသော နိုင်ငံရေးဦးတည်ချက်များနှင့် လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောအခြေအနေများ၊ အာဆီယံ၏တူညီဆန္ဒ()ချက်အပေါ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် မူဝါဒများကို ဒေသတွင်းနှင့် နိုင်ငံတကာမှသိရှိစေရန် သံတမန်လမ်းကြောင်း (.)၊ သံတမန် လမ်းကြောင်း() တို့ဖြင့်ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းပြောကြားဆွေးနွေးခဲ့။

Add new comment