မြန်မာနိုင်ငံမှ နှစ်စဉ် ဆန်ဖြူတန်ချိန် ၁၀၀,၀၀၀ နှင့် ပေါင်းဆန်တန်ချိန် ၅၀,၀၀၀ တို့ကို သီရိလင်္ကာနိုင်ငံသို့ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်းတင်ပို့မည်

မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ G to G အစီအစဉ်ဖြင့် ဆန်တင်ပို့ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာနတို့အကြား နှစ်နိုင်ငံသဘောတူစာချုပ် (Bilateral Agreement) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဇန်နဝါရီလ ၇ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်‌ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက-

· နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်နိုင်ရေးအတွက် အစိုးရများအကြား G to G စနစ်ဖြင့် လယ်ယာထွက်ကုန်ကဏ္ဍမှ ဆန် အပါအဝင် အခြားကုန်စည်များ တိုးမြှင့်ရောင်းချသွားနိုင်ရေး ကနဦးဆောင်ရွက်ချက်အဖြစ် ချုပ်ဆိုခြင်းဖြစ်ကြောင်း၊

· နှစ်နိုင်ငံအကြား အကျိုးအမြတ်ရှိနိုင်သည့် ခရီးသွားလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အတွက် ဖိတ်ခေါ်ကြောင်း၊

· မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက် မှု ပူးပေါင်းဆောင်ရွက်ရန် အမြဲကြိုဆိုလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးက-

· မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့သည် ၁၉၄၉ ခုနှစ်မှစတင်၍ သံတမန်ဆက်ဆံမှု စတင်ခဲ့ကြောင်း၊

· မိမိတို့နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကအစား အစာဖြစ်သော ဆန်ကို ယခုလို G to G အစီအစဉ်ဖြင့် ရောင်း ချပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊

· ရှေ့ဆက်၍ မိမိတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာ-သီရိလင်္ကာ ဆန်တင်ပို့ရောင်းချမှုဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ်အား နှစ်နိုင်ငံအကြား တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြပြီး စာချုပ်အရ ဆန်ရောင်းဝယ်မှုကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် သီရိလင်္ကာနိုင်ငံ Sri Lanka State Trading (General) Corporation တို့မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံဘက်မှ နှစ်စဉ်ဆန်ဖြူတန်ချိန် ၁၀၀,၀၀၀ နှင့် ပေါင်းဆန်တန်ချိန် ၅၀,၀၀၀ တို့ကို သီရိလင်္ကာနိုင်ငံသို့ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် အတွင်း တင်ပို့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  •  မြန်မာ-သီရိလင်္ကာ ဆန်တင်ပို့ရောင်းချမှုဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ်အား နှစ်နိုင်ငံအကြား တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာနိုင်ငံဘက်မှ နှစ်စဉ်ဆန်ဖြူတန်ချိန် ၁၀၀,၀၀၀ နှင့် ပေါင်းဆန်တန်ချိန် ၅၀,၀၀၀ တို့ကို သီရိ လင်္ကာနိုင်ငံသို့ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း တင်ပို့သွားမည်ဖြစ်။
  • နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် အစိုးရများအကြား G to G စနစ် ဖြင့် လယ်ယာထွက်ကုန်ကဏ္ဍမှ ဆန် အပါအဝင် အခြားကုန်စည်များ တိုးမြှင့်ရောင်းချသွားနိုင်ရေး ကနဦးဆောင်ရွက်ချက်အဖြစ် ချုပ်ဆိုခြင်းဖြစ်။

 

Add new comment