နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်၏ ကြယ်ကလေးများ၏ အနာဂတ်တစ်ကိုယ်တော် သီဆို ဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှုအ

     ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်၏ ကြယ်ကလေးများ၏ အနာဂတ်တစ်ကိုယ်တော်သီဆိုဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၂၃ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်အတွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

ဦးစွာ မြန်မာပြည်သိန်းတန်နှင့်အဖွဲ့က တေးသီချင်းများဖြင့်သီဆို၍ တေးသရုပ်ဖော်များဖြင့်ဖျော်ဖြေတင်ဆက်ကြရာ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သီဆိုဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီးတို့က  မြန်မာပြည်သိန်းတန်နှင့်အဖွဲ့အား ဂုဏ်ပြုပန်းခြင်းနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကလှူဒါန်းသည့် အလှူငွေကျပ်သိန်း(၃၀၀)ကို ပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပါသည်။

အဆိုပါ သီဆိုဖျော်ဖြေပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁၂-၂၀၂၂)

 

  • ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်၏ ကြယ်ကလေးများ၏ အနာဂတ်တစ်ကိုယ်တော်သီဆိုဖျော်ဖြေပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများကလှူဒါန်းသည့် အလှူငွေကျပ်သိန်း(၃၀၀)ကို ပေးအပ်ခဲ့။

Add new comment