ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဘားအံ-ကော့ကရိတ်သွားကားလမ်း မိုင်တိုင်အမှတ်၊ ၁၁၁ နှင့် ၁၁၂ ကြား ငါးတိုင်ကျေးရွာ၏ အရှေ့ဘက်မီတာ ၁,၅၀၀ ခန့် အကွာရှိ အရှည် ၄၆ ပေ၊ အကျယ် ၃၂ ပေ၊ အမြင့် ၁၂ ပေရှိသော သံကူကွန်ကရစ်အမျိုးအစားတံတား တစ်စင်းအား ဒီဇင်ဘာလ ၂၄ ရက်တွင် KKO(ခွဲထွက်)နှင့် PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့ရာ ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကားလမ်း၏ညာဘက်ခြမ်းမှာ ၂ ပေပတ်လည်ခန့် ပေါက်ပြဲပျက်စီးခဲ့ပါသည်။
အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ NUG ၏စေခိုင်းချက်ဖြင့် PDF အကြမ်းဖက်သမားများက နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင်အဆောက်အဦများ၊ စစ်ရေးနှင့်မသက်ဆိုင်သည့် ပြည်သူပိုင်အိုးအိမ်များနှင့် ပြည်သူများသွားလာအသုံးပြုလျက်ရှိသည့် လမ်း/တံတားများအား အကြောင်းမဲ့ ဖောက်ခွဲဖျက်ဆီးမှုများကြောင့် အများပြည်သူများ၏ အကျိုးစီးပွားများ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများဖြစ်ပေါ်လျက်ရှိရာ အများပြည်သူစိုးရိမ်ထိတ်လန့်မှု ဖြစ်စေရန် ၎င်းတို့၏လုပ်ရပ်အပေါ် ပြည်သူတစ်ရပ်လုံးက ရွံရှာမုန်းတီးလျက်ရှိပါသည်။
အဆိုပါတံတားပျက်စီးမှုအား သက်ဆိုင်ရာမှ အမြန်ဆုံးပြန်လည်ပြင်ဆင်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၁၂-၂၀၂၂)
|
Add new comment