နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

         ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးရှိ နယ်မြေခံရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ သီရိမဟာဇေယျကျော်ထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပြီး အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်၍ အမှာစကားပြောကြားရာတွင်- 

  • မြန်မာနိုင်ငံကုန်းမြေဧရိယာ၏ တစ်ဝက်ကျော်ရှိသည့် ရေပြင်ဧရိယာသည် စတုရန်းရေမိုင်ပေါင်း ၁၄၄,၉၁၂ မိုင်ရှိပြီး ရေပေါ်ရေအောက် အဖိုးတန်သယံဇာတများ၊ ရေသတ္တဝါများ နားခိုကျက်စားရာနေရာများနှင့် ကျွန်းကြီး၊ ကျွန်းငယ်များ၊ ပင်လယ်ကမ်းရိုး တန်းသဘာဝအလှတရားများစွာတို့နှင့် ပြည့်နှက်နေကြောင်း။
  • စစ်ရေယာဉ်ကြီးများကို ပင်လယ်ပြင်တွင် သမားရိုးကျစစ်ပွဲများ ဆင်နွှဲနိုင်ရန်အတွက် ရည်မှန်းချက်ထား တည်ဆောက်ပေးနိုင်ခဲ့သကဲ့သို့ တပ်မတော်(ရေ)၏ စစ်မဟာဗျူဟာများဖြစ်သည့် Active Defence Strategy နှင့် Two Sea Strategy အရ ဆက် လက်တည်ဆောက်ရမည့် စစ်ရေယာဉ်များကိုလည်း လျာထားစီမံတည်ဆောက်လျက်ရှိကြောင်း။
  • စစ်ရေယာဉ်များ တိုးတက်တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ဖရီဂိတ်စစ်ရေယာဉ်များနှင့် သီးသန့်စီးပွားရေးဇုန်အတွင်း သမားရိုးကျစစ်ပွဲများကို ဆင်နွှဲနိုင်သည့်ရေတပ်၊ တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ ထမ်းဆောင်နိုင်သောရေတပ်အဖြစ် ဂုဏ်ယူဝင့် ထည်စွာ ရပ်တည်ဆောင်ရွက်နေပြီဖြစ်ကြောင်း။
  • တပ်မတော်(ရေ)ကို တိုက်ပွဲဝင်အသင့်ဖြစ်ရန်အတွက် စစ်ရေယာဉ်အသင့်ဖြစ်မှု၊ လက်နက်နှင့် လက်နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှုဆိုသည့် အသင့်ဖြစ်မှု ၃ ရပ်နှင့် ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း။
  • ရေအောက်စစ်ဆင်ရေးကဏ္ဍအတွက် အလွန်အရေးကြီးသည့် တိုက်ခိုက်ရေးရေငုပ် သင်္ဘော ၂ စီးကို ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ဒေသတွင်း၌ ရေငုပ်သင်္ဘောလက်ဝယ်ပိုင်ဆိုင်သည့် ရေတပ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း။
  • တပ်မတော်(ရေ)၏ ကဏ္ဍကြီး ၄ ရပ်ကို ထမ်းဆောင်ရာတွင် စစ်ရေးကဏ္ဍအနေဖြင့် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအား ဟန်ချက်ညီတိုးတက်မှသာ တိုက်ပွဲဝင်အသင့်ဖြစ်သည့် တပ်ဖွဲ့တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း။
  • တိုက်စွမ်းအားရရှိရေးအတွက် စစ်ဆင်မှုနယ်ပယ် ၄ ရပ်တွင် စစ်ဆင်နိုင်မည့် ခေတ်မီ Platform များ၊ စွမ်းရည်မြင့်လက်နက်နှင့် လက်နက်စနစ်များ၊ ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ကိရိယာများကို ဖြည့်ဆည်းပေးခဲ့ကြောင်း။
  • ယနေ့အချိန်တွင် ရေပြင်သွားစစ်ရေယာဉ်ကြီးတွေသာမက ရေငုပ်သင်္ဘောများကိုပါ ရရှိပိုင်ဆိုင်လာခဲ့ပြီး သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် ရေတပ်အဖြစ် ခြေလှမ်းသစ်တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း။
  • စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield) များကို ၂၀၁၄ ခုနှစ်က စတင်လေ့ကျင့်ခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ နှစ်စဉ်နှစ်တိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် မပျက်မကွက် တက်ရောက်ခဲ့ကြောင်း။
  • ကာကွယ်ရေး၏ သဘောသဘာဝသည် ကြိုတင်မျှော်တွေး ပြင်ဆင်လေ့ကျင့်နေရခြင်းဖြစ်သဖြင့် အမြဲတမ်းလေ့ကျင့်နေမှသာ ပင်လယ်ပြင်မှ ကျူးကျော်လာသည့် မည်သည့်ရန်သူကိုမဆို အချိန်အခါမရွေး တုံ့ပြန်ချေမှုန်းနိုင်မည်ဖြစ်ပြီး မြန်မာ့ပင်လယ်ပြင် ကာကွယ်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်မည်ပင်ဖြစ်ကြောင်း။
  • ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မလေးရှားနှင့် အိန္ဒိယနိုင်ငံ၊ အက်ဒမန်ကျွန်းတွင် ကာလရှည်စွာ ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများကို ၂၀၂၁ ခုနှစ်အတွင်း ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း။
  • ပြည်သူလူထုကျန်းမာရေးအတွက် ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)၊ မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုစွန်)တို့ဖြင့် နှစ်စဉ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ ပြည်သူလူထု ၃ သိန်းခန့်ကို ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။
  • တပ်မတော်(ရေ)၏ သံတမန်ရေးရာကဏ္ဍအနေဖြင့် အိမ်နီးချင်းရေတပ်များ၊ နိုင်ငံတကာရေတပ်များနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ပြီး တပ်မတော်၏အဆင့်အတန်းကို ပြသနိုင်ခဲ့ကြောင်း။
  • နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၏ ခေတ်အဆက်ဆက် ဦးဆွေးဆံမြည့်၊ သက်စွန့်ကြိုးပမ်း၊ သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့မှုများကြောင့် နိုင်ငံတော်မှ ဘွဲ့ထူးဂုဏ်ထူး၊ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့/တံဆိပ်/လက်မှတ်များကို သီဟသူရ ၁ ဦး၊ သူရဘွဲ့ ၁၆ ဦး၊ သူရဲကောင်းမှတ်တမ်းဝင် ၆၅ ဦး အပါအဝင် အရာရှိ၊ စစ်သည် ၄၁၆ ဦးအား ပေးအပ်ချီးမြှင့်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များနှင့် ဇနီးများ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ဇနီး များ၊  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၊ မိသားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် ကြီးများ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါနေ့နံနက်ပိုင်းတွင်လည်း မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်ရုံးအဆောက်အဦဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဌာနချုပ်ရုံးဆိုင်းဘုတ် အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်အဆောက်အဦကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်ရုံးအဆောက်အဦအတွင်းနှင့် အဆောက်အဦအပေါ်တို့မှ နယ်မြေဒေသအခြေအနေများအား လှည့်လည်ကြည့် ရှုခဲ့ကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၁၂-၂၀၂၂) 

 

  • စစ်ရေယာဉ်ကြီးများကို ပင်လယ်ပြင်တွင် သမားရိုးကျစစ်ပွဲများ ဆင်နွှဲနိုင်ရန်အတွက် ရည်မှန်းချက်ထား တည်ဆောက်ပေးနိုင်ခဲ့သကဲ့သို့ တပ်မတော်(ရေ) စစ်မဟာဗျူဟာများဖြစ်သည့် Active Defence Strategy နှင့် Two Sea Strategy အရ ဆက် လက်တည်ဆောက်ရမည့် စစ်ရေယာဉ်များကိုလည်း လျာထားစီမံတည်ဆောက်လျက်ရှိ။
  • တပ်မတော်(ရေ)ကို တိုက်ပွဲဝင်အသင့်ဖြစ်ရန်အတွက် စစ်ရေယာဉ်အသင့်ဖြစ်မှု၊ လက်နက်နှင့် လက်နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှုဆိုသည့် အသင့်ဖြစ်မှု ရပ်နှင့် ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့။
  • ရေအောက်စစ်ဆင်ရေးကဏ္ဍအတွက် အလွန်အရေးကြီးသည့် တိုက်ခိုက်ရေးရေငုပ်သင်္ဘော စီးကို ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ဒေသတွင်း၌ ရေငုပ်သင်္ဘောလက်ဝယ်ပိုင်ဆိုင်သည့် ရေတပ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်။
  • ယနေ့အချိန်တွင် ရေပြင်သွားစစ်ရေယာဉ်ကြီးများသာမက ရေငုပ်သင်္ဘောများကိုပါ ရရှိပိုင်ဆိုင်လာခဲ့ပြီး သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် ရေတပ်အဖြစ် ခြေလှမ်းသစ်တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်။
  • ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မလေးရှားနှင့် အိန္ဒိယနိုင်ငံ၊ အက်ဒမန်ကျွန်းတွင် ကာလရှည်စွာ ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများကို ၂၀၂၁ ခုနှစ်အတွင်း ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့။
  • ပြည်သူလူထုကျန်းမာရေးအတွက် ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုစွန်)တို့ဖြင့် နှစ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ ပြည်သူလူထု သိန်းခန့်ကို ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်။

Add new comment