နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက်စိန်ရတုတပ်မတော်(ရေ)နေ့ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းနှင့် ကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းတပ်တော်ဝင်ခြင်းအခမ်းအနားသို့ တက်ရောက်

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(ရေ)၏ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်၏ရေကြောင်းဆိုင်ရာအကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းနှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းတပ်တော်ဝင်ခြင်းအခမ်းအနားကို ရန်ကုန် မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များနှင့် ဇနီးများ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး၊ ရုရှားတပ်မတော် ဒုတိယရေတပ်ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၊ မိသားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်အရ စစ်ဦးစီးအရာရှိချုပ်(ရေ)က တပ်တော်ဝင်စစ်ရေယာဉ်ဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြပြီးနောက် ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာစစ်ရေယာဉ် စုမှူးထံ စစ်ရေယာဉ်များနှင့်ပတ်သက်သော စာရွက်စာတမ်းများအားလည်းကောင်း၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှူးက မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ထံ တပ်မတော်(ရေ)မှ လွှဲ ပြောင်းပေးအပ်သည့် စစ်ရေယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအားလည်းကောင်း အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်တော်ဝင်အခမ်းအနားအထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များနှင့် (၆၅)နှစ်မြောက် တပ်မတော်(ရေ)နေ့မှ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နေ့အထိ ၁၁ နှစ်တာကာလအတွင်း တပ်တော်ဝင်၊ တိုးတက်ဖွဲ့စည်းခဲ့သည့် စစ်ရေယာဉ်များ၏ အမှတ်တရအထိမ်းအမှတ်တံဆိပ်ကို ဂါရဝပြု ပေးအပ်ခဲ့ပါသည်။

စစ်ဦးစီးအရာရှိချုပ်(ရေ)က တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ် ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ တပ်မတော်(ရေ)အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း(၈)ချက်တီး ခြင်းနှင့် တပ်တော်ဝင်လုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်တော်ဝင်စစ်ရေယာဉ်များဖြစ်သော အမြန်သွားကင်းလှည့်ရေယာဉ် ၂ စီး အပါအဝင် တပ်ဖွဲ့တင်ကမ်းထိုး ရေယာဉ် ၂ စီးနှင့် ရေသယ်ရေယာဉ် ၁ စီး၊ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်တပ်တော်ဝင်သော ရေယာဉ်များနှင့် ရေငုပ်င်္ဘောစစ်ရေယာဉ်(မင်းရဲသိင်္ခသူ)တို့အား လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေယာဉ်(မုတ္တမ)ပေါ်ရှိ အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ ပါသည်။ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူနေစဉ် စစ်ရေယာဉ်(ရန်တိုင်းအောင်)နှင့် စစ်ရေယာဉ်(ရန်ကြီးအောင်)တို့မှ အမြောက်(၂၁)ချက်ပစ်ဖောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုအလေးပြုကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဖရီဂိတ်စစ်ရေယာဉ်(အောင်ဇေယျ)ဦးဆောင်သော ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)၊ ဖရီဂိတ်စစ်ရေယာဉ်(ဆင်ဖြူရှင်)၊ ကော်ဗက်စစ်ရေယာဉ်(တပင်ရွှေထီး)နှင့် ကမ်းလွန်ကင်းလှည့်ရေယာဉ်(အင်းလေး)နှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ အမြန်သွားကင်းလှည့်ရေယာဉ်တို့က Single Line Formation ပုံစံဖြင့်လည်းကောင်း၊ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်(၈)စီးတို့မှ Line Abreast ပုံပြုပုံစံများဖြင့် အသီးသီးပုံပြု မောင်းနှင်၍ ချီတက်အလေးပြုကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က အမြောက်ပစ်ဖောက်ဂုဏ်ပြုအလေးပြု ပစ်ခတ်ထားသည့် ပထမဆုံးအမြောက်ကျည်ဆန်ခွံ အား အထိမ်းအမှတ်လက်ဆောင်အဖြစ် ဂါရဝပြုပေးအပ်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုမောင်းနှင်ချီတက်အလေးပြုခဲ့ကြသည့် စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်တော်ဝင်ရေယာဉ်များ တည် ဆောက်ခဲ့ချိန်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် လက်ဆောင်ပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌-

  • ယနေ့ကျင်းပပြုလုပ်သည့်အခမ်းအနားသည် တပ်မတော်(ရေ)၏ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့အခမ်းအနားဖြစ်သကဲ့သို့ တပ်မတော်(ရေ)အတွက် ပဉ္စမနှင့် ဆဋ္ဌမ မြောက် Super Dvora အမြန်သွားကင်းလှည့်ရေယာဉ်များအပါအဝင် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားဖြစ်ပြီး တပ်မတော်အတွက် ထူးခြားလေးနက်သည့် စွမ်းအားတစ်ရပ်ကို ထပ်မံဖြည့်ဆည်းပေးနိုင်သည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း။
  • ပြည်ပမှနည်းပညာလွှဲပြောင်းခဲ့ပြီး တပ်မတော်(ရေ)က ကိုယ်တိုင်တည်ဆောက်ခဲ့သည့် အမြန်သွားကင်းလှည့်ရေယာဉ် ၂ စီးအပါအဝင် တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ် ၂ စီးနှင့် ရေသယ်ရေယာဉ် ၁ စီးတို့ကို အောင်မြင်စွာ တပ်တော်ဝင်နိုင်ခဲ့ကြောင်း။
  • တပ်မတော်(ရေ)ကို ယခင်ကစစ်ရေယာဉ်(မေယု)ဖြင့် စတင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှစ၍ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့ကာ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်များမှတစ်ဆင့် ကိုယ်ပိုင်ဒီဇိုင်း ရေးဆွဲပြီး ကိုယ်တိုင်တည်ဆောက်နိုင်သည့် စစ်ရေယာဉ်များအဖြစ် တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း။
  • လွန်ခဲ့သည့်(၇၅)နှစ်ကစပြီး အဆင့်ဆင့်တည်ဆောက်လာခဲ့သည်မှာ ယခုအခါဒုံးပျံတင်ဖရီဂိတ်စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်ပြီး တိုက်ပွဲဝင်နိုင်စွမ်းအဆင့်ရောက်ရှိအောင် ဆောင် ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း။
  • နိုင်ငံတော်၏အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးအာမခံချက်မှာ စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေးအင်အားစု တည်ဆောက်ပိုင်ဆိုင်ခြင်းပင်ဖြစ်ကြောင်း။
  • တပ်မတော်(ရေ)ကိုတည်ဆောက်ရာတွင် အဆင့်လိုက်မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝ ကာကွယ်နိုင်သည့် သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသော တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy)အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း။
  • ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ အင်အားဖြန့်ကြက်နိုင်စွမ်းရှိသည့်ရေတပ် (Adjacent Force Projection Navy/ Regional Navy) အဖြစ် တည်ဆောက်လျက်ရှိကြောင်း။
  • ရေရှည်မျှော်မှန်းချက်အနေဖြင့် မိမိအကျိုးစီးပွားများဆက်စပ်တည်ရှိရာ ရေပြာသို့ အင်အားပို့လွှတ်နိုင်သည့် ရေတပ် (Blue Water Navy Ambition) အဖြစ် မျှော်မှန်းတည်ဆောက်သွားမည် ဖြစ်ကြောင်း။
  • ရေယာဉ်များ တည်ဆောက်ဖြည့်တင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရေတပ်သင်္ဘောကျင်းဌာနချုပ်ကို အဆင့်ဆင့် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း၊ ရေယာဉ်တည်ဆောက်မှု အတွေ့အကြုံ များပြားလာသည်နှင့့် အမျှ အရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ကြောင်း။
  • စွမ်းရည်ထက်မြက်သည့် တိုက်ပွဲဝင်စစ်ရေယာဉ်များ ဖြစ်စေရေးအတွက် စစ်ရေယာဉ်တစ်စီးချင်းစီ၏ စွမ်းဆောင်နိုင်မှုများ တိုးတက်ကောင်းမွန်လာစေရေး ဆက်လက်ကြိုးပမ်းတည်ဆောက် သွားရမည်ဖြစ်ကြောင်း။
  • တစ်ဖက်တွင်လည်း ဒုတိယအဆင့် မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ အင်အားဖြန့်ကြက်နိုင်စွမ်းရှိသည့် ရေတပ်(Adjacent Force Projection Navy/ Regional Navy) ဖြစ်ရန် ပင်လယ်ပြင်တွင် ရေရှည်ရပ်တည်နိုင်စွမ်းရှိပြီး တိုက်စွမ်းအားပြည့်ဝသည့် စစ်ရေယာဉ်ကြီးများရှိမှသာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။
  • ဒုတိယအဆင့်ရည်မှန်းချက်ကို ပြည့်မီရန်ဒေသတွင်း အင်အားဖြန့်ကြက်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်ကြီးများကို ဆက်လက်တည်ဆောက်သွားရမည်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံ၏ ရေကြောင်းဆိုင်ရာအမျိုးသားအကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တတိယအဆင့် ရေရှည်မျှော်မှန်းချက်ဖြစ်သည့် မိမိတို့၏အကျိုးစီးပွားများရှိရာ ရေပြာသမုဒ္ဒရာများ ဆီသို့ အင်အားပို့လွှတ်နိုင်သည့် ရေတပ် (Blue Water Navy Ambition) အဖြစ် အဆင့်လိုက် မျှော်မှန်းတည်ဆောက်သွားရမည်ဖြစ်ကြောင်း။
  • တပ်မတော်(ရေ)၏ ရည်မှန်းချက်အဆင့်တိုင်းကို အကောင်အထည်ဖော်ဆောင်နိုင်ရန် တိုက်စွမ်းရည်မြင့်မားသည့် စစ်ရေယာဉ်ကြီးများလိုအပ်သကဲ့သို့ ယခုစစ်ရေယာဉ်ကြီးများကို ကိုင်တွယ် မောင်းနှင်နိုင်မည့် တိုက်စွမ်းရည်ပြည့်ဝသော ရေတပ်စစ်သည်တော်များဖြစ်စေရေး အမြဲတမ်းလေကျင့်နေရန် လိုအပ်မည်ဖြစ်ကြောင်း။
  • တိုက်စွမ်းရည်ပြည့်ဝစေရန်အတွက် တိုက်ပွဲဝင်စစ်ရေယာဉ်များတွင် တာဝန်ထမ်းဆောင်မည့် စစ်သည်တော်များကိုလည်း အရည်အချင်းပြည့်ဝသည့် စစ်သည်တော်ကောင်းများဖြစ်အောင် ပြုစု ပျိုးထောင်လေ့ကျင့်ပေးလျက်ရှိကြောင်း။
  • ထိုသို့လေ့ကျင့်သည့်အခါတွင် တစ်ဦးချင်းအရည်အချင်း တိုးတက်စေရန်အတွက် ပြည်တွင်းသင်တန်းများ၌ ထူးချွန်စွာအောင်မြင်ကြသည့် အရာရှိ၊ စစ်သည်များကို ပြည်ပနိုင်ငံများသို့ စေလွှတ် တက်ရောက်စေလျက်ရှိရာ ရုရှား၊ တရုတ်၊ အိန္ဒိယစသည့်နိုင်ငံများအပါအဝင် နိုင်ငံအများအပြားသို့ အရာရှိ၊ စစ်သည်များ စေလွှတ်တက်ရောက်စေခဲ့ပြီးဖြစ်ကြောင်း။
  • ၂၀၁၅ ခုနှစ်မှစတင်ပြီး ပြည်တွင်း၌လည်း Mobile Training Team နည်းပြများအား ခေါ်ယူသင်ကြားစေလျက်ရှိရာ အရာရှိ၊ စစ်သည်အများအပြားကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။
  • ရေတပ်သားများ လေ့ကျင့်ရေးဆိုင်ရာတိုးတက်မြင့်မားစေရန်အတွက် လေ့ကျင့်ရေးသင်ထောက်ကူ Simulator နှင့် Trainer များ ဖြည့်ဆည်းပေးခြင်း၊ လေ့ကျင့်ရေးအထောက်အကူပြု အဆောက် အဦများ တိုးချဲ့တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
  • အဖွဲ့လိုက်စွမ်းရည်တိုးတက်စေရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းများ၊ Sea Shield လေ့ကျင့်ခန်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးတွဲကင်းလှည့်မှုလေ့ကျင့်ခန်းများ၊ ပြည်ပနိုင်ငံများနှင့် ရေကြောင်းလုံခြုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလေ့ကျင့်ခန်းများကို နှစ်စဉ်ပုံမှန်ဆောင်ရွက်စေလျက်ရှိကြောင်း။
  • လူ့စွမ်းအားအရင်းအမြစ်နှင့်ပတ်သက်ပြီး အမျိုးသားအရာရှိ၊ စစ်သည်များသာမက အမျိုးသမီးအရာရှိ၊ စစ်သည်များကိုပါ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ အမျိုးသမီးအရာရှိ၊ စစ်သည်များကို စစ်ရေယာဉ်များတွင် တာဝန်ပေးအပ်ပြီး ပင်လယ်ပြင်စစ်ဆင်ရေးနှင့် လေ့ကျင့်ရေးများတွင်ပါ လက်ရှိတာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း။
  • ယနေ့တပ်တော်ဝင်ခဲ့သည့် Super Dvora အမြန်သွားကင်းလှည့် ရေယာဉ်များကို ပြည်ပမှ နည်းပညာလွှဲပြောင်းရယူခဲ့ပြီး တပ်မတော်(ရေ) အင်ဂျင်နီယာပညာရှင်များကိုယ်တိုင် နည်းပညာမြင့် တည်ဆောက်နိုင်ခဲ့သည့် ရေယာဉ်များဖြစ်ပြီး ရေမိုင် ၄၀ ကျော် မြန်နှုန်းမြင့် ခုတ်မောင်းနိုင်ကာ ရန်သူ့ရေတပ်ဖွဲ့ကို Swarming Tactics နှင့် ကြားဖြတ်တိုက်ခိုက်ရေးတာဝန်များကိုပါ ထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း။
  • Super Dvora တည်ဆောက်ခဲ့သည့် အတွေ့အကြုံများစွာရှိပြီးဖြစ်သဖြင့် ယခုထက်အရွယ်ပမာဏပိုမိုကြီးမားပြီး စွမ်းဆောင်ရည်မြင့်သည့် သင်္ဘောမျိုး တည်ဆောက်နိုင်ရန်အတွက် ကြိုးပမ်းသွား ရန်လိုကြောင်း။
  • ယခုတပ်တော်ဝင်သည့် ၂၃ မီတာ တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ်များကို မြန်မာ့ရေမြေလိုအပ်ချက်အတိုင်း ဆန်းသစ်တီထွင်ကာ ပိုမိုတောင့်တင်းခိုင်မာသည့် Armor Plate များနှင့် တည်ဆောက် ထားခြင်းဖြစ်ပြီး မြစ်တွင်းစစ်ဆင်ရေး၊ လုံခြုံရေးနှင့် တပ်ဖွဲ့တင်တိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် အဓိကရည်ရွယ်ခြင်းဖြစ်ကြောင်း။
  • ဧရာဝတီ၊ ချင်းတွင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရှည်လျားလှသည့် မြစ်ကြီးများအတွင်း ရေကြောင်းလုံခြုံရေးများ၊ စစ်ဆင်ရေးများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရေတိမ်မြစ် တွင်းသွား စစ်ရေယာဉ်များကိုလည်း တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း။
  • ဟန်ချက်ညီသည့် ရေတပ်တစ်ခုတည်ဆောက်ရာတွင် သီးသန့်စီးပွားရေးဇုန်ကာကွယ်နိုင်ရေး၊ ကမ်းရိုးတန်းရေပြင်နှင့် မြစ်တွင်းစစ်ဆင်ရေးများကိုပါ ဆင်နွှဲနိုင်ရေးအတွက် ဖရီဂိတ်စစ်ရေယာဉ် ကြီးများ၊ ကော်ဗက်စစ်ရေယာဉ်များအပါအဝင် အမြန်သွားကင်းလှည့်ရေယာဉ်၊ တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ်၊ အုပ်ချုပ်ထောက်ပံ့ရေးရေယာဉ်များကိုပါ အချိုးအစားမျှတစွာ လိုက်လျောညီထွေရှိ အောင် စနစ်တကျတည်ဆောက်ပေးလျက်ရှိကြောင်း။
  • ပင်လယ်ပြင်သည် နိုင်ငံတော်၏အနာဂတ်အကျိုးစီးပွားကို ပုံဖော်နေသည့်အတွက် ပင်လယ်ပြင်ကို ကာကွယ်စောင့်ရှောက်ရေး၌ တပ်မတော်(ရေ)၏ အဓိကတာဝန်ဖြစ်ကြောင်း။
  • သမိုင်းကြောင်းတစ်လျှောက် တပ်မတော်(ရေ)၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်(ရေ)၏ ပဲ့ကိုင်ရှင်များ၊ လက်တွဲဆောင်ရွက်ခဲ့ကြသည့် စစ်သည်တော်များ၏ ကြိုးပမ်းတည်ဆောက် ခဲ့မှုအစဉ်အလာကောင်းများကြောင့် နိုင်ငံတော်နှင့် တပ်မတော်ကအားထားရသည့် ပြည်သူကအားကိုးရသည့် စွမ်းအားနှင့် စွမ်းရည်ပြည့်ဝသော ရေတပ်တစ်ခုအဖြစ်သို့ တက်လှမ်းနေပြီဖြစ် ကြောင်း။
  • ယနေ့အခါသမယတွင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များအနေဖြင့် ရှိရင်းစွဲသမိုင်းအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကာ (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်(ရေ)၌ ပါဝင်ထမ်းဆောင်ခွင့်ရရှိသူများအဖြစ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းထမ်းဆောင်သွားကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ (၇၅)နှစ်မြောက် တပ်မတော်(ရေ)စိန်ရတုနှစ်ပတ်လည်နေ့အထိမ်း အမှတ်ပြခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ်စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးကာ အထိမ်းအမှတ်ပြခန်းများနှင့် ရေတပ်စခန်းဌာနချုပ်အလိုက် ခင်းကျင်းပြသထားသည့် ပြခန်းများ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ မြန်မာ့ရိုးရာစားသောက်ဖွယ်ရာအရောင်းဆိုင်များ၊ စာအုပ်အရောင်းဆိုင်နှင့် တပ်မတော်ထုတ်လူသုံးကုန်ပစ္စည်း အရောင်းဆိုင် များအား လှည့်လည်ကြည့်ရှုကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် တပ်မတော်(ရေ) စစ်တီးဝိုင်းတပ်ဖွဲ့၏ တီးမှုတ်ဖျော်ဖြေမှုများနှင့် ပဒေသာကပွဲများ၊ တိုင်းရင်းသားရိုးရာ တေးသီချင်းအကအလှတို့ဖြင့် ဖျော်ဖြေမှုတို့အား ကြည့်ရှုအားပေးကာ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်း အမှတ် မီးရှူးမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၁၂-၂၀၂၂)

 

  • တပ်မတော်(ရေ)ကိုတည်ဆောက်ရာတွင် အဆင့်လိုက်မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝ ကာ ကွယ်နိုင်သည့် သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသော တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy) အဆင့်သို့ ရောက်ရှိနေပြီဖြစ်။
  • ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက် စပ်ပင်လယ်ပြင်များသို့ အင်အားဖြန့်ကြက်နိုင်စွမ်းရှိသည့်ရေတပ် (Adjacent Force Projection Navy/ Regional Navy) အဖြစ် တည်ဆောက်လျက်ရှိ။
  • ရေရှည်မျှော်မှန်းချက်အနေဖြင့် မိမိအကျိုးစီးပွားများဆက်စပ်တည်ရှိရာ ရေပြာသို့ အင်အားပို့လွှတ်နိုင်သည့်ရေတပ် (Blue Water Navy Ambition) အဖြစ် မျှော်မှန်းတည်ဆောက်သွားမည်ဖြစ်။
  • လူ့စွမ်းအားအရင်းအမြစ်နှင့်ပတ်သက်ပြီး အမျိုးသားအရာရှိ၊ စစ်သည်များသာမက အမျိုးသမီးအရာရှိ၊ စစ်သည်များကိုပါ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ အမျိုးသမီးအရာရှိ၊ စစ်သည်များကို စစ်ရေယာဉ်များတွင် တာဝန်ပေးအပ်ပြီး ပင်လယ်ပြင်စစ်ဆင်ရေးနှင့် လေ့ကျင့်ရေးများတွင်ပါ လက်ရှိတာဝန်ထမ်းဆောင်နေပြီဖြစ်။
  • Super Dvora တည်ဆောက်ခဲ့သည့် အတွေ့အကြုံများစွာရှိပြီးဖြစ်သဖြင့် ယခုထက်အရွယ်ပမာဏပိုမိုကြီးမားပြီး စွမ်းဆောင်ရည်မြင့်သည့် သင်္ဘောမျိုး တည်ဆောက်နိုင်ရန်အတွက် ကြိုးပမ်း သွားရန်လို။
  • ယခုတပ်တော်ဝင်သည့် ၂၃ မီတာ တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ်များကို မြန်မာ့ရေမြေလိုအပ်ချက်အတိုင်း ဆန်းသစ်တီထွင်ကာ ပိုမိုတောင့်တင်းခိုင်မာသည့် Armor Plate များနှင့် တည်ဆောက် ထားခြင်းဖြစ်ပြီး မြစ်တွင်းစစ်ဆင်ရေး၊ လုံခြုံရေးနှင့် တပ်ဖွဲ့တင်တိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် အဓိကရည်ရွယ်ခြင်းဖြစ်။
  • ဟန်ချက်ညီသည့် ရေတပ်တစ်ခုတည်ဆောက်ရာတွင် သီးသန့်စီးပွားရေးဇုန် ကာကွယ်နိုင်ရေး၊ ကမ်းရိုးတန်းရေပြင်နှင့် မြစ်တွင်းစစ်ဆင်ရေးများကိုပါ ဆင်နွှဲနိုင်ရေးအတွက် ဖရီဂိတ်စစ်ရေယာဉ် ကြီးများ၊ ကော်ဗက်စစ်ရေယာဉ်များအပါအဝင် အမြန်သွားကင်းလှည့်ရေယာဉ်၊ တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ်၊ အုပ်ချုပ်ထောက်ပံ့ရေးရေယာဉ်များကိုပါ အချိုးအစားမျှတစွာ လိုက်လျောညီထွေ ရှိအောင် စနစ်တကျ တည်ဆောက်ပေးလျက်ရှိ။
  • ပင်လယ်ပြင်သည် နိုင်ငံတော်၏အနာဂတ်အကျိုးစီးပွားကို ပုံဖော်နေသည့်အတွက် ပင်လယ်ပြင်ကို ကာကွယ်စောင့်ရှောက်ရေး၌ တပ်မတော်(ရေ)၏ အဓိကတာဝန်ဖြစ်။

Add new comment