မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်တော် သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က စုပေါင်းကျင်းပပြုလုပ်သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ Holy Cathedral Church ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံခရစ်ယာန်ကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံကက်သ လစ်သာသနာမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီး များ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိ ရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင်-
- ကမ္ဘာပေါ်တွင် ကိုးကွယ်မှုဘာသာများစွာရှိပြီး အဓိကဘာသာကြီး (၄) ခုအဖြစ် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္နူဘာသာတို့ကို သတ်မှတ်ထားကြကြောင်း။
- ဘာသာတိုင်းသည် လူသားများအတွက် လောကီအကျိုး၊ လောကုတ္တရာကောင်းကျိုး၊ ငြိမ်းချမ်းမှု၊ မေတ္တာတရား၊ ချစ်ခြင်းတရား၊ ကရုဏာတရားများကိုသာ ညွှန်ပြပေးနေသည်ကို တွေ့ရမည်ဖြစ် ကြောင်း။
- ဘာသာတရားများ၏ ညွှန်ပြမှုအဆုံးအမများကို လိုက်နာကျင့်သုံး၊ ကျင့်ကြံကြမည်ဆိုပါက ငြိမ်းချမ်းသာယာသည့် လူ့အသိုက်အဝန်း၊ ငြိမ်းချမ်းသာယာဝပြောသည့် နိုင်ငံအဖြစ်တည်ရှိနေမည်မှာ ဧကန်မလွဲဖြစ်ကြောင်း။
- မြန်မာနိုင်ငံတွင် ဘာသာကြီး(၄)ခုအပြင် အခြားသောဘာသာများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားကြောင်း၊ နိုင်ငံတော်အနေဖြင့် အသိအမှတ်ပြုထားသည့် ဘာသာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်လျက်ရှိကြောင်း။
- ဘာသာရေးကို အလွဲသုံးစားပြုပြီး မိမိတို့နိုင်ငံသားများအချင်းချင်း၏အကြားတွင် စည်းလုံးညီညွတ်မှုပျက်ပြားအောင်၊ ပြိုကွဲအောင်လုပ်ဆောင်နေမှုများကိုလည်း အစဉ်သတိပြု ကာကွယ်ကြရန် လိုအပ်ကြောင်း။
- ဘာသာတရားတိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထားသဖြင့် လူ့အဖွဲ့အစည်းတိုင်းတွင်လည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားသကဲ့သို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေကြောင်း။
- ယနေ့ကြွရောက်လာကြသည့် ခရစ်ယာန်ဘာသာဂိုဏ်းပေါင်းစုံအသီးသီးမှ ဆရာတော်ကြီးများနှင့် ဘာသာပေါင်းစုံက အကြီးအကဲများအနေဖြင့်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် မိမိတို့တတ်နိုင်သည့်ဘက်က တတ်နိုင်သမျှ နည်းလမ်းများနှင့် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ ပါသည်။
ထို့နောက် Sr. Daisy (CBCM) က သမ္မာကျမ်းစာကိုလည်းကောင်း၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ဦးမြတ်ဆန်းက အပြန်အလှန်ဖတ်ကြားခြင်းကိုလည်းကောင်း၊ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးက ခရစ္စမတ် ဒေသနာတော်ကိုလည်းကောင်း အသီးသီးဖတ်ကြားကြပြီးနောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ်သတင်းကောင်းနှင့် ဆုမွန်စကားမျှဝေပြောကြား၍ ခရစ္စမတ်ဆုတောင်း ပေးခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးနှင့် သိက္ခာတော်ရ ဆရာ ဒေါက်တာအေးမင်းတို့က ခရစ္စမတ်အမှတ်တရ မေတ္တာလက်ဆောင်ပန်းချီကားကို ပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ခရစ္စမတ်အထိမ်းအမှတ် လက်ဆောင်နှင့် အလှူငွေများ ပြန်လည်ပေးအပ်ခဲ့ပြီး ညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁၂-၂၀၂၂)
- ဘာသာတိုင်းသည် လူသားများအတွက် လောကီအကျိုး၊ လောကုတ္တရာအကျိုး၊ ငြိမ်းချမ်းမှု၊ မေတ္တာတရား၊ ချစ်ခြင်းတရား၊ ကရုဏာတရားများကိုသာ ညွှန်ပြပေးနေသည်ကို တွေ့ရမည်ဖြစ်။
- မြန်မာနိုင်ငံတွင် ဘာသာကြီး (၄) ခုအပြင် အခြားသောဘာသာများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထား၊ နိုင်ငံတော်အနေဖြင့် အသိ အမှတ်ပြုထားသည့် ဘာသာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်လျက်ရှိ။
- ဘာသာရေးကို အလွဲသုံးစားပြုပြီး မိမိတို့နိုင်ငံသားများအချင်းချင်း၏အကြားတွင် စည်းလုံးညီညွတ်မှုပျက်ပြားအောင်၊ ပြိုကွဲအောင်လုပ်ဆောင်နေမှုများကိုလည်း အစဉ်သတိပြုကာကွယ်ကြရန် လို။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားသကဲ့သို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေ။
Add new comment