ချောင်းဦးမြို့နယ်၊ တောပုကျေးရွာရှိ ဘုန်းတော်ကြီး‌ကျောင်းအား PDF အကြမ်းဖက်သမားများက Drone အသုံးပြု၍ တိုက်ခိုက်

     ဒီဇင်ဘာလ ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ တောပုကျေးရွာရှိဘုရားကြီးဘုန်းတော်ကြီး‌ကျောင်းသို့ PDF အကြမ်းဖက်သမားများက Drone ဖြင့် Drop Bomb (၂)လုံးအား ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အဆိုပါဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် သန့်ရှင်းရေးဆောင်ရွက်နေသည့် အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ ဒေသခံပြည်သူ အမျိုးသမီး ၁၀ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ချောင်းဦးမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိပါသည်။

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာဝင်မြန်မာ လူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက် မိုင်းထောင်ဖောက် ခွဲခြင်းများပြုလုပ်လျက်ရှိသဖြင့် ၎င်းတို့၏လူမဆန်သည့်အကြမ်းဖက်လုပ်ရပ်များအား ဒေသခံပြည်သူများက ရွံရှာမုန်းတီးလျက်ရှိပါသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်မှုများ၌ ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁၂-၂၀၂၂)

 

  • ချောင်းဦးမြို့နယ်၊ တောပုကျေးရွာရှိ ဘုရားကြီးဘုန်းတော်ကြီး‌ကျောင်းအား PDF အကြမ်းဖက်သမားများက Drone အသုံးပြု၍ Drop Bomb (၂)လုံး ပစ်ချဖောက်ခွဲမှုကြောင့် အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူအမျိုးသမီး ၁၀ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိ။

Add new comment