စစ်ကိုင်းတိုင်းဒေသကြီးသို့ ၁၁ လတာကာလအတွင်း ပြည်တွင်းပြည်ပခရီးသွားဦးရေ ၁၀၄,၀၀၀ ကျော် လာရောက်လည်ပတ်

      စစ်ကိုင်းတိုင်းဒေသကြီးသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လ တာကာလအတွင်း ပြည်တွင်းခရီးသွားဦးရေ ၁၀၃,၁၄၄ ဦးနှင့် ပြည်ပခရီးသွားဦးရေ ၁,၃၂၇ ဦး၊ စုစုပေါင်း ၁၀၄,၄၇၁ ဦးဝင်ရောက်ခဲ့ပြီး ပြည်ပခရီးသွားများတွင် တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးလာရောက်ကြပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ ခရီးသွားဇုန်အဖြစ် စစ်ကိုင်းခရီးသွားဇုန်၊ မုံရွာခရီးသွားဇုန်၊ ရွှေဘိုခရီးသွားဇုန်၊ ကသာခရီးသွားဇုန်၊ ကလေးခရီးသွားဇုန်နှင့် ခန္တီးခရီးသွားဇုန်တို့ကို ဖော်ဆောင်ထားပြီး ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များက ပွဲတော်ကာလ ဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် အများဆုံးလာရောက်လည်ပတ်ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၁၂-၂၀၂၂)

 

  • စစ်ကိုင်းတိုင်းဒေသကြီးသို့ ၁၁ လတာကာလအတွင်း ပြည်တွင်းခရီးသွားဦးရေ ၁၀၃,၁၄၄ ဦးနှင့် ပြည်ပခရီးသွားဦးရေ ၁,၃၂၇ ဦး၊ စုစုပေါင်း ၁၀၄,၄၇၁ ဦးဝင်ရောက် ခဲ့ပြီး ပြည်ပခရီးသွားများတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးလာရောက်ခဲ့။

Add new comment