ရန်ကုန်မြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကျင်းပ

      ဒီဇင်ဘာလ ၂၂ ရက်တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဖားစည်တီး၍ ကရင်အမျိုးသားအလံကို  လွှင့်ထူပေးခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံကို အလေးပြုကြပြီး ကရင်အမျိုးသားသီချင်းသီဆိုကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ပြည်ထောင်စုခန်းမ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဦးစောဒန်နီရယ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒန်နီရယ်က နှစ်သစ်ကူးနှုတ် ခွန်းဆက်စကားပြောကြားရာတွင်

  • ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်၊ ကရင်နှစ် ၂၇၆၂ ခုနှစ်သည် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ မြတ်နိုးတန်ဖိုးထားသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်နေကြသည့် တိုင်းရင်းသားမျိုးနွယ်စုများသည် နေရာဒေသအလိုက် ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ ဘာသာစကားကွဲပြားခြားနားကြသော်လည်း အနှစ်သာရအားဖြင့် တစ်သွေးတစ်သားတည်းသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ဖြစ်ကြကြောင်း။
  • ကရင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့ပွဲတော်များအနေဖြင့် နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲ၊ သဲပုံစေတီပွဲ၊ ကောက်သစ်စားပွဲ၊ လိပ်ပြာခေါ်ပွဲများရှိကြပြီး ကရင်ဒုံးယိမ်းအကသည်လည်း ကရင်တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို ဖော်ညွှန်းလျက်မြူးကြွ၍ လူကြိုက်များသည့်ယဉ်ကျေးမှုအကဖြစ်သည်ကို တွေ့မြင်ရကြောင်း။
  • ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို မြန်မာနိုင်ငံတဝန်း ဘာသာအယူဝါဒမခြားဘဲ စည်းလုံးညီညွတ်စွာ ကျင်းပကြသည်ကိုသိရှိရကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူချိန်မှစ၍ တိုင်းရင်းသားအရေးကိစ္စများကို ဦးတည်ချက် (၉)ရပ်ပါ “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေး စားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့်အတိုင်း အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊
  • တိုင်းရင်းသားအချင်းချင်း ဥမကွဲ၊ သိုက်မပျက် ပြည်ထောင်စုစိတ်ဓါတ်ဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ကျရာအခန်းကဏ္ဍ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါ သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ၂၇၆၂ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီထံ ထောက်ပံ့ငွေ များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁၂-၂၀၂၂)

 

  • ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ပြည်ထောင်စုခန်းမ၌ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဦးစောဒန်နီရယ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့။

Add new comment