ရေစကြိုမြို့နယ်၊ ကြန့်ဆိပ်ကျေးရွာအနီး၌ PDF အကြမ်းဖက်သမားများအား လက်နက်/ခဲယမ်းများ၊ လက်လုပ်မိုင်းများနှင့်အတူ ဖမ်းဆီးရမိ

     နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးတို့ကို ပျက်ပြားစေရန် ရည်ရွယ်၍ NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရဟန်းသံဃာများ၊ အစိုးရဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အများပြည်သူအသုံးပြု သွားလာလျက်ရှိသည့် လမ်းတံတားများနှင့် ယာဉ်များ၊ အဆောက်အဦများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား လိုင်စင်မဲ့ယာဉ်များ အသုံးပြု၍ လုပ်ဆောင်လျက်ရှိသည်။

 ဒီဇင်ဘာလ ၂၂ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် တာဝန်သိပြည်သူများ၏ သတင်းပေးမှုအရ ကြန့်ဆိပ်ကျေးရွာ၌ စောင့်ဆိုင်းနေစဉ် မောင်းနှင်လာသည့် Mitsubishi အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်ပေါ်၌ လက်နက်များ ကိုင်ဆောင်ထားသည့် PDF အကြမ်းဖက်သမားများအား တွေ့ရှိရသဖြင့်  ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား အမျိုးသား ၃ ဦးအား ၁၂ ဗို့သေနတ် ၁ လက်၊ ၎င်းကျည် ၁၄ တောင့်၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၄ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ပါသည်။

NUG၊ CRPH တို့၏လက်ဝေခံ PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဒေသခံပြည်သူများက ရွံရှာမုန်းတီးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာတွင် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းထားကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၁၂-၂၀၂၂)

 

  • မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကြန့်ဆိပ်ကျေးရွာ၌ လက်နက်များ ကိုင်ဆောင်ထားသည့် PDF အကြမ်းဖက်သမားများအား လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား အမျိုးသား ၃ ဦးအား ၁၂ ဗို့သေနတ် ၁ လက်၊ ၎င်းကျည် ၁၄ တောင့်၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၄ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ အသေပစ်ခတ် ဖမ်းဆီးရမိခဲ့။

Add new comment