ချယ်ရီ(၂) ကူးတို့ရေယာဉ်အား NUG၊ CRPH တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့ မှုနှင့်ပတ်သက်၍ အသင်းအဖွဲ့များမှ သဘောထားများ ဆက်လက်ထုတ်ပြန်၍ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ် ဖော်

      ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ (၂)ကူးတို့ရေယာဉ်အား ဒီဇင်ဘာလ ၁၈ ရက်တွင် NUG၊ CRPH တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်မိုင်းဖြင့် အကြောင်းမဲ့ လူမဆန် စွာ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ ၁၇ ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍-

  • မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က ယခုကဲ့သို့ ပြည်တွင်းရေကြောင်းအပိုင် ချယ်ရီ(၂)ကူးတို့ရေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် အပြစ်မဲ့ခရီးသွားပြည်သူများအား လူမဆန်စွာ ဒေသန္တရလက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲဖျက် ဆီးခဲ့ကြသည့် PDF အကြမ်းဖက်သမားများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဒီဇင်ဘာလ ၁၉ ရက်ကလည်းကောင်း။
  • မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဤသို့ ခရီးသွားပြည်သူများ စီးနင်းလိုက်ပါလာသည့် ရေယာဉ်အား တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဒီဇင်ဘာလ ၂၁ ရက်ကလည်းကောင်း။
  • မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)က အပြစ်မဲ့မိဘပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့သော အကြမ်းဖက်အဖွဲ့အစည်းအား ကန့်ကွက်ရှုတ်ချကြောင်း ဒီဇင်ဘာလ ၂၂ ရက်ကလည်းကောင်း။
  • မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က အပြစ်မဲ့မိဘပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့သော အကြမ်းဖက်အဖွဲ့အစည်းအား ကန့်ကွက်ရှုတ်ချကြောင်း ဒီဇင်ဘာလ ၂၂ ရက်ကလည်းကောင်း သဘောထား ထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့။

အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်းထန်စွာရှုတ်ချကြောင်းကို  ဒီဇင်ဘာလ ၂၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အထက်မြန်မာပြည် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)မှ သံဃာတော်များနှင့်  အကြမ်းဖက်မှု များကို မလိုလားသော ဒေသခံပြည်သူများစုပေါင်း၍  ချမ်းမြသာစည်မြို့နယ်ရှိ မဟာမြတ်မုနိဘုရားကြီးအနီးတစ်ဝိုက်တို့တွင် “ဗုဒ္ဓဘာသာကို အကြမ်းဖက်သော အစွန်းရောက်လူသတ်ကောင်များ အလိုမရှိ၊ NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအလိုမရှိ၊ အကြမ်းဖက်အားပေး ပြည်ပနိုင်ငံများအလိုမရှိ၊ ရဟန်းသံဃာများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ လူမဆန်စွာ အကြမ်းဖက်သတ်ဖြတ်နေသည့် NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များအား ဆန့် ကျင်ကြ” စသည့် ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် အေးချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁၂-၂၀၂၂)

 

  • ချယ်ရီ(၂) ကူးတို့ရေယာဉ်အား NUG၊ CRPH တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့မှုနှင့်ပတ်သက်၍ အပြစ်မဲ့မိဘပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့သော အကြမ်းဖက်အဖွဲ့အစည်းအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)တို့က သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့
  • အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြင်းထန်စွာရှုတ်ချကြောင်းကို မန္တလေးမြို့ရှိ အထက်မြန်မာပြည် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)မှ သံဃာတော်များနှင့်  အကြမ်းဖက်မှုများကို မလိုလားသော ဒေသခံပြည်သူများ စုပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့။

Add new comment