နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၂)သို့ တက်ရောက်အမှာစကား ပြောကြား

   လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို ဒီဇင်ဘာလ ၂၁ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပခဲ့ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာ စကားပြောကြားခဲ့ရာတွင်-

  • လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသော လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း။
  • ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားခဲ့သည့် ကာလအတွင်းနှင့် နှောင်းပိုင်းများတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၏ အရေးပါမှုကို ပိုမိုသတိထားမိလာကြကြောင်း။
  • လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် သာမန်အားဖြင့်ကြည့်ပါက ငွေကြေးအကုန်အကျများသည်ဟု ထင်ရသော်လည်း နိုင်ငံသူ၊ နိုင်ငံသားများ၏ “လူမှုစီးပွားထိခိုက်လွယ်မှု အခြေအနေများကို လျှော့ချပေးနိုင်ရန်” ၊ “လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်” နှင့် “အခြေခံဝင်ငွေ အထောက်အပံ့ဖြစ်စေရန်” အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ကြောင်း။
  • လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များ ရေရှည်တည်တံ့ရေး ဥပဒေပိုင်းဆိုင်ရာ ကျောထောက်နောက်ခံပြုထားနိုင်ရန်လည်း အရေးကြီးသည့်အတွက် “မြန်မာလူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာအထောက်အပံ့ဥပဒေ(မူကြမ်း)” ကို အပြီးသတ်ရေးဆွဲပြီး အတည်ပြုပြဋ္ဌာန်းနိုင်ရေး  အမြန်ဆုံးဆောင်ရွက်သွားကြရန်လိုကြောင်း။
  • လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် “လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် (Social Management Information System- SMIS)”ကို ရေးဆွဲလျက်ရှိကြောင်းနှင့် လာမည့်နှစ်ဆန်းပိုင်းတွင် စတင်စမ်းသပ်သုံးစွဲတော့မည်ဟု သိရှိရကြောင်း။
  • လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရေးအတွက် အရေးကြီးသော လုပ်ငန်းနယ်ပယ်များဖြစ်သည့် အာဟာရပြည့်ဝရေးကိစ္စများ၊ ပညာရည်မြင့်မားရေးကိစ္စများ၊ (၅) နှစ်အောက် ကလေး သေဆုံးမှု လျှော့ချရေးကိစ္စများ၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေးကိစ္စရပ်များအတွက် ရေးဆွဲပြဋ္ဌာန်းထားသော မူဝါဒများ၊ မဟာဗျူဟာစီမံချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်အဆင့်အနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ယင်းသို့သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်မှသာလျှင် နိုင်ငံ၏လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း။
  • လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် အစိုးရတစ်ရပ်အနေဖြင့် မဖြစ်မနေဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်သကဲ့သို့ ပြည်သူလူထုကို အမှန်တကယ်အကျိုးပြုသည့် လုပ်ငန်းများဖြစ်သည့်အတွက် တာဝန်ရှိသူများ အနေဖြင့် လိုအပ်သည့် အကြံပြုချက်များကို  ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁၂-၂၀၂၂)

 

  • လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသော လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်။
  • လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် သာမန်အားဖြင့်ကြည့်ပါက ငွေကြေးအကုန်အကျများသည်ဟုထင်ရသော်လည်း နိုင်ငံသူ၊ နိုင်ငံသားများ၏ “လူမှုစီးပွားထိခိုက်လွယ်မှု အခြေအနေများကို လျှော့ချပေးနိုင်ရန်” ၊ “လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်” နှင့် “အခြေခံဝင်ငွေ အထောက်အပံ့ ဖြစ်စေရန်” အတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်။
  • လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် “လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် (Social Management Information System- SMIS)”ကို ရေးဆွဲလျက်ရှိကြောင်းနှင့် လာမည့်နှစ်ဆန်းပိုင်းတွင် စတင်စမ်းသပ်သုံးစွဲတော့မည်ဖြစ်။

Add new comment